တစ်ခေတ်တစ်ခါက လူကြိုက်များ ရေပန်းစားခဲ့တဲ့ ခေတ်ဟောင်းရုပ်ရှင်တွေကို ပြန်လည်ကြည့်ရှုခံစားရတဲ့ ဖီလင်က ဘာနဲ့မှလဲလို့မရတာ အမှန်ပါ။ တစ်ခါတစ်ရံမှာ နောက်ဆုံးပေါ် အမိုက်စားနည်းပညာ အသစ်တွေနဲ့ ရိုက်ကူးတင်ဆက် ထားပါတယ်ဆိုတဲ့ ခေတ်ပေါ်ရုပ်ရှင်တွေထက် သဘာဝဆန်ဆန် ရှေးခေတ်ရုပ်ရှင် အနုပညာအဟောင်းအမြင်းတွေကို ပြန်ကြည့်ရတဲ့ ခံစားချက်က ပိုမိုက်ပါတယ်။ အချို့ ခေတ်ဟောင်း ရုပ်ရှင်တွေဆိုရင် ဒီနေ့အချိန်ထိကို လူကြိုက်များ နာမည်ကြီးနေဆဲပါ။ ဒီတစ်ခေါက်တော့ ရုပ်ရှင်ချစ်သူတွေအတွက် IMDb Rating ကောင်းကောင်းထားရတဲ့ တစ်ခေတ်တစ်ခါက အကောင်းဆုံး စာရင်းဝင် ခေတ်ဟောင်း ရုပ်ရှင် တွေကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။

(၁) The Godfather (1972)

Source : Paramount Pictures

အမေရိကန်စာရေးဆရာ Mario Puzo ရဲ့ ဝတ္ထုကို အခြေခံပြီး ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ The Godfather ရုပ်ရှင်ကားကတော့ သမိုင်းတစ်လျှောက် အကောင်းဆုံး ရုပ်ရှင် စာရင်းဝင်တဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ Al Pacino ၊ Marlon Brando နဲ့ Robert De Niro တို့လို ဝါရင့်ထိပ်တန်း သရုပ်ဆောင်တွေ ပါဝင်ထားပြီး ဂိုဏ်းစတား မိသားစုဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်ကားက ရုပ်ရှင်သမိုင်းမှာ ဩဇာအကြီးမားဆုံး ဆုပေါင်းများစွာကို ဆွတ်ခူးထားပြီး IMDb Rating 9.2/10 အထိ ရရှိထားပါတယ်။

(၂) Pulp Fiction (1994)

Source : Miramax

၁၉၉၀ ဝန်းကျင်ကာလတွေမှာ တစ်ကမ္ဘာလုံး အတိုင်းအတာ ပေါက်မြောက်ခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ Pulp Fiction ရုပ်ရှင်ကားက အပါအဝင်ပါ။ ဒီဇာတ်ကားဟာ ရုပ်ရှင်သမိုင်းကြောင်း တစ်လျှောက်က အကောင်းဆုံး ရုပ်ရှင် ၁၀ ကားစာရင်းရဲ့မှာ တန်းဝင်ထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Quentin Tarantino ၊ John Travolta ၊ Uma Thurman ၊ Samuel L. Jackson နဲ့ Bruce Willis တို့လို့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်တွေ တော်တော်များများ ပါဝင်သရုပ်ဆောင် ထားပါတယ်။ သည်းထိတ်ရင်ဖိုစရာ မှုခင်းအချင်းအရာ ဇာတ်ကားအမျိုးအစားအောက်မှာ ပါဝင်ပေမယ့် ရုပ်ရှင်ရဲ့တင်ဆက်ပုံဟာ လေးနက်ပြီး ထည်ထည်ဝင်ဝင် ခံစားလေ ရသမြောက်လေ ဖြစ်ပါတယ်။ Quentin Tarantino ကိုယ်တိုင် ဒါရိုက်တာ အဖြစ် တာဝန်ယူ ရိုက်ကူးထားပြီး IMDb Rating 8./10 ရရှိထားပါတယ်။

(၃) The Green Mile (1999)

Source : Rotten Tomatoes Classic Trailers

မင်းသားကြီး Tom Hanks ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပြီး Michael Clarke Duncan နဲ့ တွဲဖက်အညီဆုံး သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီး စာရေးဆရာ Stephen King ရဲ့ နာမည်တူ The Green Mile အခန်းဆက် ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ပြန်လည်ခံစား တင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် ဟာကွက်မရှိ ပြီးပြည့်စုံတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရုပ်ရှင်ချစ်သူတွေကြားမှာ တော်တော်လေးကို ပြောစမတ်တွင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး မတရားမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချနင်းခံကြရတဲ့ နင်းပြားဘဝတွေနဲ့ လူ့ပတ်ဝန်းကျင် ၊ လူ့သဘောသဘာဝအကြောင်းတွေကို အရှိုက်ထိထိ ထင်ဟပ်စေတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDb Rating 8.6/10 ရရှိထားပါတယ်။

(၄) Dances with Wolves (1990)

Source : Rotten Tomatoes Classic Trailers

မင်းသားကြီး Kevin Costner ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရော အဓိက သရုပ်ဆောင်နေရာကပါ ပါဝင်လက်စွမ်းပြထားတဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စွန့်စားမှုနဲ့ အသက်ရှင်ရေးဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ဖြစ်တည်လာရတဲ့ လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှု အခြေအနေတွေကို အကောင်းဆုံး ရိုက်ကူးတင်ဆက်ပြသထားပါတယ်။ အော်စကာဆုပေါင်းများစွာ ဆွတ်ခူးထားပြီး ရုပ်ရှင်သမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်သလို IMDb Rating အနေနဲ့လည်း 8/10 ရရှိထားပါတယ်။

Source : Savoir Flair

Featured Photo : Anna Woods Film Critic