ဝီးမန်းတွေရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ ဘယ်အရာတွေက အရေးကြီးဆုံး ထင်ပါသလဲ။ ကွီးတို့အနေနဲ့ ဝင်ငွေ ၊ အိမ် ၊ ကား စသည်ဖြင့် အများကြီး ပြောလို့ရပါတယ်။ ဒါတွေက မှားလား ဆိုရင်တော့ မမှားပါဘူး။ အတိုင်းအတာ တစ်ခုအထိ အရေးပါတဲ့ လိုအပ်ချက်တွေပါ။ ဒါပေမယ့် အမှန်တကယ် ဝီးမန်း တွေ ကြွေကျအောင် ခြွေချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေက သိပ်ကိုအရေးပါတယ်ဆိုတာ သိထားရပါမယ်။ ဘာတွေဖြစ်မလဲဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်ပါ။
(၁) ဂရုစိုက် ပေးတက်မှုလေးတွေက အခရာပါပဲ
Photo : Web MD
အသေးစိတ်လှတဲ့ ဂရုစိုက်မှုလေးတွေနဲ့ Caring ကောင်းကောင်း လုပ်ပေးတက်တဲ့ အမျိုးသားတွေဟာ ဝီးမန်း တွေအတွက်တော့ ကြွေရတဲ့ အချက်တစ်ခုပါပဲ။ ဒါဟာ အသက်အရွယ် ကြီးငယ်နဲ့ မဆိုင်ပါဘူး။ လေ့လာမှုများစွာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရလည်း အမျိုးသမီးတွေဟာ သူတို့ထက် ငယ်တဲ့သူ ဖြစ်စေ ၊ အသက်ကြီးတဲ့သူ ဖြစ်စေ သူတို့အပေါ် သေချာလေး ဂရုစိုက်ပေးတက်တယ် ၊ အသေးအဖွဲ့လေးတွေကအစ ဂရုစိုက်ကြင်နာမှု ရှိတဲ့ အမျိုးသားတွေကို ပိုပြီး ကြွေလေ့ရှိပါသတဲ့။
(၂) သပ်သပ်ရပ်ရပ် ဝတ်တက်ဖို့လည်း လိုမယ်နော်
Photo : Web MD
လူတစ်ယောက်ကို ပထမဆုံးအကြိမ် စတွေ့ရင် သတိထားမိတဲ့ အချက်က ဝတ်စားဆင်ယင်မှုပါ။ တောင်းမှာအကွပ် လူမှာအဝတ်ဆိုသလို ဝတ်စားဆင်ယင်မှုဟာ လူတစ်ယောက်ရဲ့ ပုံပန်းအသွင်အပြင် ၊ ကိုယ်ရည်ကိုယ်သွေးကို အများကြီး ဖော်ပြနေပါတယ်။ ဝီးမန်း အများစုကတော့ ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး တကူးတက ဖက်ရှင်ထုတ်နေတက်တဲ့ ယောကျာ်းတွေထက် ပေါ့ပေါ့ပါးပါးနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားတက်တဲ့ ကောင်လေးတွေ ၊ အမျိုးသားတွေကို နှစ်သက်သဘောကျကြပါတယ်။
(၃) ခေါင်းညိတ်ရုံနဲ့ မလုံလောက်ဘူး
Photo : Web MD
Relationship တစ်ခုမှာ တစ်ယောက်ရင်ထဲကအသံကို တစ်ယောက် နားထောင်ပေးတက်ဖို့က အရေးကြီးဆုံး အချက်တစ်ခုပါ။ ဒါပေမယ့် တစ်ဖက်က ဘာပြောပြော အမြဲခေါင်းညိတ်နေရုံနဲ့လည်း အဆင်မပြေပါဘူး။ ဝီးမန်း တွေတော်တော်များများက နားထောင်ပေးတက်မှုနဲ့အတူ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းနဲ့ ကောင်းမွန်တဲ့ တုန့်ပြန်မှု ၊ လိုအပ်တဲ့ အကြံဉာဏ်တွေပေးတာမျိုး လိုချင်ကြပါတယ်။ ဒါကြောင့် ဘာပြောပြော ခေါင်းညိတ်မနေပဲ သင့်တင့်လျောက်ပတ်တဲ့ တုန့်ပြန်မှုကောင်းလေးတွေက ပေးတာက ကွီးတို့အပေါ် ပိုပြီး ကြွေစေမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ်။
(၄) သက်တောင့်သက်သာ ရှိနေပါစေ
Photo : Web MD
အချစ်ရေးနဲ့ ပတ်သတ်လာရင် ဝီးမန်းတွေက မန်းတွေထက် ပိုပြီး လေးလေးနက်နက် ရှိကြတယ်လို့ ပြောတာ ကြားဖူးမှာပါ။ တကယ်တော့ အမျိုးသမီးတွေက လေးလေးနက်နက် ချစ်ရတာကို ကြိုက်နှစ်သက်ကြပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ရှိရတဲ့ ခံစားချက်ကိုလည်း သဘောကျသူတွေ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကွီးတို့နဲ့အတူ ရှိသည်ဖြစ်စေ ၊ အွန်လိုင်းပေါ်မှာ စကားပြောဆိုဆက်သွယ်ရာမှာပဲ ဖြစ်စေ စိတ်ခံစားမှုလေးတွေ သက်တောင့်သက်သာနဲ့ ကွီးတို့အနားမှာ နေရတာဟာ စိတ်ချလုံခြုံမှုရှိတယ် ၊ ပေါ့ပါးတယ် ၊ သက်တောင့်သက်သာ ဖြစ်တယ်ဆိုတဲ့ ဖီလင်လေးတွေကို အပြည့်အဝပေးနိုင်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။
ဒီအချက်လေးတွေကိုသာ ကွီးတို့ သေချာပေါက် လိုက်နာကျင့်သုံးကြည့်မယ်ဆိုရင် ကွီးတို့သဘောကျနေရတဲ့ အမျိုးသမီးလေးက ကွီးတို့အပေါ် သေချာပေါက် ပြန်ကြွေစေမယ်ဆိုတာ အာမခံပါတယ်။
Source : Web MD
Featured Photo : HelpGuide.org