Hairstyles တွေကတော့ ခေတ်ရေစီးကြောင်းအလိုက် အမြဲတမ်း ပြောင်းနေတာပါ။ ဒီနှစ်ထဲမှာဆိုရင် Fade Haircuts ဆံပင်ပုံစံတွေကတော့ စာရေးသူတို့ ယောကျာ်းလေးတွေကြားမှာ တော်တော်လေး ရေပန်းစားနေတာ တွေ့ရပါတယ်။ Fade Haircuts ဆံပင်စတိုင်တွေက ရိုးရှင်းတယ် ၊ ပေါ့ပါးလွတ်လပ်မှု ရှိတယ် ၊ တကူးတကကြီး ပုံသွင်းဖြီးလိမ်းနေစရာ မလိုဘူး ၊ လူငယ်တွေရော လူလတ်ပိုင်း ယောကျာ်းလေးတွေအထိ ညှပ်လို့အဆင်ပြေတယ် ၊ ရွေးချယ်စရာ Fade Haircuts စတိုင်တွေလည်း များပါတယ်။ ဒီဆောင်းလေးမှာတော့ ကွီးတို့အတွက် အထာကျတဲ့ Fade Hairstyles တွေထဲက ရွေးချယ်စရာ ဆံပင်စတိုင်အချို့ကို မျှဝေပေးချင်ပါတယ်။
(၁) Mid Taper Fade

Photo : Man Of Many
Mid Taper Fade က လူငယ်တွေကြားမှာ အညှပ်များတဲ့ Fade Hairstyles တွေကတစ်ခုပါ။ ဘေးဘက်ကို နားရွက်အပေါ် တစ်လက်မ ဝန်းကျင်လောက်အထိ Fade ထိုးထားပြီး အနောက်ကိုလည်း အလယ်ကနေ အောက်အထိ ခပ်ပြေပြေလေး Fade ထိုးထားပါတယ်။ ဒီဆံပင်စတိုင်က ဆံပင်အတိုကနေ အရှည်အထိ ညှပ်လို့ အဆင်ပြေပြီး Crew Cuts ၊ French Crops ၊ Faux Hawks နဲ့ Pompadours ဆံပင်စတိုင်တွေနဲ့ပါ တွဲဖက်ညှပ်လို့ လိုက်ဖက်ပါတယ်။
(၂) Afro Taper

Photo : Man Of Many
သဘာဝအတိုင်း ဆံပင်ကောက်တဲ့သူတွေ ၊ စပရိန်လို ဆံသားပိုင်ရှင်တွေ ရွေးချယ်ညှပ်သင့်ပါတယ်။ ဘေးဘက်နဲ့ အနောက်ဘက် အောက်ဖျားပိုင်းကို Fade ထိုးထားပြီး အနားသတ်လိုင်းကောက်ကြောင်းကို ခပ်ရေးရေး ဖော်ထားရတာ ဖြစ်တဲ့အတွက် မျက်နှာကို ပိုထင်းစေပါတယ်။ လူငယ်ဆန်ပြီး အထာကျတဲ့အပြင် သပ်ရပ်တဲ့ အသွင်အပြင်ကို ပုံဖော်ပေးတဲ့ Hairstyle တစ်ခု ဖြစ်ပါတယ်။
(၃) Taper Fade Curly Hair

Photo : Man Of Many
Taper Fade Curly Hair ကတော့ လှိုင်းတွန့်ဆံသား ၊ ဆံသားအကောင်ပိုင်ရှင်တွေအတွက်ပါ။ ဒီဆံပင်စတိုင်က ၂၀၀၀ ခုနှစ်ကာလ ဝန်းကျင်တွေမှာ တော်တော်လေး ရေပန်းခဲ့တဲ့ Hairstyles တွေကတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘေးအနောက်တွေကို ခပ်ပါးပါး ညှပ်ထားပြီး အောက်ဖျားတွေကို ခပ်မှိန်မှိန် ပြေပြေလေး Fade ထိုးထားတာပါ။ အပေါ်ဆံပင်ကိုတော့ ပုံသွင်းလို့ ရတဲ့ အရှည်အနေအထား ထားရပါတယ်။ ဆယ်ကျော်သက်နဲ့ လူငယ်ပိုင်း ယောကျာ်းလေးတွေအတွက် အသင့်လျော်ဆုံး ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။
(၄) Taper With Natural Flow

Photo : Man Of Many
ဒီဆံပင်စတိုင်ကတော့ ဆံပင်အနည်းငယ် အရှည်ထားချင်တယ် ၊ Fade Hairstyles တွေလည်း ကြိုက်တယ်ဆိုသူတွေအတွက်ပါ။ ဘေးနဲ့ အနောက်ကို သဘာဝဆန်ဆန် အရှည်ထားရမှာဖြစ်ပြီး နားထင်အရှေ့ပိုင်းကိုပဲ ခပ်မှိန်မှိန် Fade ထိုးတာပါ။ ပြောရရင်တော့ Modern Mullet ဆံပင်စတိုင်ပုံစံ ဖြစ်ပါတယ်။ အပေါ်ဆံပင်ကို သေချာလေး ပုံသွင်းဖြီးလိမ်းနိုင်သလို လက်နဲ့သပ်တင်ပြီး သဘာဝဆန်ဆန် ခပ်မိုက်မိုက်အထာလည်း ထားနိုင်ပါတယ်။ လူငယ်ပိုင်းရော လူလတ်ပိုင်း ယောကျာ်းလေးတွေနဲ့ပါ လိုက်ဖက်တဲ့ ဆံပင်စတိုင်တစ်ခုပဲ ဖြစ်ပါတယ်။
Source : Man Of Many
Featured Photo : Boss Hunting
 
											
				 
									 
	 
	 
	 
	 
	 
	