ချစ်တင်းနှော ချိန်မှာ စကေးကြမ်းတဲ့ ကွီးတစ်ယောက်ဖြစ်ဖို့ အစားအစာတွေက များစွာအထောက်အကူ ပြုနိုင်တယ်ဆိုတာ ကွီးတို့ သိပါသလား ? ကျန်းမာရေးနဲ့ ညီညွှတ်ပြီး လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို ဖြည့်စွက်အားပြုပေးနိုင်မယ့် အကောင်းဆုံး စားစရာတွေ ကွီးတို့ လက်တကမ်းမှာ ရှိပါတယ်။ ဒီတစ်ခေါက်မှာ ကွီးတို့ အိပ်ရာထက်မှာ အရမ်းလန်း အရမ်းကြမ်းတဲ့ စကေးအစွမ်းတွေ ပြသနိုင်ဖို့ အထောက်အကူ ဖြစ်စေမယ့် စားစရာတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) အဆီများတဲ့ငါး

Fatty Fish

Photo : WebMD

ဆယ်လ်မွန်၊ ဆာဒင်းနဲ့ မက်ကရယ်တို့လို ငါးတွေမှာ အိုမီဂါ-၃ ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ အိုမီဂါ-၃ လို့ ခေါ်တဲ့ ကျန်းမာတဲ့ အဆီဓာတ်ဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့ကျသက်သာစေသလို လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှော ချိန်မှာ စကေးကြမ်းကြမ်း ပြနိုင်ဖို့ အဆီများတဲ့ငါးတွေကို ကြိုတင်ပြီး စားသုံးပေးနိုင်ပါတယ်။ အကယ်၍ ကွီးတို့က ငါးမစားတဲ့သူဆိုရင်တော့ ထောပတ်သီး ၊ flaxseed ၊ ချီယာစေ့နဲ့ သစ်ကြားသီးတို့လို အစားအစာတွေကနေ တဆင့်လည်း အိုမီဂါ-၃ ကို ရရှိနိုင်ပါတယ်။

(၂) စတော်ဘယ်ရီသီး

Strawberries

Photo : WebMD

စတော်ဘယ်ရီသီးကတော့ မကြိုက်တဲ့သူ မရှိသလောက်ရှားမယ် ထင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ဗီတာမင် C ဓာတ်အပါအဝင် မရှိမဖြစ် အာဟာရဓာတ်တွေ ပေါကြွယ်ဝစွာပါဝင်တာကြောင့် လိင်မှုစွမ်းဆောင်ရည်ကို အားကောင်းစေသလို ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို ပိုမိုမြှင့်တင်ပေးတဲ့အတွက် လိင်တံပြည့်ပြည့်ဝဝ ထောင်မတ်နိုင်တာ ၊ အချိန်ကြာကြာ ချစ်တင်းနှော နိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် စတော်ဘယ်ရီသီးဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း သက်သာစေပြီး လိင်စိတ်နိုးကြားတက်ကြွမှုနဲ့ အော်ဂဇင် ခံစားချက်တို့နဲ့လည်း ဆက်စပ်နေတာကြောင့် ချစ်တင်းနှောတဲ့အခါ ပြီးပြည့်စုံတဲ့ အထွတ်အထိပ် ခံစားချက်ကို သေချာပေါက် ရရှိနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

(၃) ဖရဲသီး

Watermelon

Photo : WebMD

အရည်ရွှမ်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဖရဲသီးကိုတော့ ကလေးရောလူကြီးပါ ကြိုက်ကြပါတယ်။ ဖရဲသီးဟာ Citrulline လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်တွေကို ဖြည့်တင်းပေးပြီး ၎င်းအမိုင်နိုအက်ဆစ်ဓာတ်ကို ခန္ဓာကိုယ်ကနေ Arginine အဖြစ် ပြောင်းလဲပေးတာကြောင့် အဓိကအားဖြင့် သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှုကို တိုးစေဖို့ အထောက်အကူ ပြုပါတယ်။ လိင်တံဆီသို့ သွေးစီးဆင်းမှု ကောင်းစွာရရှိတယ်ဆိုရင် လိင်တံရဲ့ထောင်မတ်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ဟာ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။

(၄) ဟင်းနုနွယ်

Spinach

Photo : WebMD

အစိမ်းရောင်အရွက်တွေဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး လူနဲ့တည့်ပါတယ်။ ဒီထဲမှာ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ ဟင်းနုနွယ်ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေအပြင် ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ကို မြှင့်တင်ပေးနိုင်တယ်လို့ နာမည်ကြီးပါတယ်။ ဒါအပြင် လိင်စိတ်ဆန္ဒ နိုးကြားတက်ကြွမှု ၊ အော်ဂဇင် ၊ လိင်စိတ်ကျေနပ်မှုစတဲ့ ခံစားချက်တွေကို ရရှိစေဖို့ကူညီပေးတဲ့ သံဓာတ်လည်း ဟင်းနုနွယ်မှာ ပေါပေါများများ ပါရှိပါတယ်။

(၅) သလဲသီး

Pomegranates
Photo : WebMD

သလဲသီးကိုတော့ ခေတ်အဆက်ဆက်ကတည်းက မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးရဲ့ သင်္ကေတတစ်ခု သို့မဟုတ် ချစ်တင်းနှော ချိန်မှာ စွမ်းဆောင်ရည်ကို အကောင်းဆုံး မြှင့်တင်ပေးတဲ့ အသီးတစ်ခုအဖြစ် လူသိများပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရလည်း သလဲသီးဖျော်ရည်သောက်သုံးပေးတာဟာ ကွီးတို့ရဲ့ စိတ်ခံစားချက်တွေကို မြှင့်တင်ပေးနိုင်ပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေတဲ့အပြင် တက်စတိုစတီရုန်း (Testosterone) ပမဏကို မြှင့်တင်ပေးနိုင်တယ်လို့ ပြောထားပါတယ်။ အိပ်ရာထက်မှာ အကြမ်းဆုံးအလန်းဆုံး စကေးတွေကို ထုတ်ပြနိုင်ဖို့ဆိုရင် သလဲသီးစားပေးတာ ဒါမှမဟုတ် သလဲသီးကို ဖျော်ရည်အနေနဲ့ ဖျော်သောက်တာ စသည့်ဖြင့် နှစ်သက်သလို သုံးဆောင်သင့်ပါတယ်။

အိပ်ရာထက်မှာ ကွီးတို့ရဲ့ ရှော်တီးလေး ဝိုးဝိုးဝါးဝါးတွေ ဖြစ်ပြီး အထင်ကြီးသွားစေချင်ရင်တော့ အခုပြောပြခဲ့တဲ့ စားစရာတွေကို ချစ်တင်းမနှောခင်မှာ ကြိုတင်စားထား လိုက်ပါ။

Source : WebMD

Featured Photo : The Irish Sun