vivo ကနေ V40e လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်းအသစ်ကို အိန္ဒိယနိုင်ငံမှာ ကြေညာသွားခဲ့ပါပြီ။ vivo V40e ဟာ V40 နဲ့ V40 Pro ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်း ဆင်တူပြီး ဆွဲဆောင်မှုရှိတဲ့ မှန်ခုံးမျက်နှာပြင် နဲ့ လာပါတယ်။

vivo V40e

Photo : GSMArena.com

Display ပိုင်းမှာ FHD+ Resolution ပါတဲ့ ၆.၆၇ လက်မ ကွေးညွှတ် OLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး 120Hz Refresh Rate နဲ့ 4,500 Nits Peak Brightness ထောက်ပံ့ပေးထားပါတယ်။ ကျောဘက်မှာ Dual-Camera Setup နဲ့အတူ vivo ရဲ့ Aura Light Portrait System ထည့်သွင်းပေးထားပါတယ်။

vivo V40e ဖုန်းမှာ MediaTek Dimensity 7300 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB Storage အတွဲအစပ်နဲ့ လာပါတယ်။ အရှေ့ဘက်မှာ Eye Autofocus ပါတဲ့ 50MP ဆယ်လ်ဖီကင်မရာ ၁ လုံး ပါဝင်ပြီး ကျောဘက်မှာတော့ OIS ပါတဲ့ 50MP (IMX882) Main ကင်မရာနဲ့အတူ 8MP Ultrawide ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင် ထားပါတယ်။

Software ပိုင်းမှာ Android 14 အခြေပြု FuntouchOS 14 ကို အသုံးပြုထားပြီး Android ဗားရှင်း Updates ၃ နှစ်နဲ့ Security Patches ၄ နှစ် ပေးထားမယ်လို့ သိရပါတယ်။ ဘက်ထရီပိုင်းမှာတော့ 80W Fast Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,500 mAh ဘက်ထရီ ပါဝင်ပါတယ်။

vivo V40e
Photo : GSMArena.com

vivo V40e ဖုန်းကို Mint Green နဲ့ Royal Bronze ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ 8/128GB ဗားရှင်းအတွက် ရူပီး ၂၈,၉၉၉ (ဒေါ်လာ ၃၄၇) နဲ့ 8/256GB မော်ဒယ်အတွက်ကို‌တော့ ရူပီး ၃၀,၉၉၉ (ဒေါ်လာ ၃၇၀) ခန့် သတ်မှတ်ထားပါတယ်။

V40e ဖုန်းကို vivo ရဲ့ အွန်လိုင်းစတိုးနဲ့ မိတ်ဖက်လက်လီအရောင်းကိုယ်စားလှယ်တွေဆီမှာ Pre-order တင်နိုင်ပြီဖြစ်ပြီး လာမယ့် အောက်တိုဘာ ၂ ရက်နေ့မှာ တရားဝင် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com