ချစ်တင်းနှောတဲ့အခါ ကွန်ဒုံးများကို နည်းမှန် လမ်းမှန် အသုံးပြုမယ်ဆိုရင် မလိုလားအပ်တဲ့ ရောဂါများရဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်သလို ကွီးတို့ မစီစဥ်ထားဘဲနဲ့ ကလေးရသွားတဲ့ အဖြစ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဖော် ဆောင်တာကတော့ ဆောင်ကြပါရဲ့ နည်းလမ်း မမှန်တဲ့အခါမှာလည်း အချည်းနှီးပါပဲ။
အဲ့ဒီလိုမျိုး အချည်းနှီး မဖြစ်ဖို့အတွက် အခုဖော်ပြပေးမယ့် အချက်များကို သိထားဖို့ လိုအပ်ပါတယ်။
တစ်ကြိမ်တည်းသာ အသုံးပြုပါ
ကွီးတို့ အဖော် ဆောင်တဲ့အခါ နည်းလမ်း မှန်ကန်ဖို့အတွက် အရေးကြီးဆုံး အချက်ကတော့ ကွန်ဒုံးကို တစ်ကြိမ်တည်း အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ ချစ်တင်းနှောလို့ ပြီးသွားပေမယ့် သုတ်ပိုး နည်းနည်းပဲ ထွက်လို့ (သို့) လုံးဝ မထွက်လို့ ခဏ သိမ်းထားပြီး နောက်တစ်ချိန် ချစ်တင်းနှောတဲ့အခါ ပြန်လည် အသုံးပြုမယ်ဆိုပြီး လုပ်လို့မရပါဘူး။ ထိုပစ္စည်းများက ပြန်လည် အသုံးပြုလို့ မရတဲ့အထဲမှာ ပါပါတယ်။
ချစ်တင်းမနှောခင်မှာ အသုံးပြုပါ
ကွန်ဒုံးကို ချစ်တင်းမနှောခင်၊ ကုန်ကုန် ပြောရရင် ကွီးတို့ မြွေကြီးကို ဂူထဲ မသွင်းခင်မှာ အရင်ဦးဆုံး ဦးထုပ် ဆောင်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် မလိုလားအပ်တဲ့ ရောဂါများရဲ့ အန္တရာယ်မှ ရာနှုန်းပြည့် ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
ကွန်ဒုံး ပေါက်ပြဲသွားရင် မသုံးပါနဲ့တော့
ကွန်ဒုံး ပလပ်စတစ်ကို ကတ်ကြေးနဲ့ ဖောက်လိုက်တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်နဲ့ ဖွင့်ဖောက်လိုက်တာ အားပါသွားလို့ ပေါက်ပဲသွားတဲ့အခါ ထို ကွန်ဒုံးကို နှမြောပြီး ဆက်လက် အသုံးမပြုပါနဲ့တော့။ လွှင့်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ နို့မဟုတ်ရင်တော့ ကွီးတို့ ကွန်ဒုံး အသုံးပြုနေလည်း အချည်းနှီးပါပဲ။
သေသေချာချာ ရှောင်ကြဥ်သင့်တဲ့ အချက်များ
ကွီးတို့ အဖော်ကို များးသောအားဖြင့် ကွီးတို့ရဲ့ ပိုက်ဆံအိတ်ထဲ သိမ်းထားတတ်ကြတယ် ဟုတ်။ ဒါက လုံးဝကို မှားယွင်းနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကွန်ဒုံးကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာမှာသာ သိမ်းဆည်းထား သင့်ပါတယ်။ ပိုက်ဆံအိတ်ထဲ သိမ်းထားတဲ့အခါ ပွတ်တိုက်မှုများ ဖြစ်ပေါ်ပြီးတော့ သူ့ရဲ့ အာနိသင် ပျောက်ပျက်သွားနိုင်ပါတယ်။
ချစ်တင်းနှောပြီးနောက်မှာ
ဒီအချက်ကလည်း အရေးကြီးပါတယ်။ ချစ်တင်းနှောပြီးတဲ့နောက်မှာ ကွီးတို့ မြွေကို ဂူထဲကနေ ဆွဲထုတ်တဲ့အခါ သေချာ သတိထားသင့်ပါတယ်။ ကွန်ဒုံးရဲ့ အရင်းကနေ သေချာ ကိုင်ထားပြီး ကွိးတို့ မြွေကို ဂူပြင်သို့ ဆွဲထုတ်လိုက်ပါ။ ထို့နောက် ကွန်ဒုံးကို သေချာ ချွတ်ပြီး သေချာစည်းနှောင်ကာ ပိတ်ထားလိုက်ပါ။ ပြီးမှ အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ဖို့ လိုအပ်ပါတယ်။
ဒီအချက်များကို သိထားပြီဆိုရင်တော့ ကွီးတို့ ကျန်းမာရေးအတွက် စိတ်ပူစရာ မလိုအပ်တော့ပါဘူး။
Source: Cdc.gov
Featured Image: Durexcanada.com