ပန်းဖူးလေး လို့ ယဉ်ယဉ်ကျေးကျေး တင်စားသုံးနှုန်းရမယ့် စအိုဟာ တစ်ခါတစ်ရံမှာ အကြောင်းအရင်းမဲ့ ယားယံတာမျိုး ဖြစ်တက်ပါတယ်။ တကယ်တော့ ဒါဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါ (STIs) ရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ခြေ ရှိပါတယ်။ လေ့လာမှုတွေအရ စအို ယားယံတဲ့ ပြဿနာဟာ ချစ်တင်းနှော ခြင်းကနေတဆင့် ဖြစ်ပွားတက်တဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်နိုင်ပြီး Sexually Transmitted Infection (STIs) သို့မဟုတ် Sexually Transmitted Disease (STDs) ကူးစက်ခံနေရတယ် ဆိုတာကို ဖော်ပြနေတဲ့ အချက်ပြ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက် ဆောင်းပါးလေးမှာတော့ စအိုယားယံခြင်းကို ဖြစ်ပေါ်စေတက်တဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်။

(၁) စအို ရေယုန်

 Anal Herpes
Photo : mosaic-lille.fr

Disease of the Colon and Rectum ဂျာနယ်ကနေ ထုတ်ဝေတဲ့ လေ့လာမှုစစ်တမ်းတစ်ခုအရ စအိုမှာ ပေါက်ပွားတဲ့ ရေယုန်ဟာ ရေယုန်ဗိုင်းရပ်စ်ပိုး ၂ ခုအနက်မှ တစ်ခုဖြစ်ပြီး ဗိုင်းရပ်စ်ပိုး ရှိသူနဲ့ ချစ်တင်းနှော ခြင်းကနေတဆင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။ စအို ရေယုန်ဟာ ပန်းဖူးလေး နဲ့ လိင်အင်္ဂါတဝိုက်မှာ သေးငယ်တဲ့ အရည်ကြည်ဖုလေးတွေကို ဖြစ်ပေါ်စေပြီး မခံမရက်နိုင်အောင် ယားယံတာမျိုး ကြုံတွေ့ ခံစားရနိုင်ပါတယ်။

(၂) ဆီးပူညောင်းကျရောဂါ

Gonorrhoea
Photo : Lexington Medical Center Blog

ဆီးပူညောင်းကျရောဂါ (Gonorrhoea) ဟာ ဘက်တီးရီးယားပိုး ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပွားတဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေထဲက တစ်မျိုးဖြစ်ပါတယ်။ American Medical Association ဂျာနယ်ရဲ့ စစ်တမ်းတစ်ခုအရ ဆီးပူညောင်းကျရောဂါ (Gonorrhoea) ဟာ စအိုနဲ့ ချစ်တင်းနှောခြင်း အပါအဝင် ဘယ်လို ထိုးသွင်းဆက်ဆံမှုမျိုးကနေမဆို ရောဂါပိုး ကူးစက်ခံရနိုင်ပြီး အကယ်၍ ရောဂါပိုး ကူးစက်ခံရပါက စအိုကနေ သွေးထွက်ခြင်း ၊ ဆီးသွား/ဝမ်းသွားတဲ့အနာ နာကျင်ခြင်း ၊ လိင်အင်္ဂါနဲ့ စအိုဧရိယာတဝိုက်မှာ ယားယံခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

(၃) စအို ကြွက်နို့

Anal Warts
Photo : Michael Tarlowe, MD

စအို ကြွက်နို့တွေဟာ ပန်းဖူးလေး အတွင်းရော အပြင်ဘက်မှာပါ ပေါက်နိုင်တဲ့ လိင်အင်္ဂါကြွက်နို့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ၎င်းကို Condyloma Acuminata လို့လည်း သိကြပြီး ဗိုင်းရပ်စ်ရှိသူနဲ့ ပါးစပ် ၊ လိင်အင်္ဂါ သို့မဟုတ် စအို တစ်နည်းနည်းနဲ့ ချစ်တင်းနှော ခြင်းကနေ ကူးစက်ခံရနိုင်ပါတယ်။ ရောဂါကူးစက်ခံရချင်းမှာ လိင်အင်္ဂါနဲ့ စအိုဧရိယာ တဝိုက်မှာ နာကျင်တာ သို့မဟုတ် မသက်မသာ ခံစားရတာတွေ ဖြစ်ပေါ်စေနိုင်ပြီး ရောဂါရင့်လာပါက ကြွက်နို့ အရွယ်အစားဟာလည်း ပိုမိုကြီးထွားလာကာ အလွန်အမင်း ယားယံမှုကို ဖြစ်ပေါ်စေတက်ပါတယ်။

လိင်မှတဆင့် ကူးစက်ရောဂါ (STIs) ကြောင့် မဟုတ်ပဲလည်း ပန်းဖူးလေး ယားယံမှုကို ဖြစ်ပေါ်စေတက်ပြီး ဒီထဲမှာတော့ လိပ်ခေါင်းရောဂါဖြစ်ပွားခြင်း ၊ အရေပြားယားယံခြင်းနဲ့ စအိုကွဲခြင်း စတဲ့အခြေအနေ အကြောင်းအရင်းတွေကြောင့်လည်း စအိုယားယံခြင်းကို ဖြစ်ပေါ်စေတက်ပါတယ်။

Source : Healthshots

Featured Photo : Healthshots