အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကွယ်မြုပ်နေတဲ့ ခလုတ် တွေ ရှိတယ်ဆိုတာ ကွီးတို့ သိပါသလား ? ဒီခန္ဓာကိုယ် အစိတ်အပိုင်း နေရာတွေကို Erogenous Zones လို့ ခေါ်ပါတယ်။ တနည်းအားဖြင့် အဆိုပါ Erogenous Zones နေရာတွေကို ထိထိမိမိ ပွတ်သပ်နှိုးဆွပြီး ခလုတ်တွေ ဖြုတ်ပေးနိုင်ရင် လိင်စိတ်နိုးကြားမှု အမြင့်ဆုံးထိ ရောက်ရှိကာ သာယာပျော်ရွှင်ဖွယ် အော်ဂဇင် ခံစားမှုကို ကောင်းကောင်းကြီး ခံစားရရှိစေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပေါ်က ခံစားမှုအမြင့်ဆုံး တနည်းအားဖြင့် Sensitive အဖြစ်ဆုံးနဲ့ လိင်စိတ်နိုးကြားတက်ကြွမှုကို ဂိတ်ဆုံးထိ မြှင့်တင်ပေးနိုင်မယ့် အဓိက ခန္ဓာကိုယ် အစိတ်အပိုင်း နေရာတွေကို ပြောပြပေးပါမယ်။

(၁) မိန်းမကိုယ်ဧရိယာ

Vaginal Area

Photo : OnlyMyHealth

မိန်းမကိုယ်ဧရိယာ တဝိုက်ဟာ ခံစားနိုင်စွမ်းမြင့်မားတဲ့ အာရုံကြောပေါင်းများစွာ စုဝေးရာ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုပါ။ မိန်းမကိုယ် အတွင်း နှုတ်ခမ်းသား ၊ အပြင် နှုတ်ခမ်းသား နှစ်ခုလုံးကို ထိတွေ့ပွတ်သပ်ရင်း ခလုတ် ဖြုတ်ရမှာ ဖြစ်သလို မိန်းမကိုယ် အင်္ဂါအပေါက် ဧရိယာတဝိုက်ကိုပါ နှိုးဆွပေးရမှာ ဖြစ်ပါတယ်။ ညင်သာနူးညံ့တဲ့ ထိတွေ့ပွတ်သပ်မှု ၊ လှုပ်ရှားမှုအရှိန် အနှေး/အမြန်ပေါ် မူတည်ပြီး လိင်စိတ်နိုးကြားမှုဟာ တစ်စထက်တစ်စ ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။

(၂) ဆီးခုံမွှေး

Pubic Mound

Photo : Healthline

အချို့ အမျိုးသမီးတွေအတွက် ဆီးခုံအရိုးအထက်နဲ့ ဆီးစပ်နေရာကို ဖုံးအုပ်ထားတဲ့ အမွှေးအမျှင် ဧရိယာတဝိုက်ဟာ ခံစားမှု အမြင့်ဆုံး Erogenous Zone တစ်ခု ဖြစ်နိုင်ပါတယ်။ ဆီးခုံမှာရှိတဲ့ အမွှေးအမျှင်တွေကို ပွတ်သပ်ကိုင်တွယ် နှိုးဆွခြင်းဖြင့် လိင်စိတ်နိုးကြားတက်ကြွမှု အမြင့်ဆုံးကို ရောက်ရှိလာနိုင်ပြီး သာယာကျေနပ်ဖွယ် ခံစားမှုကို ထိထိမိမိ ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) လိင်အင်္ဂါအစေ့

Clitoris

Photo : Pristyn Care

အမျိုးသမီး လိင်အင်္ဂါအစေ့ (Clitoris) ဟာ ထောင်နဲ့ချီတဲ့ အာရုံကြောတွေရဲ့ အဆုံးသတ်နေရာတစ်ခု ဖြစ်တာကြောင့် ခံစားနိုင်စွမ်းကတော့ အပြင်းထန်ဆုံးနဲ့ အမြင့်ဆုံးလို့ ပြောရမှာပါ။ အမျိုးသမီးတွေအတွက် လိင်မှုဆိုင်ရာ ပျော်ရွှင်ကျေနပ်မှုကို အဓိကပေးစွမ်းနိုင်တဲ့ လိင်အင်္ဂါအစိတ်အပိုင်း နေရာတစ်ခုအဖြစ်လည်း သတ်မှတ်ထားပါတယ်။ လိင်အင်္ဂါအစေ့ (Clitoris) ကို ထိတွေ့ပွတ်သပ်ခြင်း ၊ နမ်းရှုခြင်း ၊ သဘာဝအတိုင်း လက်နဲ့ဖြစ်စေ ဒါမှမဟုတ် Sex Toy တွေရဲ့အကူအညီနဲ့ ဖိအားပေး တုန်ခါစေခြင်း စတဲ့ နည်းလမ်းတွေနဲ့ ထိထိမိမိ ခလုတ် ဖြုတ် နှိုးဆွပေးမယ်ဆိုရင် ခံစားမှု အထွတ်အထိပ်ကို ရောက်ရှိပြီး အော်ဂဇင် ကောင်းကောင်း ရစေမှာ ဖြစ်ပါတယ်။

(၄) A Spot

 A Spot

Photo : Magzter

တော်တော်များများ G Spot ကို သိထားကြပေမယ့် A Spot အကြောင်းကိုတော့ သိပ်ပြီး သတိမထားမိကြပါဘူး။ A Spot ဆိုတာ Anterior Fornix Erogenous Zone (AFE Zone) လို့ခေါ်ပါတယ်။ A Spot နေရာဟာ မိန်းမကိုယ် အရှေ့ဘက်နံရံရဲ့ အတွင်းပိုင်း ခပ်နက်နက် သားအိမ်ခေါင်းအနီးမှာ တည်ရှိတဲ့ ဧရိယာကို ဖြစ်ပါတယ်။ G Spot နည်းတူ ထိတွေ့နှိုးဆွမှု လုပ်ဆောင်ချိန်မှာ ခံစားမှုအာရုံ အပြင်းထန်ဆုံး ခံစားရရှိစေပြီး သာယာကျေနပ်ဖွယ်ရာ စိတ်ခံစားချက်ကို ပေးနိုင်ပါတယ်။ A Spot နေရာကို လက် သို့မဟုတ် Sex Toy တွေနဲ့ နှိုးဆွပေးနိုင်သလို ချစ်တင်းနှော ချိန်မှာ အတွင်းကို ခပ်နက်နက် ထိုးဖောက်ဝင်ရောက်ခြင်းဖြင့် အော်ဂဇင် ခံစားမှုကို ပေးနိုင်ပါတယ်။

ဒါတွေကတော့ အမျိုးသမီးတွေမှာ ခံစားမှု အကြမ်းဆုံးနဲ့ အပြင်းထန်ဆုံး Erogenous Zones နေရာတွေပါ။ အဆိုပါ နေရာတွေကို သေချာလေး ထိတွေ့နှိုးဆွပြီး ခလုတ် တွေဖြုတ်ပေးခြင်းဖြင့် ကွီးတို့ရဲ့ ချစ်သူ ပါတနာအတွက် အကောင်းဆုံး ခံစားမှု ၊ သာယာကျေနပ်မှု ခံစားမှုတွေနဲ့အတူ အထွတ်အထိပ် ခံစားချက် အော်ဂဇင် ရစေဖို့ ထိထိမိမိ‌ စွမ်းဆောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Source : Health Shots

Featured Photo : Candor IVF Center