ထင်မှတ်မထားတဲ့ မတော်တဆ ဖြစ်ရပ်တွေဟာ လိင်မှုကိစ္စမှာလည်း ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ စုံတွဲတွေ အများစု ဖြစ်ကြတဲ့ ပြဿနာတွေထဲက တစ်ခုကတော့ ပါတနာရဲ့ မိန်းမကိုယ်ရဲ့ ကွန်ဒုံး ကျွတ်ကျန်ခဲ့တာပါ။ ဒါဟာ အဓိကအားဖြင့်တော့ ကွန်ဒုံးဆိုဒ် ကြီးလွန်း သို့မဟုတ် သေးလွန်းတဲ့အခါ ၊ ချောဆီအလုံအလောက်မရတဲ့ အခါတွေမှာ ဖြစ်တက်ပြီး အင်မတန်မှ ဒုက္ခများရတက်ပါတယ်။ မိန်းမကိုယ် အတွင်းထဲမှာ ကွန်ဒုံးကျန်ခဲ့တာကို သိလိုက်ရင် ပြဿနာအရမ်းကြီးတော့ မရှိပေမယ့် မသိလိုက်မိရင်တော့ နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းတာ ၊ သွေးဆင်းတာ နဲ့ တင်ပါးဆုံကြွက်သားတွေ နာကျင်ကိုက်ခဲတာ စတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှော ပြီးချိန်မှာ ကွန်ဒုံးကို သေချာစနစ်တကျ စွန့်ပစ်ဖို့ လိုအပ်သလို အကယ်၍ ထင်မှတ်မထားပဲ ရှော်တီလေးရဲ့ အတွင်းထဲ ကွိုင် ကျန်ခဲ့ရင်တော့ အခုပြောတဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။
Photo : Health
ပါတနာရဲ့ မိန်းမကိုယ် အတွင်းထဲ ကွိုင် ကျွတ်ကျန်ခဲ့ရင် အောက်ပါနည်းအဆင့်ဆင့်ကို လိုက်နာလုပ်ဆောင်ရပါမယ်……….
အရေးကြီးဆုံးကတော့ မိန်းမကိုယ် အထဲမှာ ကွန်ဒုံး ကျန်ခဲ့ခြင်းရှိမရှိကို သေချာအောင် အတည်ပြုဖို့ လိုပါမယ်။ သေချာတယ်ဆိုရင်တော့ အရင်ဆုံး စိတ်အရမ်းပူမသွားဖို့နဲ့ ပြာယာခတ်မသွားဖို့ အကြံပြုပါရစေ။ အဓိကကတော့ စိတ်ကိုအရင်ဆုံး တည်ငြိမ်အောင် ထားပြီး အခုပြောပြမယ့် နည်းလမ်းတွေနဲ့ စိတ်ရှည်ရှည် တဆင့်ချင်း အတွင်းထဲက ကွန်ဒုံးကို ဖယ်ရှားရှင်းလင်း ရပါမယ်။
- လက်ကို ဆပ်ပြာနဲ့ သေချာသန့်စင်အောင် ဆေးကြောသန့်စင်ပါ။
- မိန်းမကိုယ်အတွင်းပိုင်း ဒဏ်ရာအနာတရ မဖြစ်စေဖို့ လက်သည်းရှည်နေရင် ညှပ်ထားပါ။
- ကြက်သီးနွေး ရေဇလုံ သို့မဟုတ် ရေချိုးကန်ထဲမှာ မိနစ်အနည်းငယ်ခန့် ထိုင်ပါ။
- ထို့နောက် မတ်တပ်ရပ်ပြီး ခြေထောက်ကိုကားထားရမှာဖြစ်ပြီး အောက်ကို အနည်းငယ်ငုံ့ကာ မိန်းမကိုယ် အတွင်းထဲက ကွန်ဒုံးကို လက်နဲ့ စမ်းကြည့်ပါ။
- လက်ချောင်းတွေ စိုစွတ်မှုရှိစေဖို့ ချောဆီအနည်းငယ်လိမ်းပေးပါ။
- လက်နဲ့ စမ်းမိပြီဆိုတာနဲ့ စိတ်ကိုရှည်ရှည်ထားပြီး အပြင်သို့ ဖြည်းဖြည်းချင်း ဆွဲထုတ်ပေးပါ။
- မိန်းမကိုယ် အတွင်းထဲမှာ ကွန်ဒုံး တစ်ပိုင်းတစ်စ ပြတ်ကျန်ခဲ့တာမျိုး မဖြစ်စေဖို့ စိတ်ကိုသက်တောင့်သက်သာ ဖြေလျော့ထားပြီး စိတ်အေးအေးနဲ့ ဖြည်းဖြည်းချင်း ၊ တဆင့်ချင်း ဆွဲထုတ်ပါ။
အထက်ပါ နည်းလမ်းအဆင့်ဆင့်နဲ့ ကွိုင် ကိုထုတ်လို့ အဆင်မပြေပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန် သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်မှုပေးသူ တစ်ဦးဦးထံ ချက်ချင်းဆက်သွယ်ပြီး နေ့ချင်းထုတ်ဖို့ လိုပါတယ်။
Photo : BBC
မိန်းမကိုယ် အတွင်းထဲမှာ ကွန်ဒုံး မတော်တဆ ကျန်ခဲ့မယ်ဆိုရင် မပေါ့ဆသင့်ပါဘူး။ အဆိုပါ ကျန်နေခဲ့တဲ့ ကွန်ဒုံးဟာ မိန်းမကိုယ်အတွင်းမှာ သူ့အလိုလို ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာကို သတိပြုပါ။ ဒါကြောင့် ထင်မှတ်မထားပဲ မတော်တဆ မိန်းမကိုယ်အတွင်းမှာ ကွန်ဒုံး ကျွတ်ကျန်ခဲ့တယ်ဆိုရင် ချက်ချင်း ဆရာဝန်ထံ ဆက်သွယ်ပြီး ဖယ်ရှားတာ သို့မဟုတ် အထက်မှာ ပြောပြခဲ့တဲ့ နည်းလမ်းတွေနဲ့ ကိုယ်တိုင်ပဲ ချက်ချင်းဖယ်ရှားဖို့ လိုပါတယ်။
ကွီးတို့ရော ကိုယ့်ချစ်သူပါတနာ ရှော်တီလေးရဲ့ မိန်းမကိုယ်ထဲမှာ ကွိုင် ခဲ့ကျန်တာမျိုး ကြုံဖူးလား ???
ဒါမှမဟုတ် လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လိုမျိုး ပေါက်ပေါက်ရာရာ အခြား မတော်တဆ ဖြစ်ရပ်တွေ ကြုံဖူးပါသလဲ ???
Source : Health
Featured Photo : New York Post