ဂိမ်းအသစ်တွေ စောင့်မျှော်နေကြတဲ့ ဂိမ်းချစ်သူ ကွီးတို့အတွက် အခုလက်ရှိ စက်တင်ဘာလထဲမှာ ကွီးတို့လုံးဝ အကြိုက်တွေ့မယ့် အမိုက်စား ဗီဒီယိုဂိမ်း အသစ်တွေ အများကြီး ထွက်ထားပါတယ်။ The Legend of Zelda ၊ Dead Rising နဲ့ Test Drive အပါအဝင် နာမည်ကြီး Franchise တွေ တော်တော်များများ ပါဝင်ပါတယ်။ ဒီထဲကမှ စိတ်ဝင်စားဖို့ကောင်းပြီး ဂိမ်းချစ်သူကွီးတို့ သေချာပေါက် ကြိုက်စေမယ့် ခပ်မိုက်မိုက် ဗီဒီယိုဂိမ်းအချို့ကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။

(၁) Dead Rising Deluxe Remaster

Source : Capcom USA

Dead Rising Deluxe Remaster ကတော့ လုံးဝကြီးကို မိုက်တဲ့ Zombies ဂိမ်းတစ်ခုပါပဲ။ ၂၀၀၆ ခုနှစ်က ထွက်ခဲ့တဲ့ Original ဗားရှင်းကို ပြန်လည်အဆင့်မြှင့်တင် ထားတာပါ။ Zombies တွေ အပြည့်ရှိနေတဲ့ Shopping Mall ထဲမှာ ၇၂ နာရီခန့် အသက်ရှင်အောင် ကြိုပမ်းရမှာ ဖြစ်ပါတယ်။ မူရင်းဗားရှင်းထက် အသံပိုင်းဆိုင်ရာ ၊ ဂရပ်ဖစ်ပိုင်းဆိုင်ရာတွေ သိသိာသာ ပိုမိုက်လာတာကို တွေ့ရမှာပါ။ PC ၊ PlayStation နဲ့ Xbox ပလက်ဖောင်းတွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။

(၂) Test Drive Unlimited Solar Crown

Source : Xbox

Racing မှ Racing ဆိုတဲ့ ဂိမ်းချစ်သူ ကွီးတို့အတွက် Test Drive Unlimited Solar Crown ဂိမ်းကို ညွှန်းပေးချင်ပါတယ်။ ဟောင်ကောင်မြို့ရဲ့လမ်းမတွေပေါ်မှာ ကမ္ဘာ့အလန်းဆုံး ပြိုင်ကားတွေနဲ့ ယှဉ်ပြိုင်မောင်းနှင်ရမယ့် ပြိုင်ကားဂိမ်း ဖြစ်ပါတယ်။ Ferraris ၊ Lamborghinis ၊ Bugattis ၊ Koenigseggs နဲ့ အခြား ထိပ်တန်းပြိုင်ကားတွေ ပါဝင်ပြီး မတူညီတဲ့ ပြိုင်ပွဲအမျိုးအစား အမျိုးမျိုးကို အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းကလည်း PC ၊ PlayStation နဲ့ Xbox ပလက်ဖောင်းတွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။

(၃) EA Sports FC 25

Source : EA SPORTS FC

ဗီဒီယိုဂိမ်း တွေအကြောင်း ပြောတဲ့အခါ ဂိမ်းချစ်သူ တိုင်း အားလုံးနီးပါးကြိုက်တဲ့ ဘောလုံးဂိမ်းတွေကတော့ မပါမဖြစ်ပါပဲ။ EA Sports FC 25 ကတော့ EA ရဲ့ Franchise ထဲမှာ နောက်ဆုံးထွက်ထားတဲ့ အသစ်စက်စက် အမိုက်စား ဘောလုံးဂိမ်းတစ်ခု ဖြစ်ပါတယ်။ ရှေ့မှာထွက်ခဲ့တဲ့ ဘောလုံးဂိမ်းတွေထက် အများကြီး တိုးတက်ပြောင်းလဲတာကို တွေ့ရပြီး လက်တွေ့ဆန်တဲ့ ရုပ်ထွက်ကွာလတီ ၊ ပိုမိုက်တဲ့ Control ပိုင်းတွေနဲ့ 5 v 5 Rush Mode အသစ် ပါဝင်လာသလို ထိပ်တန်း အမျိုးသမီး ဘောလုံးလိဂ် ၅ ခုရဲ့ နာမည်ကြီး အမျိုးသမီး ဘောလုံးသမားတွေပါ ပါဝင်လာတာ ဖြစ်ပါတယ်။ ဒီဂိမ်းကတော့ PC ၊ PlayStation ၊ Xbox Switch နဲ့ Switch ပလက်ဖောင်းတွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။

(၄) Caravan SandWitch

Source : PlayStation

Caravan SandWitch ဂိမ်းလေးကတော့ အေးအေးဆေးဆေး ဂိမ်းလေးတွေ ကြိုက်တဲ့ ဂိမ်းချစ်သူ တွေအတွက်ပါ။ ဂိမ်းပုံစံလေးက သိပ္ပံစိတ်ကူးယဉ် ကမ္ဘာကို ဖြတ်သန်းခရီးနှင်ပြီး ပျောက်ဆုံးနေတဲ့ ညီမဖြစ်သူကို ရှာဖွေရင်း လျှို့ဝှက်ချက်တွေ ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ စွန့်စားခန်းတွေကို ကျော်ဖြတ်ရမှာ ဖြစ်သလို ခေါင်းစားရမယ့် လျို့ဝှက်ဆန်းကြယ် ပဟေဠိတွေကို အဖြေရှာရင်း စိတ်ဝင်စားဖွယ် ဆော့ကစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းသွားလေး တော်တော်မိုက်တယ်လို့ ပြောရမှာဖြစ်ပြီး ဂရပ်ဖစ်ပိုင်းကလည်း ပြောစရာမလိုအောင် ပြည့်စုံပါတယ်။ ဒီဂိမ်းလေးကို PC ၊ PlayStation နဲ့ Switch ပလက်ဖောင်းတွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။

Source : Man Of Many

Featured Photo : EA