စာရေးသူတို့ ယောကျ်ားလေးတွေ အများစု ထင်နေသလို လက်နက်ကြီး မှ ဆရာကြီး မဟုတ်ပါဘူး။ ဖွားဖက်တော် လက်နက်ဆိုဒ်က နံပါတ်တစ် အရေးပါတယ်လို့ ထင်ရပေမယ့် တကယ့်တကယ်တမ်းမှာ အမျိုးသမီးတစ်ယောက်ကို အထွတ်အထိပ် ခံစားမှုရောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ သိုင်းကျမ်းကျေ သူတွေကမှ ဆရာကြီးတွေလို့ ခေါ်ဆိုထိုက်တာပါ။ ဒီတစ်ခေါက်မှာတော့ အိပ်ရာထက်မှာ သိုင်းကျမ်းကျေ ချင်တဲ့ ဆရာကြီး တို့ သိထားရမယ့် လျို့ဝှက်ချက်တွေ အားလုံးကို ဖွင့်ဟပြောပြပေးလိုက်ပါတယ်။

(၁) အချိန်ယူပြီး နူးနှပ်ဖို့ကို အာရုံစိုက်ပါ

Sexual health

Photo : Longevity Care Clinic

အမျိုးသမီး တစ်ယောက်ကို အော်ဂဇင်ရအောင် စွမ်းဆောင်ပေးနိုင်မယ့် နံပါတ်အချက်ကတော့ လောလောလောလော မလုပ်ပဲ သေချာအချိန်ယူပြီး Foreplay အဆင့်ကို လုပ်ဆောင်ဖို့ပါပဲ။ ညင်သာနူးညံ့တဲ့ အထိအတွေ့တွေကို အသုံးပြုပြီး ပါတနာရဲ့ စိတ်ခံစားမှုတွေကို တစ်ရစ်ချင်း နိုးကြားလာအောင် နှိုးဆွပေးတက်ဖို့ အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုပိုရပြီး လိင်စိတ်တက်ကြွမှု အမြင့်ဆုံးရောက်ချိန်မှသာ နောက်တဆင့် ကိုတက်လှမ်းရမှာ ဖြစ်ပါတယ်။ အနည်းဆုံးတော့ မိနစ် ၂၀ ကနေ နာရီဝက် ဝန်းကျင်လောက်ကို အချိန်ပေးပြီး Foreplay ကို သေချာလေး အာရုံစိုက် လုပ်ဆောင်ပေးဖို့ လိုပါတယ်။

(၂) လျို့ဝှက် ခလုတ်တွေကို လိုက်ဖွင့်ပါ

Sexual health

Photo : Verywell Mind

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပေါ်က လိင်စိတ်နိုးကြားမှု အမြင့်ဆုံးထိရောက်စေမယ့် လျို့ဝှက် ခလုပ်တွေ ရှိပါတယ်။ ဒါက တစ်ယောက်နဲ့တစ်ယောက် အမျိုးမျိုး မတူကွဲပြားနိုင်ပါတယ်။ အချို့က ခံစားမှု အာရုံကြောတွေ ပေါင်းစုံရာ Clitoris လို့ခေါ်တဲ့ မိန်းမကိုယ် အစေ့ကို နှိုးဆွပေးတဲ့အခါ လိင်စိတ်တက်ကြွမှု အပြင်းအထန်ဆုံး နိုးကြားလာမှာဖြစ်သလို အချို့ကတော့ ရင်သား ၊ လည်ဂုတ် ၊ နားရွက် ၊ ဝမ်းဗိုက် ၊ ဆီးစပ် စသည်ဖြင့် မတူညီတဲ့ နေရာတွေဟာ လျို့ဝှက် ခလုတ်တွေ မြုပ်နှံထားရာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အဖြစ် ရှိနေတက်ပါတယ်။ ဒါကတော့ ကွီးတို့ရဲ့ စူးစမ်းမှုနဲ့ ပါတနာရဲ့အကြိုက်ကို လေ့လာနိုင်တဲ့ စကေးတွေ အပေါ်မူတည်ပြီး လျို့ဝှက် ခလုတ်တွေ လိုက်လံ ဖွင့်ဟနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) သိုင်းကွက် ကောင်းကောင်း ရွေးချယ်ပါ

Sexual health

Photo : Pearl Chemist Group

သိုင်းကျမ်းကျေတဲ့ ဆရာကြီး ဖြစ်ဖို့ သိုင်းကွက်ကောင်းကောင်း ခင်းတက်ဖို့ကလည်း သေချာပေါက် အရေးကြီးပါတယ်။ ကွီးတို့ ထုတ်သုံးလိုက်တဲ့ သိုင်းကွက် အနေအထား အပေါ်မူတည်ပြီး ပါတနာရဲ့ အထွတ်အထိပ် ခံစားမှု ရောက်မရောက်ဆိုတာ အများကြီး သက်ဆိုင်မှု ရှိပါတယ်။ အဓိကအားဖြင့်တော့ Female-Friendly ဖြစ်တဲ့ Positions တွေကို ရွေးသင့်ပါတယ်။ G spot ကို အကောင်းဆုံး နှိုးဆွပေးနိုင်ပြီး အတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နိုင်တဲ့ သိုင်းကွက်တွေဟာ အမျိုးသမီးတွေအတွက်တော့ ခံစားမှု အထွတ်အထိပ် ရောက်စေဖို့အတွက် ပိုမိုလွယ်ကူစေပါတယ်။

ဒီ ၃ ချက်ကို ကောင်းကောင်းသိထားမယ်ဆိုရင်ပဲ ကွီးတို့ သိုင်းကျမ်းကျေတဲ့ ဆရာကြီး တစ်ပါး ဖြစ်နိုင်ပါပြီ။

Source : My Fit Brain

Featured Photo : EmpowHER