စာရေးသူတို့ အားလုံးမှာ ကိုယ်စီအကြောင်းအမျိုးမျိုးကြောင့် အိပ်ခန်းအတွင်း သာယာပျော်ရွှင်တဲ့ အတွေ့အကြုံ ခံစားမှုကို မရနိုင်ကြတဲ့ အခြေအနေတွေ ရှိကြပါတယ်။ အလုပ်များတာ ၊ ပါတနာနဲ့ ဆက်ဆံရေး အဆင်မပြေတာ ၊ အခြားသော စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတာ စတဲ့ အခြေအနေ အရပ်ရပ်ကြောင့် စိတ်လိင်တက်ကြွမှု လျှော့နည်းတာ ၊ လိင်ဆက်ဆံဖို့ အခြေအနေမပေးတာတွေ ဖြစ်နိုင်ပါတယ်။ အကယ်၍ ကွီးတို့ ချစ်တင်းနှော ခြင်းကို လုံးဝ ရပ်တန့်လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မယ်လို့ ယူဆပါသလဲ ? ဒီဆောင်းပါးလေးမှာ အဖြေရှာ ကြည့်လိုက်ရအောင်ပါ။

(၁) စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ များလာမယ်

Anxiety

Photo : Springfield Wellness Center

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ပဲ လိင်စိတ်လျော့ကျတက်သလို လိင်မှုဆိုင်ရာ လှုပ်ရှားမှု လုံးဝမရှိတဲ့အခါမှာလည်း စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ပိုများလာတက်တဲ့ သဘောရှိပါတယ်။ အဓိကအားဖြင့် ချစ်တင်းနှော တဲ့အခါ စာရေးသူတို့ ခန္ဓာကိုယ်ကနေ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို စီမံခန့်ခွဲရာမှာ ကူညီပေးတဲ့ Oxytocin နဲ့ Endorphins လိုမျိုး ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ Oxytocin ဟော်မုန်းဟာ သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ကူညီပေးပြီး Endorphins ဟော်မုန်းကတော့ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေဖို့ တွန်းအားပေးပါတယ်။ ဒါကြောင့် လိင်မှုဆိုင်ရာလှုပ်ရှားမှု လုံးလုံးမရှိတဲ့အခါ Oxytocin နဲ့ Endorphins ဟော်မုန်းထုတ်လုပ်မှုနည်းပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ များလာနိုင်ခြေ ရှိတာ ဖြစ်ပါတယ်။

(၂) မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေ ရှိလာမယ်

Memory

Photo : Verywell Mind

သုတေသနပြုမှုတွေကနေ တွေ့ရှိထားတဲ့ အချက်အလက်တွေအရ ပုံမှန် ချစ်တင်းနှော လေ့ရှိသူတွေမှာ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်တာတွေ့ရှိရပြီး ပြီးခဲ့တဲ့ အတိတ်ကအဖြစ်အပျက်တွေကို ပြန်လည်မှတ်မိစေနိုင်စွမ်း မြင့်မားတယ်လို့ ဆိုပါတယ်။ ချစ်တင်းနှော တဲ့အခါ စာရေးသူတို့ရဲ့ ဦးနှောက်က အာရုံခံဆဲလ်တွေကို ပိုမိုအလုပ်လုပ်စေတဲ့အတွက် ဦးနှောက်နဲ့ အာရုံကျန်းမာရေးကို ပိုကောင်းစေပြီး မှတ်ဉာဏ်စွမ်းအားကို မြင့်တက်စေဖို့ အထောက်အကူ ပြုတာပါ။ အခြားသော ရောဂါအခြေအနေ အကြောင်းအရင်းမရှိပါပဲ ၊မကြာခဏဆိုသလို မေ့တက်နေတာ ၊ အဖြစ်အပျက်တွေကို မှတ်မိနိုင်စွမ်းကျဆင်းနေပြီဆိုရင်တော့ လိင်မှုဆိုင်ရာလှုပ်ရှားမှုတွေ မရှိလို့ ဖြစ်နိုင်ပါတယ်။

(၃) ကိုယ်ခံအားစနစ် ကျဆင်းလာမယ်

Immune System

Photo : AMP Floracel

ချစ်တင်းနှော တယ်ဆိုတာဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုလိုပါပဲ။ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းကျိုးတွေ များစွာ ပေးနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က ကောလိပ်ကျောင်းသားတွေကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် ချစ်တင်းနှောလေ့ရှိတဲ့ ကျောင်းသားလူငယ်တွေမှာ အအေးမိခြင်း ၊ ဖျားနာခြင်းတွေ အဖြစ်နည်းပြီး ကိုယ်ခံအားစနစ် ကောင်းမွန်ကာ ကျန်းမာတက်ကြွမှု အပြည့်ရှိတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ကိုယ်ခံအားစနစ်ဟာ ဆက်စပ်မှုရှိနေတာ သိသာထင်ရှားပါတယ်။

(၄) ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ တိုးစေတယ်

Prostate Cancer

Photo : Lifecare Hospital

အမျိုးသားတွေမှာ စိတ်ပူရတဲ့ ရောဂါအခြေအနေတစ်ခုကတော့ ဆီးကျိတ်ကင်ဆာပါပဲ။ ဆီးကျိတ်ကင်ဆာဟာ သက်ကြီးပိုင်းအရွယ် အမျိုးသားတွေမှာ အဖြစ်များပြီး မျိုးရိုးဗီဇ ၊ မှားယွင်းတဲ့ နေထိုင်မှုပုံစံတွေနဲ့ Testosterone ကျားဟော်မုန်း မညီမျှတာ အပါအဝင် အခြားသော လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကနေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အမျိုးသား ၃၀၀၀၀ နီးပါးကို လေ့လာမှု လုပ်ခဲ့ရာမှာတော့ တစ်လလျှင် ပျမ်းမျှ ၂၁ ကြိမ်နဲ့အထက် သုက်လွှတ်တဲ့ အမျိုးသားတွေမှာ ဘဝသက်တမ်းတစ်လျှောက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ တွေ့ရှိခဲ့ရပြီး တစ်လလျှင် လေးကြိမ်မှ ခုနစ်ကြိမ် သုက်လွှတ်တဲ့ သူတွေနဲ့ နှိုင်းယှဉ်ပါက ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ရာခိုင်းနှုန်း ပိုနည်းတာကို တွေ့ရှိရပါတယ်။

ဒါတွေကတော့ ကွီးတို့ ချစ်တင်းနှော တာ လုံးဝရပ်တန့်လိုက်ရင် ကြုံတွေ့လာရနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေပါပဲ။

Source : Web MD

Featured Photo : UNILAD