ဘော်ဒါတွေနဲ့ ပိတ်ရက်မှာ BBQ ပါတီ လုပ်ချင်လို့ ဖြစ်ဖြစ် ၊ အားလပ်ရက်မှာ အိမ်မှာပဲ မိသားစုနဲ့ အရသာရှိတဲ့ အကင်တွေ ကိုယ်တိုင် လုပ်စားချင်လို့ပဲ ဖြစ်ဖြစ် အကင်ဖိုကောင်းကောင်း တစ်လုံးတော့ သေချာပေါက် လိုပါတယ်။ အခုလက်ရှိ ငွေဈေးနဲ့ အကင်ဖိုတစ်လုံးရဲ့ ဈေးက မသေးပါဘူး။ ဒီအတွက်မပူပါနဲ့။ ကွီးတို့ ဈေးသက်သက်သာသာနဲ့ ကိုယ်တိုင် ဖန်တီးနိုင်မယ့် DIY အကင်ဖို (DIY Flower Pot Grill & Smoker ) ပြုလုပ်နည်းလေး ဝေမျှပေးပါမယ်။ အပင်စိုက်တဲ့ မြေအိုး ၂ လုံး ရှိရုံနဲ့ ကွီးတို့ အလွယ်တကူ အကင်ဖို တစ်လုံး ကိုယ်တိုင် ဖန်တီးလို့ ရပါပြီ။

DIY အကင်ဖိုပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းများ

DIY Flower Pot Grill and Smoker
Photo : Reddit

မြေအိုး ၂ လုံး

အကင် သံဇကာ ၁ ချပ်

လက်ကိုင် သံကွင်း

မူလီ ၂ လုံး

ဖောက်စက်

စတဲ့ ပစ္စည်းတွေ လိုအပ်ပါတယ်။

DIY အကင်ဖိုပြုလုပ်နည်း အဆင့်ဆင့်

Source : Cottage Life

DIY အကင်ဖိုပြုလုပ်နည်းက အရမ်းကို လွယ်ကူရိုးရှင်း လွန်းပါတယ်။ ပန်းအိုး ၁ လုံးက မီးသွေးထည့် အကင်ဗန်းတင်ဖို့ အထိုင် မီးဖိုအနေနဲ့ သုံးရမှာဖြစ်ပြီး နောက်တစ်လုံးကိုတော့ အပေါ်က အဖုံးအဖြစ် ဖန်တီးရမှာပါ။

ပထမဆုံး အထိုင် အကင်ဖိုမှာ အကင်သံဇကာ တပ်ဆင်ဖို့ ပန်းအိုးရဲ့ အတွင်းဘက် အဝအကျယ်အတိုင်း သံဇကာကို ဖြတ်တောက် ရပါမယ်။

ဒုတိယအဆင့် အနေနဲ့ အကင်မီးဖို အဖုံးပြုလုပ်ဖို့အတွက် နောက်ထပ် ပန်းအိုး ၁ လုံးရဲ့ အောက်ခြေကို အဖောက် ၂ ပေါက် ဖောက်လိုက်ပါ။

ထို့နောက် အရစ်ပါတဲ့ လက်ကိုင် သံကွင်းကို တပ်ဆင်ပြီး မြဲသွားအောင် အတွင်းကနေ မူလီကြပ် ပေးရပါမယ်။

ဒါဆိုရင်တော့ အကင်ဖိုနဲ့ အပေါ်က အုပ်မယ့် မီးဖိုအဖုံး တစ်စုံ ရပါပြီ။

လွယ်ကူလျင်မြန်ပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ အကင်ဖို တစ်လုံး ကိုယ်တိုင် ဖန်တီးလို့ရသလို မြေအိုးကို အသုံးပြုထားတဲ့အတွက် အသားကင်ရဲ့ အနံ့အရသာကို ပိုမိုပြည့်စုံကောင်းမွန်စေမှာ ဖြစ်ပါတယ်။

Source : DIY Joy

Featured Photo : DIY Joy