ချစ်တင်းနှော တဲ့အခါ အကာအကွယ် မသုံးဘဲ ချစ်တင်းနှောမယ်ဆိုရင် မလိုလားအပ်တဲ့ ရောဂါ တွေက အချိန်မရွေး ကူးစက် ဖို့ အကြောင်းဖန်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကွန်ဒုံး လို အကာအကွယ်များ မသုံးဘဲနဲ့ အရဲစွန့် ပြီး ချစ်တင်းနှော ရင်တော့ မိုက်ရူးရဲဆန်ရာ ကျသွားပါလိမ့်မယ်။​

ချစ်တင်းနှော နေစဥ် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါ အမျိုးအစားကတော့ အဓိကအားဖြင့် တစ်ခုပဲ ရှိပါတယ်။ STDs လို့ခေါ်တဲ့ Sexually Transmitted Diseases လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများပဲ ဖြစ်ပါတယ်။

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက ဘာတွေလဲ

STD

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို အဓိကအားဖြင့် နှစ်မျိုး နှစ်စား ခွဲခြားထားနိုင်ပါတယ်။ အရေပြား ထိတွေ့ခြင်းမှတဆင့် ကူးစက်ခြင်းနဲ့ ခန္ဓာကိုယ်တွင်းရှိ အရည်များမှတဆင့် ကူးစက်ခြင်း ဆိုပြီး နှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်။ အရေပြားချင်း ထိတွေ့ခြင်းမှ ကူးစက်တတ်တဲ့ ရောဂါ အမျိုးအစားများကတော့ HPV ၊ Herpes Simplex Virus (HSV) ၊ Trichomoniasis ၊ Syphilis ခေါ် ကာလသားရောဂါနှင့် Molluscum Contagiosum အစရှိတဲ့ ရောဂါများပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အရည်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကတော့ HPV ၊ HSV ၊ Trichomoniasis ၊ HIV ၊ ကလိုင်မီးဒီးယား (Chlamydia) ၊ ဆီးပူညောင်းကျရောဂါ (Gonorrhea) နှင့် Hepatitis B တို့ပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ဘယ်လို ကာကွယ်ကြမလဲ

ကွန်ဒုံး အရဲစွန့် ချစ်တင်းနှော

ကွီးတို့အတွက် အမှန်ကန်ဆုံး ကာကွယ်နည်းကတော့ အကာအကွယ်မဲ့ လိင်တူ ၊ လိင်ကွဲ လိင်ဆက်ဆံခြင်း လုံးဝ ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။ လူကျင့်ဝတ်အရ ကွီးတို့အနေနဲ့ တစ်လင်တစ်မယားစနစ်ကို လိုက်နာခြင်းက အကောင်းဆုံးပါဘဲ။ ဒါပေမဲ့ ဘဝရဲ့ တစ်ချိန်ချိန်မှာ အခြားသူတွေနဲ့ လိင်ပိုင်းဆိုင်ရာ ရင်းနှီးမှု ပြုလုပ်မိနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတော့မယ်ဆိုရင် ပိုပြီး လုံခြုံတဲ့ လိင်ဆက်ဆံခြင်းက STD ကူးစက်ခံရခြင်းမှ ရှောင်လွှဲဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

ကွန်ဒုံး သုံးတာနဲ့ ရာနှုန်းပြည့် စိတ်ချရပြီလား

ကွန်ဒုံး အရဲစွန့် ချစ်တင်းနှော

နိုးပါ။ ကွန်ဒုံးတွေက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်ပါဘူး။ အတိုင်းအတာ တစ်ခုလောက်အထိသာ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ကွီးတို့သာ ချစ်တင်းနှော နေစဥ်မှာ ကွန်ဒုံး တွေကို မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင်တော့ ရောဂါ ကူးစက် နိုင်ခြေကို ၉၈ ရာခိုင်နှုန်းခန့် ကာကွယ်ပေးပါတယ်။ ကျန် ၂ ရာခိုင်နှုန်းကတော့ ကွန်ဒုံး ပေါက်ပြဲသွားတဲ့ အခြေအနေတွေကြောင့် ဖယ်ထားရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တချို့ကွီးတို့က ကွန်ဒုံးကို သုံးတော့ သုံးပါရဲ့၊ သုံးရမယ့်အချိန်မှာ မသုံးဘဲ နောက်ကျမှ သုံးတာမျိုး (သို့) ကွန်ဒုံး ချွတ်တဲ့အခါမှာလည်း နည်းလမ်းမမှန်ရင်တော့ ကမ္ဘာခြားသွားတာပဲ အဖတ်တင်ပါလိမ့်မယ်။

ကွီးတို့ရော ကွန်ဒုံး မသုံးဘဲ အရဲစွန့် ပြီး ချစ်တင်းနှော တာကို သဘောတွေ့နေကြတာလား။ ဒါဆိုရင်တော့ အမှားကြီး မှားသွားလိမ့်မယ်ဗျို့။

Source: Helathline

Featured Image: Everlywell.com