အောင်မြင်ချင်ရင် မဆုတ်မနစ် ကြိုးစားတတ်တဲ့ စိတ်တစ်ခု ရှိရုံပါပဲ။ ဇွဲ လုံ့လ ဝီရီယနဲ့ ဘာပဲဖြစ်ဖြစ် ကြိုးစားမယ်ဆိုတဲ့ စိတ်ရှိရင် ရပါပြီ။ ငယ်သေးလို့၊ ကြီးလွန်းလို့ ဆိုတဲ့ ဘောင်ခတ်ထားတဲ့ အမြင်တွေက တကယ်တော့ အပိုတွေပါ။ ကွီးတို့က မယုံဘူးဆိုရင်တော့ အောင်မြင် မှုမှာ အသက် အရွယ် အပိုင်းအခြား ကန့်သတ်ထားတာမျိုး မရှိဘူးဆိုတာကို အခုဖော်ပြပေးမယ့် လူသားများက သာဓက အဖြစ် ပြသနေပါလိမ့်မယ်။

Colonel Sanders

Colonel Sanders

ဒီနာမည်ကိုတော့ ကွီးတို့ ကြားဖူးချင်မှ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ KFC လို့ ပြောလိုက်ရင်တော့ သိသွားမှာပါ။ Colonel Sanders ဆိုသူကတော့ KFC ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူသည် အသက် ၆၀ ကျတော့မှ ဒီလိုမျိုး ကိုယ်ပိုင် စီးပွားရေး တစ်ခုကို တည်ထောင်နိုင်ခဲ့တာပါ။ အဲ့ဒီမတိုင်ခင်တုန်းကတော့ သူသည် Kentucky မှာ အစားအစာများနဲ့ ကြက်ကြော်တွေ ရောင်းတဲ့ဆိုင်မှာသာ အလုပ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၆၀ ကျတော့မှ သူ့ရဲ့ ကိုင်ပိုင် ကြက်ကြော်ဆိုင်ကို သူ့ရဲ့ ကိုယ်ပိုင် ဟင်းချက်နည်းနဲ့ ကြောက်ခဲ့ပြီး လူကြိုက်များလာတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းတံတား စံမံကိန်း အသစ်တွေကြောင့် သူ့ဆိုင်ကို လာရောက်စားသုံးသူ နည်းပါးခဲ့တဲ့အတွက်ကြောင့် စီးပွားရေးက ပြိုလဲသွားမလိုတောင် ဖြစ်ခဲ့ပါတယ်။​ ဒါပေမဲ့လည်း သူက အရှုံးမပေးဘဲနဲ့ ဆက်ကြိုးစားလိုက်တဲ့အခါမှာ သူ့ရဲ့ စီးပွားရေးက အရင်ကထက် အဆပေါင်း ၁၀၀၀ လောက်တောင် ပိုမို တိုးတက်ခဲ့တာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် KFC လို့ ပြောလိုက်တာနဲ့ ကလေး လူကြီး ကျား မ မရွေး ကြိုက်နှစ်သက်ကြတဲ့ အစားအစာတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

Kathryn Joosten

အောင်မြင် အသက် သာဓက

Kathryn Joosten ဆိုတဲ့ အမျိုးသမီးသည် သူနာပြုဆရာမတစ်ဦး ဖြစ်ပါတယ်။ ဒီလိုနဲ့ လက်ထပ်ပြီးနောက်မှာတော့ အိမ်ထောင့်တာဝန်များကို ယူရတဲ့ အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်လာပါတယ်။​ ကံမကောင်း အကြောင်းမလှခဲ့လေတော့ သူ(မ)ရဲ့ အိမ်ထောင်ရေးက ပျော်ရွှင်ဖွယ်ရာအတိ မပြီးခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူ့ရဲ့ အိမ်ထောင်ရေးက မလှခဲ့လေတော့ သူ(မ)ရဲ့ ငယ်စဥ်က ဖြစ်ချင်ခဲ့တဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးဘဝကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတယ်။ လူတော်တော်များများကတော့ သူ(မ)သည် သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်ဖို့အတွက် အရွယ်ကျနေပြီ၊ မငယ်ရွယ်လှတော့ဘူးဆိုပြီး ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ သူ(မ)သည် အားမလျော့ဘဲနဲ့ နှစ်တွေ အကြာကြီး ကြိုးစားလာခဲ့တာ သူ(မ) အသက် ၆၀ အရွယ်မှာတော့ အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Peter Roget

အောင်မြင် အသက် သာဓက

Peter Roget သည်လည်း အောင်မြင် မှုအတွက် အသက် အရွယ် ကန့်သတ် ထားခြင်း မရှိကြောင်း ဖော်ပြနေတဲ့ သာဓက နောက်တစ်ခုပဲ ဖြစ်ပါတယ်။ သူသည် သူ့ရဲ့ တီထွင် ဖန်တီးနိုင်စွမ်းနဲ့ Thesaurus ကို အသက် ၇၃ နှစ်ကျမှ တီထွင်ခဲ့တာပါ။ သူက သာမန်လူတစ်ယောက်လိုလည်း မဟုတ်ပါဘူး။ OCD ရောဂါကို ခံစားနေရတာဖြစ်ပြီး သူ့ရဲ့ ရောဂါက တောင်စဥ်ရေမရတဲ့ အရာတွေကို ရေးချလိုက်မှသာလျှင် သူ့ရဲ့ စိတ်ကို ငြိမ်းအေးသွားစေတာပဲ ဖြစ်ပါတယ်။ သူသည် သူ့ရဲ့ အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲပစ်လိုက်ပြီး သူ့ရဲ့ Thesaurus ဆိုတဲ့ ဖန်တီးမှုက ပညာရေးလောကအတွက် အထောက်အကူ တစ်ခု ဖြစ်ခဲ့တာပါ။

ကွီးတို့လည်း ကိုယ့်မှာ အားနည်းချက် ရှိနေလို့ဆိုပြီး စိတ်ပျက် မသွားဘဲနဲ့ ငါသည် ဒီအားနည်းချက်ကို အားသာချက်အဖြစ် ဘယ်လို အသုံးချရမလဲဆိုတာကို စဥ်းစားတတ်ဖို့ လိုအပ်ပါတယ်။​

အခုဖော်ပြသွားတာတွေကတော့ အောင်မြင် မှုမှာ အသက် အရွယ် ကန့်သတ် မထားကြောင်း ဖော်ပြနေတဲ့ သာဓက များပဲဖြစ်ပါတယ်။

ကွီးတို့ရော ဘယ်အသက်အရွယ်အပိုင်းအခြားမှာ အောင်ကို အောင်မြင်ရမယ်လို့ စိတ်ပိုင်းဖြတ်ထားပါသလဲ။

Source: Addicted2success

Featured Image: Whitebit.com