ကွီးတို့ရဲ့ အသည်းကျော် ပဲလှော်လေးနဲ့ ပထမ ဦးဆုံးအကြိမ်အဖြစ် ချစ်တင်းနှော တော့မယ်ဆိုရင်တော့ သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်အချက်လေးတွေ ရှိပါတယ်။ ဒီအချက်တွေကို ဆောင်စရာရှိတာ ဆောင်မယ်၊ ရှောင်စရာရှိတာ ရှောင်မယ်ဆိုရင်တော့ ကွီးတိုရဲ့ ပထမ ဦးဆုံး ချစ်တင်းနှော ခြင်း အတွေ့အကြုံက ပြီးပြည့်စုံပြီး ကြည်နူးရကာ မမေ့နိုင်တဲ့ ခံစားချက်မျိုးကို ခံစားရမှာပဲ ဖြစ်ပါတယ်။​

စိတ်မလှုပ်ရှားပါနဲ့

couple in bed

ပထမဦးဆုံးအကြိမ်ဆိုတော့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေမှာ အမှန်ပါပဲ။ ဒါပေမဲ့ စိတ်မလှုပ်ရှားပါနဲ့။ ကွီးတို့ သင်ယူလေ့လာစရာရှိတာတွေကို ကျန်းမာရေး ဆောင်းပါးများ၊ ကျန်းမာရေး ဗွီဒီယိုများကနေ လေ့လာစရာရှိတာ ကြိုတင်လေ့လာထားပါ။ သိုင်းကျမ်းပေါင်း မျိုးစုံကိုလည်း လူကြီးဇာတ်ကားတွေထဲကနေ ကြိုတင်လေ့လာထားဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ အသည်းကျော်လေးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးစရာရှိတာ ဆွေးနွေးထားပါ

couple in bed

ချစ်တင်းနှောတော့မယ်ဆိုကတည်းက ကွီးတို့ နှစ်ဦးသားကြားထဲမှာ ယုံကြည်မှုတစ်ခု ရှိနေလို့ပဲ မဟုတ်လား။ ဒါ့ကြောင့် ဒီလို ကိစ္စနဲ့ ပတ်သက်လာရင် ရှက်ကြောက်နေတာမျိုး၊ အုံပုန်းဖြစ်နေတာမျိုး မလုပ်ပဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့အတွက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်မျိုးကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

အဆင့်မကျော်ပါနဲ့

ပထမ ချစ်တင်းနှော

အတွေ့အကြုံမရှိတဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ အဆင့်ကျော်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး အဆင့်ကျော်မိတာမျိုးတွေ (လုံးဝ) မလုပ်မိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် Foreplay လို့ခေါ်တဲ့ ပထမဦးဆုံးအဆင့်၊ ပွတ်သီးပွတ်သပ်လုပ်တဲ့အဆင့်ကို ကျော်လို့ မရပါဘူး။ ဒီအဆင့်ကို ပြုလုပ်မှသာလျှင် ကွီးတို့ ရှော်တီလေးက စိတ်ပိုပါလာပြီး ကွီးတို့အတွက် ကြည်နူးစရာကောင်းတဲ့ ချစ်တင်းနှောခြင်းမျိုးကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။​

အဖော်ဆောင်ထားဖို့လည်း မမေ့ပါနဲ့

ပထမ ချစ်တင်းနှော

ပထမဦးဆုံးအကြိမ်ဆိုတော့ ကွီးတို့အနေနဲ့ အမှားတွေ ပြုလုပ်မိနိုင်ပါတယ်။ ဥပမာ ကွီးတို့က ကလေးယူဖို့ အဆင်သင့်မဖြစ်သေးဘဲနဲ့ မြွေကြီးက ဂူထဲမှာ ကိစ္စ ဝိစ္စ ပြီးမြောက်သွားမယ်ဆိုရင် ကွီးတို့ နှစ်ဦးသားစလုံးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ ကွီးတို့က ပထမဦးဆုံးအကြိမ် အတွေ့အကြုံလည်း မရှိတဲ့အတွက်ကြောင့် အပြင်မှာ သုတ်လွှတ်ဖို့အတွက် ကွီးတို့ ညီလေးကို အပြင် ဆွဲထုတ်တာ နောက်ကျသွားနိုင်ပါတယ်။ ဒါ့ကြောင့် အဖော်ဆောင်ထားတာကတော့ ကျန်းမာရေးအတွက်လည်း ကောင်းသလို ကြိုတင်မစီစဥ်ထားတဲ့ ကိစ္စတွေအတွက်လည်း ဘေးကင်းသွားပါလိမ့်မယ်။ ကွန်ဒုံးအသုံး ပြုခြင်းက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်သလို ကိုယ်ဝန်ရသွားတာမျိုးကနေလည်း တားဆီးပေးနိုင်ပါတယ်။

နာကျင်မှုဆိုတာလည်း ရှိနိုင်ပါတယ်

ပထမ ချစ်တင်းနှော

ဟုတ်ပါတယ်။ ပထမဦးဆုံးအကြိမ်ဆိုတော့ နာကျင်မှုက ပိုနိုင်ပါတယ်။ အရေပြား ပေါက်ပြဲပြီး သွေးထွက်တာမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။​ ကွီးတို့ ညီလေးကြောင့် ကွီးတို့ ရှော်တီလေးရဲ့ မိန်းမကိုယ် အရေပြားက ပြဲသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နာကျင်မှုကို လျော့ချဖို့အတွက် ချောဆီ အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ ချောဆီက နာကျင်မှုကို လျော့ချပေးနိုင်လို့ပဲ ဖြစ်ပါတယ်။​

ကွီးတို့ရော အခုမှ ပထမဦးဆုံး အတွေ့အကြုံ ရယူမယ့် ဂျူနီယာတွေကို ဘယ်လိုမျိုး အကြံပေးချင်ပါသလဲ။

Source: Formen.health

Featured Image: Freepik.com