စာရေးသူတို့ ယောကျာ်လေးတွေမှာ စကင်ကဲဖို့ ပျင်းတဲ့ ပြဿနာ ရှိကြပါတယ်။ ဒါဟာ ယောကျာ်းလေး ၁၀ ယောက်မှာ ၈ ယောက်လောက် ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုပါ။ အသားအရေ ထိန်းသိမ်းမှုဟာ ပြဿနာတစ်ခု ဖြစ်လာတာနဲ့အမျှ အသားအရေ ပျက်စီးမှု အခြေအနေတွေဟာ ပိုမိုဆိုးရွားလာပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ ၊ ရှိရင်းစွဲအသက်ထက် အိုမင်းတဲ့ပုံပေါ်တာ စတဲ့ ဆိုးကျိုးတွေကို ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ ယောကျာ်းလေးတိုင်း ပုံမှန်လုပ်ဆောင်သင့်တဲ့ အခြေခံအကျဆုံး စကင် ကဲနည်းအဆင့်ဆင့်ကို မျှဝေပေးချင်ပါတယ်။
(၁) Facial Cleanser ကောင်းကောင်းသုံးပါ
Photo : Rolling Stone
အသားအရေ ထိန်းသိမ်းမှုပိုင်းမှာ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး အဆင့်ကတော့ မျက်နှာကို သေချာဆေးကြော သန့်စင်ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ တွေ့ကရာ ၊ ကြုံရာ Facial Cleanser တွေကို သုံးတာထက် ကွီးတို့ရဲ့ အသားအရေ အမျိုးအစားနဲ့ ကိုက်ညီမှု ရှိတဲ့ မျက်နှာသစ်ဆေးကို သေချာလေး ရွေးချယ်အသုံးပြု ဖို့လိုအပ်ပါတယ်။ Facial Cleanser ကို တစ်နေ့လျှင် မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ပုံမှန်အသုံးပြုပြီး မျက်နှာကို သေချာလေး ဆေးကြော သန့်စင်ပေးပါ။
(၂) တစ်ပတ် ၂ ကြိမ် Exfoliate လုပ်ပါ
Photo : Brickell Men’s Products
Exfoliate လုပ်တယ်ဆိုတာကတော့ အသားအရေ အတွင်းပိုင်းအထိကို ဂျေးချွတ်သန့်စင်တဲ့ လုပ်ငန်းစဉ်တစ်ခု ဆိုလိုပါတယ်။ Exfoliate လုပ်တာက မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေနဲ့ အရေပြားအတွင်းပိုင်းက အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းပေးတာပါ။ ဒါဟာလည်း အခြေခံကျတဲ့ စကင် ကဲနည်းအဆင့်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ တစ်ပတ်ကို ၂ ကြိမ်လောက်တော့ Exfoliate လုပ်ပေးဖို့ လိုပါတယ်။
(၃) အစိုဓာတ်ထိန်းပါ
Photo : Medium
ကျန်းမာစိုပြေတဲ့ Healthy Skin ရဖို့ဆို အသားအရေမှာ အစိုဓာတ်ပြည့်ဝနေဖို့က အရေးကြီးဆုံး လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ Facial Mosturiser ကို အသုံးပြုတာဟာ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပြီး အဆီပြန်ခြင်းကို သက်သာစေသလို မျက်နှာပေါ်မှာ ဖြစ်ပွားတက်တဲ့ အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကိုလည်း လျှော့ချကာကွယ်ပေးပါတယ်။ Mosturiser ကိုလည်း မနက်တစ်ကြိမ် ၊ ညအိပ်ရာမဝင်တစ်ကြိမ်ခန့် လိမ်းပေးပါ။
(၄) နေလောင်ကာခရင်မ်လိမ်းပါ
Photo : Clinikally
နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ ကွီးတို့ရဲ့ အသားအရေကို အဓိက ပျက်စီးစေတဲ့ တရားခံတွေထဲက တစ်ခုပါပဲ။ အရေပြားအပေါ် နေရောက်ခြည် တိုက်ရိုက်ထိတွေ့ခြင်းကနေဆင့် ဖြစ်ပေါ်လာတဲ့ နေလောင်ဒဏ်တွေဟာ ကွီးတို့ရဲ့ အသားအရေကို ဆိုးဆိုးရွားရွား ကြမ်းတမ်းပျက်စီးစေသလို မျက်နှာ အရေပြားပေါ်မှာ အမဲစက်နဲ့ တင်းတိပ်လို အရေပြားဆိုင်ရာ ပြဿနာတွေအပြင် အရေပြားကင်ဆာလို ရောဂါတွေအထိပါ ဖြစ်ပွားရစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာအတွင်းမှာ နေဒဏ်လေဒဏ်ကြောင့် ကွီးတို့ရဲ့ စကင် လေးပျက်စီးမှု မရှိစေဖို့ နေလောင်ကာခရင်မ်ကို နေ့စဉ်ပုံမှန် လိမ်းပေးဖို့ လိုအပ်ပါတယ်။
ကွီးတို့အနေနဲ့ စကင် ကဲဖို့ ရှုပ်ထွေးတဲ့ အဆင့်တွေ အများကြီး မလုပ်ချင်ဘူးဆိုရင်တော့ အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာလုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ်။ အခုလက်ရှိမှာရော ကွီးတို့ရဲ့ အသားအရေကို ကောင်းကောင်း ထိန်းသိမ်းဖြစ်ပါရဲ့လား ? ဘယ်လို Skincare နည်းတွေနဲ့ အသားအရေ ထိန်းသိမ်းဖြစ်လဲဆိုတာ ကွန်းမန့်မှာ ဖြေပေးခဲ့ပါဦး။
Source : Man Of Many
Featured Photo : Rolling Stone