ချစ်တင်းနှော ပြီးနောက်မှာ ပင်ပန်းနွမ်းနယ်မှု ခံစားရတာဟာ ပုံမှန်ပါပဲ။ ယေဘုယျအားဖြင့် အမျိုးသားတွေဟာ မိနစ်အနည်းငယ်လောက် အနားယူပြီးတာနဲ့ အားအင်တွေ ပြန်လည်ပြည့်ဝပြီး လန်းဆန်းတက်ကြွမှုတွေကို ပြန်လည်ရရှိ ကြပါတယ်။ အကယ်၍ ဒီလိုမှ မဟုတ်ပဲ တစ်ကြိမ်တည်းနဲ့ ဖလက်ပြသွားတယ် ၊ ပင်ပန်းပြီး တန်းအိပ်ပျော်သွားတယ် ဆိုရင်တော့ စွမ်းအင်ကျဆင်းမှု ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲ ၊ ဘယ်လိုအခြေအနေတွေက ကွီးတို့ ကို တစ်ကြိမ်တည်းနဲ့ အလဲထိုးခံလိုက် ရသလို ပြိုင်းသွားစေတာလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းလို့

Physical exertion

Photo : Canadian Men’s Health Foundation

ချစ်တင်းနှောတာဟာ လေ့ကျင့်ခန်းအစီအစဉ်တစ်ခု လုပ်ဆောင်ခြင်းနဲ့ အကျိုးအာနိသင်ချင်း တူညီပါတယ်။ အမျိုးသားတွေမှာ ချစ်တင်းနှော နေစဉ်အတွင်း ပျမ်းမျှ ၁ မိနစ်ကို ၄.၂ ကယ်လိုရီလောင်ကျွမ်းတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် သို့မဟုတ် အချိန်ကြာမြင့်စွာ ချစ်တင်းနှော ပြီးနောက်မှာ လေ့ကျင့်ခန်းလုပ်သကဲ့သို့ ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရတက်ပါတယ်။ ကွီးတို့ အနေနဲ့ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု မရှိဘူး ၊ လေ့ကျင့်ခန်း မလုပ်ဖြစ်ဘူးဆိုရင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းပြီး တစ်ကြိမ်တည်းနဲ့ ပြိုင်းသွားနိုင်ပါတယ်။

(၂) စိတ်ဖိစီးမှု များနေလို့

Stress

Photo : Ottawa Men’s Health Clinic

စိတ်ဖိစီးမှုတွေဟာ ကွီးတို့ ရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ပင်ပန်းနွမ်းနယ်ခြင်းတွေ ခံစားရစေနိုင်ပါတယ်။ အဓိကအားဖြင့် စိတ်ဖိစီးမှု များနေတဲ့အချိန် ခန္ဓာကိုယ် ကြွက်သားတွေမှာ တင်းကြပ်မှုကို ခံစားရစေတက်ပြီး ပုံမှန်အချိန်တွေထက် အလွယ်တကူ စွမ်းအင်ကျဆင်းတဲ့ ပြဿနာ ဖြစ်နိုင်ခြေ များတာ ဖြစ်ပါတယ်။ ချစ်တင်းနှောပြီးနောက်မှာ ကြွက်သားတင်းမာမှုနဲ့ ဖိအားတွေ အနည်းငယ် လျော့ကျသက်သာစေနိုင်တယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာ အရုပ်ကြိုးပြတ် ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ခံစားရစေတက်ပါတယ်။

(၃) အိပ်ချိန် လုံလုံလောက်လောက် မရလို့

 Lack of sleep

Photo : ISHN.com

လူတစ်ယောက်ဟာ အိပ်ချိန်လုံလောက်စွာ မရပါက ချစ်တင်းနှောခြင်း အပါအဝင် အခြားသော ရုပ်ပိုင်းဆိုင်ရာ ကိုယ်လက်လှုပ်ရှားမှုတွေမှာ ပုံမှန်ထက်ကို ပိုပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရစေနိုင်ပါတယ်။ ချစ်တင်းနှော ပြီးနောက်မှာ အလွန်အမင်း စွမ်းအင်ကျပြီး ပင်ပန်းနွမ်းနယ်နေတယ် ၊ အိပ်ပျော်သွားတဲ့အထိ ဖလက်ပြသွားတယ်ဆိုရင်တော့ ကွီးတို့ မှာ ညံ့ဖျင်းတဲ့ အိပ်စက်မှု အရည်အသွေးကို ပိုင်ဆိုင်ထားလို့ ဒါမှမဟုတ် ညစဉ်ညတိုင်း အိပ်ရေးပျက်ပြီး အိပ်ချိန်လုံလုံလောက်လောက် မရလို့ ဖြစ်နိုင်ပါတယ်။

(၄) သွေးတွင်းသကြားဓာတ် ကျဆင်းနေလို့

Low blood sugar

Photo : Converge International

ချစ်တင်းနှောတဲ့အခါ ခန္ဓာကိုယ်ကနေ စွမ်းအင်နဲ့ ခွန်အားတွေကို အသုံးပြုရပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ စွမ်းအင်ပမာဏ ပြည့်ဝနေဖို့ အစာအာဟာရနဲ့ သွေးတွင်းသကြားဓာတ်ဟာ အဓိကအရေးပါတဲ့ အချက်တစ်ခုပါ။ ချစ်တင်းမနှောမှီ နာရီပိုင်းအလိုမှာ ရေ သို့မဟုတ် အစားအစာတစ်ခုခု မစားထားပါက ရေဓာတ်ခန်းခြောက်မှုနဲ့ သွေးတွင်းသကြားဓာတ် ကျဆင်းမှုတို့ကို ဖြစ်စေနိုင်ပြီး ဒါဟာ ချစ်တင်းနှော ပြီးနောက်မှာ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် မူးဝေခြင်းတွေကို ခံစားရစေနိုင်ပါတယ်။

Source : Healthshots

Featured Photo : New York Post