နေ့တိုင်း ချစ်တင်းနှော တဲ့အခါ ဘယ်လိုမျိုး အကျိုး သက်ရောက်မှုတွေ ရှိနိုင်သလဲ ဆိုတာကို ကွီးတို့ သိပြီးပါပြီလား။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတာလား။ ဒါမှမဟုတ် ကောင်းကျိုးတွေ မရှိဘဲ ဆိုးကျိုးတွေနဲ့ပဲ ပြည့်နေတာလား။

ဒီမေးခွန်းတွေရဲ့ အဖြေကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါဦး။

စုံတွဲ တစ်တွဲနဲ့ တစ်တွဲကြားမှာ ချစ်တင်းနှောခြင်းအပေါ် ထင်မြင်ယူဆတာတွေ မတူညီကြပါဘူး။ တချို့ကလည်း တစ်ပတ်လျှင် တစ်ကြိမ်လောက်သာ ချစ်တင်းနှောတာကို လုံလောက်ပြီလို့ ထင်ကြသလို တချို့အတွဲတွေကျတော့လည်း နေ့တိုင်း ချစ်တင်းနှောရမှ လုံလောက်ပြီလို့ ထင်မှတ်ကြပါတယ်။ များသောအားဖြင့် စုံတွဲ တော်တော်များများက နေ့တိုင်း ချစ်တင်းမနှောကြပါဘူး။ ၁၀၀ မှာ ၄ ရာခိုင်နှုန်းလောက်ကသာ နေ့တိုင်း ချစ်တင်းနှောကြတာပါ။ ဒါပေမဲ့ နေ့တိုင်း ချစ်တင်းနှော တဲ့အခါ အကျိုး သက်ရောက်မှုကတော့ ကွီးတို့ ထင်ထားတာထက်ကို များပါတယ်.​

ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ချပေးခြင်း

prostate cancer

အမျိုးသားတွေဆီမှာ အဖြစ်များတဲ့ ရောဂါတစ်ခုကတော့ ဆီးကျိတ်ကင်ဆာ ရောဂါပဲဖြစ်ပါတယ်။ တကယ်လို့သာ ကွီးတို့အနေနဲ့ သုတ်များများ ထုတ်လွှတ်နိုင်မယ်ဆိုရင်တော့ ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။ တစ်လလျှင် ၂၁ ကြိမ်လောက် ပြီးမြောက်လေ့ရှိတဲ့ အမျိုးသားများသည် တစ်လလုံးနေမှ ၄ ကြိမ် ကနေ ၇ ကြိမ်အထိသာ ပြီးမြောက်တဲ့ အမျိုးသားများထက် ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ခြေ လျော့နည်းတယ်လို့ လေ့လာချက်အရ သိရှိရပါတယ်။

မှတ်ဥာဏ်စွမ်းအား ပိုမိုကောင်းမွန်လာခြင်း

brain

အသက်ကြီးကြီး အမျိုးသားများကို လေ့လာထားတဲ့ လေ့လာချက်များအရ နေ့စဥ် ပုံမှန် ချစ်တင်းနှောတဲ့ အမျိုးသားများသည် အသက်အရွယ် ကြီးရင့်လာတဲ့အခါမှာ မှတ်ဥာဏ် ကျဆင်းသွားတဲ့အဖြစ်ကနေ ကာကွယ်ပေးနိုင်ပြီး မှတ်ဥာဏ်စွမ်းအားလည်း ပိုမိုကောင်းမွန်လာတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

စိတ်ဖိစီးမှုများ၊ စိတ်ပူပန်မှုများကို လျော့ချပေးခြင်း

နေ့တိုင်း ချစ်တင်းနှော အကျိုး

စိတ်ဖိစီးမှုများ၊ စိတ်ပူပန်မှုများကို လျော့ချပေးနိုင်ခြင်းကလည်း နေ့စဥ် ချစ်တင်းနှောခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးများထဲက တစ်ခုပါပဲ။ စိတ်ကျရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်စေတာကြောင့် ကွီးတို့အနေနဲ့ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာ မယုံမရှိပါနဲ့။

ကယ်လိုရီများ လောင်ကျွမ်းစေခြင်း

နေ့တိုင်း ချစ်တင်းနှော အကျိုး

နေ့တိုင်း ချစ်တင်းနှောခြင်းသည် ကွီးတို့ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီပိုများ၊ ကယ်လိုရီများကို လောင်ကျွမ်းသွားစေ နိုင်ပါတယ်။ ၂၄ မိနစ်လောက် ချစ်တင်းနှောရုံနဲ့တင် အမျိုးသားများဆိုလျှင် ကယ်လိုရီ ၁၀၀ ခန့် လောင်ကျွမ်းသွားပြီး အမျိုးသမီးများဆိုလျှင် ၆၉ ကယ်လိုရီခန့် လောင်ကျွမ်းသွားပါတယ်။

ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေခြင်း

နေ့တိုင်း ချစ်တင်းနှော အကျိုး

ညဘက်မှာ ချစ်တင်းနှောပြီးနောက် အိပ်စက်တဲ့အခါ ပိုမိုနှစ်ခြိုက်စွာ အိပ်မောကျစေနိုင်တယ်လို့ ပညာရှင်များရဲ့ လေ့လာချက်အရ သိရှိရပါတယ်။ အိပ်ရာဝင်ခါနီးမှာ ပြီးမြောက်သွားတဲ့ ဖီလင်ကို ခံစားရခြင်းက ကွီးတို့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနိုင်အောင် ကူညီပေးတာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အကျိုးကျေးဇူးများကို မလိုချင်ဘူးလား။

Source: Promescent.com

Featured Image: Manmatters.com