ဆော့ကစားရတာ ကောင်းတဲ့ ဂိမ်းတွေထဲမှာ အက်ရှင်ဂိမ်းတွေလည်း ပါဝင်ပါတယ်။ အက်ရှင်ဂိမ်းတွေ ဆော့ကစားနေချိန်မှာ အချိန်ကုန်လို့ ကုန်သွားမှန်းတောင် သိမှာ မဟုတ်ပါဘူး။ တကယ်လို့ ကွီးတို့က အက်ရှင် ဂိမ်း တွေကို ကြွေ တယ် ထိုဂိမ်းတွေကိုပဲ ရွေး ဆော့ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမျိုးအစားများကို ဆော့ကစားနိုင်ပါတယ်။
Brawl Stars
ဒီဂိမ်းကတော့ လူအများကြီး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးပါပဲ။ ၂၀၁၈ ခုနှစ်ကတည်းက မိုဘိုင်းလ်ဂိမ်း ချစ်သူများအကြား ရေပန်းစားခဲ့တဲ့ ဂိမ်းတစ်ခုပါ။ iOS အမျိုးအစားတွေမှာရော Android ဖုန်းတွေမှာပါ ဆော့ကစားနိုင်တာကြောင့် လူကြိုက်များပါတယ်။
Call of Duty: Mobile Season 7
ဒီဂိမ်းဆိုရင်လည်း မသိတဲ့သူ မရှိပါဘူး။ ဖရီး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ဂိမ်း ချစ်သူများ ကြွေ ကြတဲ့အတွက်ကြောင့် ကွီးတို့လည်း ရွေး ပြီး ဆော့ကစား သင့်ပါတယ်။ ဒီဂိမ်းကဆိုရင် ဆုတံဆိပ်ပေါင်း အများကြီးကိုလည်း ဆွတ်ခူးရရှိခဲ့တဲ့ ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။
Free Fire: 7th Anniversary
နောက်ဂိမ်းတစ်မျိုးကလည်း အက်ရှင်ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ တိုက်ပွဲများကို တစ်ကိုယ်တည်း ရင်ဆိုင် တိုက်ခိုက်လို့လည်း ရနိုင်သလို ကွီးတို့ ဘော်ဒါတွေ ဝိုင်းဖွဲ့ပြီးလည်း ဆော့ကစား နိုင်ပါသေးတယ်။ ဒီဂိမ်းကဆိုရင် ၂၀၁၉ ခုနှစ်တုန်းက လူအများဆုံး ဒေါင်းလုဒ်ချကြတဲ့ ဂိမ်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။
PUBG Mobile
နောက်ထပ် လူကြိုက်များတဲ့ အက်ရှင်ဂိမ်းတစ်ခုကတော့ PUBG Mobile ပဲဖြစ်ပါတယ်။ သူ့ကိုတော့ ၂၀၁၈ ခုနှစ်တုန်းက စတင် ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ Android ဖုန်းမှာသာမက iOS ဖုန်းတွေမှာလည်း ဆော့ကစားနိုင်တာကြောင့် လူမျိုးစုံ ဆော့ကစားကြတဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းမျိုးကို ရွေးချယ်ဆော့ကစား ချင်တယ်ဆိုရင်တော့ ဒီဂိမ်းကို ရွေးချယ်သင့်ပါတယ်။
Mobile Legends: Bang Bang
ဒီဂိမ်းကတော့ တရုတ် Developer တစ်ယောက်ဖြစ်တဲ့ Moonton ကနေ တီထွင်ခဲ့တဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ တစ်ခွင်မှာ လူကြိုက်များတဲ့ ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ကွီးတို့အနေနဲ့ ဘော်ဒါတွေနဲ့အတူတူ အပျင်းပြေ ဂိမ်းဆော့ကစား ချင်တယ်ဆိုရင်တော့ ဒီဂိမ်းလေးကို ဆော့ကစားနိုင်ပါတယ်။
Dragon Ball Legends
နောက်ထပ် လူကြိုက်များတဲ့ ဂိမ်းအမျိုးအစားတစ်ခုကတော့ Dragon Ball Legends ဂိမ်းပဲဖြစ်ပါတယ်။ ဒီဂိမ်းကတော့ ဂိမ်းတစ်ခုတည်းမှာတင် အမျိုးအစား စုံလင်ပါတယ်။ ဖိုက်တင်လည်း ပလေးလို့ရသလို ကတ်တွေနဲ့လည်း ဆော့ကစားနိုင်ပါတယ်။ အမျိုးအစား စုံလင်တာကြောင့်လည်း လူကြိုက်များရခြင်း ဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ အားလပ်ချိန်လေးမှာ ဘယ်လို ဂိမ်းတွေ ဆော့ကစားပြီး အချိန်ကုန်ဆုံးလေ့ ရှိပါသလဲ။
Source: Similarweb
Featured Image: iamhable.com