ရာသီလာစဉ်အတွင်း ချစ်တင်းနှောခြင်းနဲ့ ပတ်သတ်လို့ သဘောထား အမျိုးမျိုး ကွဲလွဲမှုတွေ ရှိနေဆဲပါ။ ရာသီလာနေစဉ် ချစ်တင်းနှောလို့ ရတယ် / မရဘူး စသည်ဖြင့် ဝေခွဲမရတဲ့ သူတွေလည်း ရှိကြမှာပါ။ တကယ်တော့ ရာသီလာစဉ် အတူနေလို့တော့ ရပါတယ်။ အတူနေမလား ၊ မနေဘူးလားဆိုတာတော့ သင့်ရဲ့ရွေးချယ်မှုက အဓိကပါပဲ။ ရာသီလာချိန်အတွင်း ချစ်တင်းနှောမယ်ဆိုရင် အပြုသဘောဆောင်တဲ့ ကောင်းကျိုးများစွာပင် ရရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီလာစဉ် မီးနီဖြတ် ပြီး ချစ်တင်းနှော မယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ၊ အားသာချက်တွေ ရှိလဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) သက်တောင့်သက်သာ ပိုရှိစေတယ်

Period Sex
Photo : Revoloon

မီးနီဖြတ် ပြီး ချစ်တင်းနှော တဲ့အခါ ရာသီသွေးဟာ သဘာဝချောဆီအဖြစ် လုပ်ဆောင်ပေးတဲ့အခါ ထိုးသွင်းဆက်ဆံမှု လုပ်ဆောင်စဉ်မှာ ပွတ်တိုက်မှုကို လျော့ပါးစေပြီး ချောမွေ့မှုနဲ့ သက်တောင့်သက်သာဖြစ်တဲ့ ခံစားချက်ကို ရရှိစေနိုင်ပါတယ်။ တစ်ခုပါပဲ အိပ်ရာခင်းတွေ ၊ အဝတ်အစားတွေမှာ ရာသီသွေး စွန်းထင်သွားနိုင်တာကိုတော့ သတိပြုရပါမယ်။

(၂) နာကျင်ကိုက်ခဲမှုတွေ သက်သာစေတယ်

Period Sex
Photo : Redbook

ရာသီလာစဉ် အမျိုးသမီးတွေမှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတွေကို ချစ်တင်းနှော ခြင်းဖြင့် သဘာဝအတိုင်း သက်သာစေနိုင်ပါတယ်။ ချစ်တင်းနှောတဲ့အခါ အထွတ်အထိပ် ခံစားမှု အော်ဂဇင် ရချိန်မှာ ခန္ဓာကိုယ်ကနေ Endorphins ဟော်မုန်းတွေ ထုတ်လွှတ်ပေးတာကြောင့် စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေပြီး နာကျင်ကိုက်ခဲတာတွေကို ပြေလျော့သက်သာစေမှာ ဖြစ်ပါတယ်။

(၃) လိင်စိတ်ခံစားမှု ပိုကောင်းစေတယ်

Period Sex

Photo : EZRA Clinic

ရာသီလာနေချိန်မှာ ဟော်မုန်းအတက်အကျကြောင့် Sex Drive ကို ပိုမိုမြင့်တက်နေတက်ပါတယ်။ ဒါက လိင်စိတ်ဆန္ဒ ၊ ချစ်တင်းနှောလိုစိတ်ကို တိုးစေပြီး လိင်စိတ်တက်ကြွမှု ၊ လိင်စိတ်ခံစားချက်တွေကို ပိုပြင်းထန်လာစေနိုင်ပါတယ်။ လိင်စိတ်ခံစားချက် အမြင့်ဆုံးရောက်နေချိန်မှာ ချစ်တင်းနှောတဲ့အခါ ပိုမိုကောင်းမွန်တဲ့ အထိအတွေ့ ၊ သာယာဖွယ် အတွေ့အကြုံတွေနဲ့ စိတ်ကျေနပ်ပျော်ရွှင်ဖွယ်ရာ ခံစားချက်တွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

(၄) အသစ်အဆန်း ဖြစ်စေတယ်

Period Sex

Photo : DRO Health

ရာသီလာစဉ် မီးနီဖြတ် တာဟာ ပုံမှန် အိပ်ရာထက် လိင်မှုဆိုင်ရာ လှုပ်ရှားမှုနဲ့ မတူပဲ ကွဲပြားတဲ့ အတွေ့အကြုံအသစ်ကို ရစေမှာ ဖြစ်ပါတယ်။ နည်းနည်းလေး ထူးဆန်းတယ်လို့ ထင်ရပေမယ့် တကယ်တော့ ရာသီနေချိန်မှာ အတူနေတာဟာ ကျန်းမာပြီး ပုံမှန်ဖြစ်တဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေထဲက တစ်ခုပါပဲ။ အမျိုးသမီးတွေရဲ့ ဓမ္မတာလာတဲ့ ဖြစ်စဉ်အပေါ် အမြင်တွေကို ပြောင်းလဲနိုင်မှာ ဖြစ်သလို ဒါဟာ ဘဝထဲက ဖြစ်ရိုးဖြစ်စဉ် ပုံမှန်အစိတ်အပိုင်း တစ်ခုဆိုတာကို လက်ခံလာနိုင်မှာ ဖြစ်ပြီး ခန္ဓာကိုယ်ဖြစ်တည်မှုနဲ့ လိင်မှုဘဝအပေါ်မှာလည်း အပြုသဘောဆောင်တဲ့ အမြင်တွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : Women’s Health