လူကြီးကစားစရာတွေက လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအတွက် ဆန်းသစ်တဲ့ အတွေ့အကြုံအသစ်တွေကိုပေးနိုင်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေချိန်မှာသာမက ပါတနာနဲ့ အတူတူ ချစ်တင်းနှော ချိန်တွေမှာပါ အသုံးပြုလို့ ရပြီး ကွီးတို့ သုံးတက်ရင်သုံးတက်သလို ပျော်ရွှင်မှု ၊ စိတ်ကျေနပ်မှု ရစေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လူကြီးကစားစရာ Sex Toy တွေကို လူကြီးဆန်ဆန် သုံးတက်ဖို့ ၊ ပိုမိုစိတ်ကျေနပ် ပျော်ရွှင်ဖွယ် လိင်မှု အတွေ့အကြုံကို ခံစားရရှိစေဖို့ သိထားရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) မှန်ရှေ့မှာ လှုပ်ရှားပါ
Photo : Dezeen
ချစ်တင်းနှောတာ ဖြစ်ဖြစ် ၊ တစ်ကိုယ်ရည် အာသာဖြေတာပဲ ဖြစ်ဖြစ် မှန်ရှေ့မှာ ကိုယ့်ရဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို တိုက်ရိုက်ပြန်မြင်နေတာဟာ တစ်မျိုးလေး ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းသလို မတူညီတဲ့ ခံစားမှုအတွေ့အကြုံ အသစ်တစ်ခုကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး လိင်မှုဆိုင်ရာ လှုပ်ရှားမှုလေးတွေကို မလုပ်ဖူးသေးဘူးဆိုရင်တော့ တစ်ကိုယ်လုံးပေါ် မှန်တစ်ချပ်ယူပြီး လူကြီးကစားစရာ တွေနဲ့အတူ လုပ်ဆောင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
(၂) Edging ကျင့်စဉ် အသုံးပြုပါ
Photo : DesignWanted
Edging ဆိုတာကတော့ ကိစ္စမြန်မြန်ပြီးတက်သူတွေ တနည်းအားဖြင့် သုတ်လွှတ်စောတဲ့ ပြဿနာရှိတဲ့သူတွေ လုပ်ဆောင်သင့်တဲ့ ကျင့်စဉ်တစ်ခုပါ။ Edging ကျင့်စဉ်ကို အရိုးရှင်းဆုံး နားလည်လွယ်အောင် ပြောရမယ်ဆိုရင်တော့ ချစ်တင်းနှောချိန် ဒါမှမဟုတ် တစ်ကိုယ်ရည် အာသာဖြေချိန်မှာ လိင်စိတ်ခံစားမှု အထွတ်အထိပ် ရောက်ခါနီးပြီဆိုရင် လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်တာ သို့မဟုတ် အရှိန်လျှော့လိုက်တာကို ဆိုလိုပါတယ်။ မိနစ်အနည်းငယ်လောက် နားပြီးမှာ နောက်တစ်ဖန်ပြန်လည် အရှိန်တင် လုပ်ဆောင်ရမှာပါ။ ဒီနည်းစနစ်က သုတ်လွှတ်မြန်တဲ့ ပြဿနာကို သဘာဝအတိုင်း သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်သလို လူကြီးကစားစရာ တွေနဲ့ လုပ်ဆောင်ချိန်မှာလည်း ခံစားမှု အထွတ်အထိပ် ရောက်ရှိစေဖို့ ၊ စိတ်ကျေနပ်ပျော်ရွှင်တဲ့ ခံစားချက်ကို ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။
(၃) ဗီဒီယိုအစား အသံဖိုင်ကို ပြောင်းလဲ ခံစားကြည့်ပါ
Photo : Wales Online
များသောအားဖြင့် တစ်ကိုယ်ရည် အာသာဖြေတဲ့အခါ လူကြီးရုပ်ရှင်တွေကို ကြည့်ရှုခံစားရင်း ခရီးဆက်ကြပါတယ်။ အကယ်၍ လူကြီးကစားစရာ တွေနဲ့ တစ်ကိုယ်ရည် အာသာဖြေမယ်ဆိုရင် ဗီဒီယိုအစား Audio Porn တွေကို ပြောင်းလဲ ခံစားပြီး လုပ်ဆောင်ကြည့်ပါ။ Audio Porn တွေနဲ့ အာသာဖြေတာဟာ လက်ရှိ လိင်မှုဆိုင်ရာ လှုပ်ရှားမှုအပေါ်ကို အာရုံကောင်းကောင်း ပိုစိုက်နိုင်ပြီး ပျော်ရွှင်ကျေနပ်ဖွယ် ခံစားမှု ၊ အော်ဂဇင် အထွတ်အထိပ် ခံစားချက်တွေကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။
(၄) ပါတနာနဲ့ အတူတူ လုပ်ဆောင်ပါ
Photo : The Guardian
ဟုတ်ပါတယ် လူကြီးကစားစရာ အရုပ်တွေက တစ်ကိုယ်ရည် အာသာဖြေချိန်မှာပဲ သုံးလို့ရတာ မဟုတ်ပါဘူး။ ပါတနာနဲ့အတူတူ ချစ်တင်းနှော ချိန်မှာလည်း ဖြည့်စွက်အသုံးပြုလို့ ရပါတယ်။ ကြိုတင်နှိုးဆွမှု Foreplay အဆင့်မှာ Sex Toy တွေကို အသုံးပြုလို့ ရသလို ထိုးသွင်းဆက်ဆံမှု လုပ်ဆောင်နေချိန်မှာလည်း Sex Toy တွေကို ဖြည့်စွက်ပြီး အသုံးပြုလို့ ရပါတယ်။ ဒါက ကွီးတို့ကို မတူညီတဲ့ ခံစားမှုအသစ်အဆန်းတွေ ၊ စိတ်ကျေနပ်ပျော်ရွှင်မှု အပြည့်အဝပေးမယ့် ခံစားချက်တွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။
Source : Essence
Featured Photo : Free Press Journal