ဒီတစ်ခေါက်မှာတော့ ဂိမ်းချစ်သူ ကွီးတို့အတွက် Offline ဂိမ်း ခပ်မိုက်မိုက်လေးတွေ ပြောပြပေးချင်ပါတယ်။ Android ရော iOS မှာပါ ကစားလို့ ရတဲ့ ဂိမ်းလေးတွေ ရွေးချယ်တင်ဆက်ပေးသွားမှာပါ။ အင်တာနက်မလို ၊ Wifi မလိုပဲ ကွီးတို့ ဖုန်းထဲ ဒေါင်းထားရုံနဲ့ အချိန်မရွေးဆော့လို့ရမယ့် အမိုက်စား ဂိမ်းလေးတွေ ဖြစ်ပါတယ်။

(၁) Art of Rally

Source : Funselektor

Art of Rally ဂိမ်းလေးကတော့ ပေါ့ပေါးပါးပါးနဲ့ ဆော့လို့ကောင်းတဲ့ အမိုက်စား Racing ဂိမ်းလေးပါ။ ခေတ်ဟောင်းစတိုင် ပြိုင်ကားလေးတွေကို မောင်းနှင်ရမှာဖြစ်ပြီး ရင်သပ်ရှုမောဖွယ် ရှုခင်းလေးတွေနဲ့ သာယာငြိမ့်ငြောင်းတဲ့ နောက်ခံတေးသံစဉ်လေးတွေ ထည့်ပေးထားပါတယ်။ အေးအေးဆေးဆေး စိတ်လက်ပေါ့ပါးစွာ ဆော့ကစားချင်သူတွေအတွက်တော့ ဒီဂိမ်းလေးက လုံးဝကွက်တိပါပဲ။

(၂) Gangstar Vegas

Source : Gangstar

GTA ပုံစံဂိမ်းတွေ ကြိုက်ရင်တော့ Gangstar Vegas ကို ဆော့ကြည့်သင့်ပါတယ်။ ဒီဂိမ်းလေးက Open World Action-adventure ဂိမ်း အမိုက်စားလေး တစ်ခုပါ။ ရာဇ၀တ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ မြို့ကြီးထဲမှာ ဂိုဏ်းစတားဆန်ဆန် ရှင်သန်ရင်း Missions တွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက Android ရော iOS မှာပါ ကစားနိုင်ပါတယ်။

(၃) Unruly Heroes

Source : PlayStation

ဂန္ထဝင်တရုတ်ပုံပြင် “Journey To The West ” ကို Inspired ယူ ဖန်တီးထားတဲ့ ဂိမ်း ဖြစ်ပါတယ်။ ဝူခုန်းတို့ ပါကျဲတို့လို အဓိကဇာတ်ကောင်တွေ ပါဝင်ပြီး မတူညီတဲ့ Challenges မျိုးစုံကို ရင်ဆိုင်ကျော်ဖြတ်ရင်း ပျော်ပျော်ပါးပါး ဆော့ကစားရမှာ ဖြစ်ပါတယ်။ အက်ရှင်နဲ့ ဟာသလေးတွေပါ ပေါင်းထည့်ထားပြီး တဆင့်ပြီးတဆင့် ရင်ခုန်စိတ်လှုပ်ရှားဖို့ ပိုကောင်းလာတဲ့ အမိုက်စား ဂိမ်းလေးပါ။ Android နဲ့ iOS ၂ ခုလုံးမှာ ကစားလို့ ရပါတယ်။

(၄) Populous Run

Source : FIFTYTWO

ချစ်စရာကောင်းတဲ့ ဂိမ်း ဇာတ်ကောင်လေးတွေ ပါဝင်တဲ့ Endless Runner ဂိမ်းလေး ဖြစ်ပါတယ်။ ဧရာမဒိုးနက်ကြီးတွေ ၊ မက်ခရွန်မုန့်တွေလို့ ထူးထူးဆန်းဆန်း အတားအဆီးတွေကို ကျော်ဖြတ်ရင်း အဖွဲ့လိုက်ကြီး ပြေးရမှာပါ။ ဒီဂိမ်းလေးက ပေါ့ပေါ့ပါးပါးရှိတယ် ၊ ပျော်ဖို့ကောင်းတယ် ၊ စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။ Populous Run ဂိမ်းလေးကို Android ရော iOS မှာပါ ကစားနိုင်ပါတယ်။

Source : Topview

Featured Photo : GRIN