ရွေးချယ်စရာ သိပ်ကိုများတဲ့ အမျိုးသားသုံး ရေမွှေး တွေထဲကမှ ယောက်ျားဆန် ဆန် အနံ့မျိုး ၊ ရနံ့ကောင်းပြီး Performance ပိုင်း ရှယ်ဖြစ်နေတဲ့ ရေမွှေးမျိုး သုံးချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာ ပိုက်ဆံသုံးရကျိုး နပ်စေမယ့် အကောင်းဆုံး အမျိုးသားသုံး ရေမွှေးအချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Terre D’Hermes Eau Intense Vetiver

Terre D’Hermes Eau Intense Vetiver

Photo : Man Of Many

Hermès ရဲ့ Terre D’Hermes Eau Intense Vetiver ကတော့ ဒီနှစ်ထဲမှာ တော်တော်လေး ရေပန်းစား လူကြိုက်များနေတဲ့ ရေမွှေး တစ်ခုပါ။ Vetiver နဲ့ Citrus Notes တွေကို အချိုးကျကျ ပေါင်းစပ်ဖန်တီးထားတဲ့ သူ့ရဲ့ ရနံ့က တော်တော်လေး Masculine ဆန်ပြီး ခပ်မိုက်မိုက် ယောကျာ်းတစ်ယောက်ရဲ့ အသွင်အပြင်ကို ပေါ်လွင်စေပါတယ်။ ၁ မီတာ ပတ်လည်လောက်ကို Projection ကောင်းကောင်းပေးနိုင်ပြီး တစ်ခါဆွတ်ထားရင် ၆ နာရီလောက် အသာလေး ခံပါတယ်။

(၂) Absolu Aventus

Absolu Aventus

Photo : Man Of Many

Original Aventus သုံးရတာ ရိုးအီနေရင်တော့ Absolu Aventus ပြောင်းသုံးကြည့်ပါ။ ဒီကောင်လေးက OG Aventus ထက် Dark ပိုဖြစ်ပြီး ပိုမိုက်တယ်လို့ နာမည်ကြီးပါတယ်။ Fresh ဖြစ်တဲ့ အနံ့ကိုမှ ပျော့ပြောင်းသိမ့်မွေ့တဲ့ အချိုလေး ခပ်ပါးပါ ရောထည့်ထားတဲ့ သူ့ရဲ့ ရနံ့က တော်တော်လေးကို Unique ဖြစ်သလို Luxury ဆန်တဲ့ Vibe မျိုး အပြည့်အဝ ခံစားရစေပါတယ်။ ၄ ချက်လောက် ဆွတ်ထားရင်ပဲ ကိုယ်တိုင်ရော ဘေးကလူတွေပါ ခပ်ပြေပြေလေး မွှေးနေမှာဖြစ်ပြီး Compliment ကောင်းကောင်း ရစေမယ့် ရေမွှေး မျိုး ဖြစ်ပါတယ်။

(၃) Valentino Uomo Intense

Valentino Uomo Intense

Photo : Man Of Many

Parfums de Marly ရဲ့ Galloway နဲ့ Dior Homme Intense တို့နဲ့အပြိုင် နာမည်ကြီးတဲ့ ရေမွှေးကတော့ Valentino Uomo Intense ပါ။ ခပ်ချိုချို Vanilla နဲ့ Leather အနံ့တို့ကို ပေါင်းစပ်ထားတဲ့ သူရဲ့ရနံ့က တော်တော်လေး ဆွဲဆောင်မှုရှိပြီး Sexy ဆန်ဆန် ယောကျာ်းတစ်ယောက်အသွင်ကို ဖော်ဆောင်ပေးပါတယ်။ Night Time နဲ့ အေးတဲ့ ရာသီတွေမှာ သုံးလို့ ပိုကောင်းပြီး အရေပြားပေါ် တိုက်ရိုက်ဆွတ်ထားရင် ၅ နာရီ ဝန်းကျင်လောက်တော့ အေးဆေးခံပါတယ်။

(၄) H24 Eau de Parfum

H24 Eau de Parfum

Photo : Man Of Many

ယောကျာ်းဆန်ဆန်နဲ့ ထူးထူးခြားခြား အနံ့မျိုး ဖြစ်ရမယ် ၊ Performance လုံးဝမိုက်နေတဲ့ ရေမွှေးမျိုးမှ သုံးချင်တယ်ဆိုရင်တော့ နှစ်ခါပြန် မစဉ်းစားသင့်တဲ့ ရေမွှေး တွေထဲမှာ H24 Eau de Parfum ပါပါတယ်။ Unique ဖြစ်ပြီး တော်တော်လေး စွဲမက်စရာကောင်းတဲ့ Oakmoss နဲ့ Clary Sage ရနံ့တွေပါတဲ့ H24 Eau de Parfum က အမျိုးသားသုံး ရေမွှေးတွေထဲမှာတော့ နာမည်ကြီးပါ။ ရုံးသွားကျောင်းသွား နေ့စဉ်သုံးလို့အဆင်ပြေသလို ပါတီတွေနဲ့ ခရီးသွားချိန်တွေမှာပါ သုံးလို့ကောင်းတဲ့ အမိုက်စား ရေမွှေးတစ်ခု ဖြစ်ပါတယ်။

Source : Man Of Many

Featured Photo : Man Of Many