တစ်ခါတစ်ရံမှာ လိင်စိတ်ဆန္ဒ နည်းပါးပြီး လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ စိတ်ဆန္ဒ လုံးဝမရှိသလောက် နည်းနေတာမျိုး ကြုံဖူးပါသလား ? များသောအားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လိင်စိတ်ဆန္ဒ နည်းပါးတယ်လို့ ယူဆလို့ ရပေမယ့်လည်း စာရေးသူတို့ အမျိုးသားတွေမှာလည်း လိင်ကိစ္စအပေါ်  တစ်နည်းအားဖြင့် ချစ်တင်းနှော ဖို့ စိတ်မပါတဲ့ အချိန်တွေ ရှိတက်ကြပါတယ်။ ဒါဟာ သင်တစ်ယောက်တည်း ဖြစ်တာ မဟုတ်ပါဘူး။ ဘယ်လိုအခြေအနေ ၊ အကြောင်းကြောင်းတွေနဲ့ သက်ဆိုင်နေလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) တက်စတိုစတီရုန်း (Testosterone) နည်းခြင်း

Couple In Bed
Photo : Vaughan Relationship Centre

တက်စတိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ ကျားဟော်မုန်းဟာ လိင်စိတ်ဆန္ဒ Libido အတက်အကျနဲ့ တိုက်ရိုက်ဆက်နွယ်မှု ရှိနေသလို လိင်မှုဘဝအပေါ် သက်ရောက်မှု များစွာရှိပါတယ်။ ခန္ဓာကိုယ်မှာ တက်စတိုစတီရုန်း (Testosterone) ကျဆင်းနေမယ်ဆိုရင် လိင်စိတ်ဆန္ဒ လျော့နည်းနေမှာဖြစ်ပြီး လိင်တံထောင်မတ်နိုင်စွမ်း ၊ လိင်မှုစွမ်းဆောင်ရည်တွေပါ ကျဆင်းတဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။

(၂) စိတ်ဖိစီးမှုများခြင်း

Man Stressed x
Photo : Sweet Sleep Studio

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှု အခြေအနေတွေဟာ လိင်မှုဘဝအပေါ် အပြောင်းအလဲ များစွာ ဖြစ်စေနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေ ၊ လုပ်ငန်းခွင် ၊ စီးပွားရေး ၊ လူမှုရေးဆိုင်ရာ အကြောင်းအရာတွေနဲ့ ဆက်စပ်တဲ့ ဖိအားတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘူးဆိုရင် အိပ်ရာထဲက လိင်မှုစွမ်းဆောင်ရည်အပေါ်မှာပါ ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု ဖိအားတွေကြောင့် ချစ်တင်းနှော ဖို့အတွက် စိတ်မပါ ဖြစ်နိုင်သလို လိင်တံ ကမောက်ကမ ဖြစ်တာ ၊ အော်ဂဇင်မရတာ အပါအဝင် လိင်မှုဘဝ ဘေးထွက်ဆိုးကျိုး များစွာကို ခံစားရနိုင်ပါတယ်။

(၃) ကွဲလွဲမှု အသစ်တွေ လိုနေခြင်း

Couple In Bed
Photo : NORTHEAST NOW

အိပ်ရာထက်က ပုံမှန်လုပ်ရိုးလုပ်စဉ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ ငြီးငွေ့ရိုးအီပြီး စိတ်အားတက်ကြွမှု ကျဆင်းလာတက်ပါတယ်။ သင့်ပါတနာက သင့်အပေါ်မှာ ဆွဲဆောင်နိုင်သေးတယ်ဆိုရင်တောင်မှ သင့်အနေနဲ့ ပုံမှန်နဲ့မတူတဲ့ အပြောင်းအလဲ အသစ်တွေကို လိုချင်နေတယ် ၊ စမ်းသပ်ချင်စိတ်ရှိနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေဟာ ပါတနာနဲ့ ပွင့်လင်းစွာ ပြောဆိုတိုင်ပင်ရင်း အသစ်အဆန်းတွေကို အတူတကွ လုပ်ဆောင်ကြည့်ဖို့ ညှိနှိုင်းရမှာပါ။ မတူညီတဲ့ အပြောင်းအလဲတွေက သင့်ရောသင့်ပါတနာအတွက် ရင်ခုန်စိတ်လှုပ်ရှားတွေကို  မြှင့်တင်ပေးနိုင်ပြီး လိင်စိတ်ခံစားမှုတွေကို တဖန်ပြန်လည် လတ်ဆတ်လာစေ နိုင်ပါလိမ့်မယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်း

 body image
Photo : The Conversation

လူအများစုက ကိုယ့်ရဲ့ Body Image နဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်မှု မရှိကြပါဘူး။ တကယ်တော့ လူတိုင်းမှာ လိုအပ်ချက်ကိုယ်စီ ရှိကြပါတယ်။ ကိုယ့်ခန္ဓာကိုယ် ပုံသဏ္ဍာန်အပေါ် အပျက်သဘောဆောင်တဲ့ အတွေးတွေ တွေးလွန်းတာဟာ မိမိကိုယ်ကို လေးစားမှု ၊ ချစ်ခင်ကြင်နာမှုတွေ ကျဆင်းလာစေပြီး လိင်မှုဘဝမှာပါ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး အရှိကိုအရှိအတိုင်း လက်ခံတက်တဲ့ စိတ်ကိုမွေးမြူနိုင်ဖို့ပဲ အရေးကြီးတာပါ။

Source : Women’s Health

Featured Photo :