အိပ်ရာထဲက လိင်မှုစွမ်းဆောင်ရည်နဲ့ ပတ်သတ်လာရင် ယောကျာ်းတိုင်းကတော့ မာန်ဟုန်အပြည့်နဲ့ ကျားပဲ ဖြစ်ချင်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ စာရေးသူတို့ ခန္ဓာကိုယ်ကနေ စိတ်သွားတိုင်း ကိုယ်မပါတာ ဒါမှမဟုတ် တွေးထားသလောက် ကောင်းကောင်းမစွမ်းဆောင် နိုင်တာတွေ ကြုံရနိုင်ပါတယ်။ ဒီလိုဖြစ်ရတာ ဘာကြောင့်ပါလဲ ? ကျားတစ်ကောင်လို ဟိန်းထနေတဲ့ စွမ်းဆောင်ရည်ရအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို မပြောခင် အိပ်ရာ ထဲမှာ ကွီးတို့ ရဲ့ လိင်မှု စွမ်းဆောင်ရည်ကို ညံ့ဖျင်းစေတဲ့ အရာတွေအကြောင်း အရင်ဆုံးလေ့လာကြည့်ရအောင်ပါ။

(၁) အိပ်စက်ချိန် နည်းပါးခြင်း

Lack Of Proper Sleep

Photo : Dr. Mayank Shukla

အိပ်စက်မှုပုံစံဟာ ကွီးတို့ရဲ့ လူမှုဘဝရော လိင်မှုဘဝ အပေါ်မှာပါ သက်ရောက်မှု ရှိပါတယ်။ အိပ်စက်မှု အရည်အသွေး ကောင်းကောင်း မရှိဘူးဆိုရင် အားအင်ကုန်ခမ်း မောပန်းနွမ်းနယ်တာ ၊ တက်ကြွလန်းဆန်းမှု မရှိတာ ၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်း ကျဆင်းတာတွေအပြင် အိပ်ရာ ထက်က လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို သိသိသာသာ ကျဆင်းစေပြီး လိင်မှုဘဝအပေါ် အကြီးအကျယ် အနှောက်အယှက်ပေး နိုင်ပါတယ်။

(၂) နေထိုင်မှုပုံစံ ညံ့ဖျင်းခြင်း

Sedentary Lifestyle

Photo : One Medical

Sedentary Lifestyle လို့ခေါ်တဲ့ လှုပ်ရှားမှု နည်းနည်းနဲ့ အထိုင်များတဲ့ ညံ့ဖျင်းတဲ့ နေထိုင်မှုပုံစံ ဟာ ဆိုးကျိုးအင်မတန် များပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းတာ ၊ အချိန်ကြာကြာထိုင်တာ ၊ Screen Time များတာ ၊ လေ့ကျင့်ခန်းမလုပ်တာ ၊ အမြဲတမ်းနီးပါး လှဲလျောင်းနေတာ စတဲ့ နေထိုင်မှုပုံစံတွေ ပါပါတယ်။ ဒါဟာ ကွီးတို့ရဲ့ နေ့စဉ်ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ အများကြီး ရှိလာနိုင်သလို လိင်မှုကိစ္စနဲ့ ပတ်သတ်ရင်လည်း တက်ကြွမှုကျဆင်းတာ ၊ လိင်တံထောင်မတ်နိုင်စွမ်း လျှော့ကျတာ ၊ သုတ်လွှတ်မြန်တာ / နောက်ကျတာ ၊ မျိုးဆက်ပွားကျန်းမာရေး ထိခိုက်စေတာ စတဲ့ ပြဿနာတွေအထိ ကြုံလာရနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှုများခြင်း

Stress and Anxiety

Photo : NAFSORB Scientific Services

ယောကျာ်းတို့ရဲ့ အိပ်ရာ ထက်က လိင်မှုစွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အဓိကအကြောင်းအရင်းတွေထဲကမှာ စိတ်ဖိစီးမှု ဒါမှမဟုတ် စိုးရိမ်စိတ်တွေဟာ အဓိကနေရာကနေ ပါဝင်နေပါတယ်။ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို ကောင်းစွာကိုင်တွယ်ဖြေရှင်းခြင်း မရှိဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာ ကနေတဆင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်ပါ ဆက်နွယ်ထိခိုက်လာနိုင်ပြီး လိင်မှုဘဝအပေါ် ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

(၄) အရက်နဲ့ဆေးလိပ် အလွန်အကျွံသောက်ခြင်း

Alcohol And Smoking

Photo : NPR

Testosterone လို့ခေါ်တဲ့ ကျားဟော်မုန်းနည်းတဲ့ ပြဿနာတွေကို ကွီးတို့ စဉ်းစားဖူးပါသလား ? လိင်မှုဘဝနဲ့ လိင်မှုစွမ်းဆောင်ရည်အပေါ် တိုက်ရိုက်သက်ဆိုင်နေတဲ့ ကျားဟော်မုန်းဟာ လွဲမှားနေတဲ့ စားသောက်နေထိုင်မှုပုံစံ အလေ့အထတွေ ၊ အရက်အလွန်အကျွံ သောက်သုံးခြင်း ၊ ဆေးလိပ်သောက်ခြင်း စတဲ့ အပြုအမူ အလေ့အထတွေနဲ့ အများကြီး ဆက်စပ်နေပါတယ်။ ဒါတွေဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ Testosterone နဲ့ Estrogen ဟော်မုန်းပမာဏတွေကို ကျဆင်းစေပြီး လိင်တံ ကမောက်ကမဖြစ်မှု ၊ လိင်မှုစွမ်းရည် ကျဆင်းမှုအပါအဝင် အခြားသော လိင်မှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

Source : My Fit Brain 

Featured Photo : My Fit Brain