Oily Skin အသားအရေ ပိုင်ရှင်တွေအနေနဲ့ မျက်နှာအရေပြားပေါ်က အဆီထုတ်လုပ်မှုကို ထိန်းညှိပေးပြီး အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်စေဖို့ ပုံမှန်တစ်ပတ်ကို တစ်ကြိမ်လောက်တော့ Exfoliation လုပ်သင့်ပါတယ်။ Exfoliation လုပ်တဲ့အခါ Chemical ပါတဲ့ ထုတ်ကုန်တွေကို တက်နိုင်သမျှ ရှောင်သုံးတာ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ Oily Skin သမားတွေအတွက် သဘာဝပစ္စည်းတွေနဲ့ မျက်နှာကို ဂျေးချွတ်သန့်စင်နိုင်မယ့် အရိုးရှင်းဆုံး Homemade Scrub ပြုလုပ်နည်းလေး မျှဝေပေးချင်ပါတယ်။

Coffee Face Scrub

Coffee Face Scrub

Photo : EQUO Vietnam Shop

ပါဝင်ပစ္စည်းကတော့ ၂ မျိုးတည်းပါပဲ။ ကော်ဖီအကြမ်းမှုန့်နဲ့ ဒိန်ချဉ်ပဲ လိုပါတယ်။ ကော်ဖီမှုန့်ဟာ အရေပြားပေါ်က အဆီပိုတွေနဲ့ အညစ်အကြေးတွေကို ထိရောက်စွာ ဖယ်ရှားသန့်စင် ပေးနိုင်ပြီး ဒိန်ချဉ်ကတော့ အသားအရေကို နူးညံ့ချောမွတ်စေဖို့ ကူညီပေးပါတယ်။ အဆိုပါ ပါဝင်ပစ္စည်း ၂ မျိုးလုံးမှာ အသားအရေ အတွက် အကျိုးပြုတဲ့ Antioxidant နဲ့ အာဟာရဓာတ်တွေ ပေါပေါများများ ပါဝင်တာကြောင့် ၂ မျိုးကို ရောစပ်ပြီး Face Scrub အနေနဲ့ အသုံးပြုတဲ့အခါ အရေပြားအတွင်းပိုင်းအထိ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဖြူဝင်းချောမွတ် တဲ့ အသားအရေ ကို ပိုင်ဆိုင်နိုင်စေမှာပဲ ဖြစ်ပါတယ်။ ကဲဒါဆို Coffee Face Scrub ပြုလုပ်နည်း အသေးစိတ်ကို ဆက်ကြည့်ရအောင်ပါ။

ပါဝင်ပစ္စည်းများ

  • ကော်ဖီအကြမ်းမှုန့် စားပွဲတင် ဇွန်း ၁ ဇွန်း
  • ဒိန်ချဉ် စားပွဲတင် ဇွန်း ၁ ဇွန်း

စသည်တို့ လိုပါတယ်။

Coffee Face Scrub ပြုလုပ်နည်းအဆင့်ဆင့်

Coffee Face Scrub
Photo : Miss Wish

သန့်စင်တဲ့ ပန်းကန်လုံး တစ်ခုထဲမှာ ပါဝင်ပစ္စည်းတွေ ဖြစ်တဲ့ ကော်ဖီမှုန့် စားပွဲတင် ဇွန်း ၁ ဇွန်း နဲ့ ဒိန်ချဉ် စားပွဲတင် ဇွန်း ၁ ဇွန်း တို့ကို ရောထည့်ပြီး သေချာလေး သမအောင် မွှေပေးပါ။ ကော်ဖီနဲ့ ဒိန်ချဉ်တွေ သေချာရောသွားပြီး အနှစ်အနေအထား ရပြီဆိုရင်တော့ မျက်နှာအရေပြားပေါ်မှာ တင်ပြီး စက်ဝိုင်းပုံစံ ညင်သာစွာ ခပ်ဖွဖွ ပွတ်လိမ်းပေးပါ။ ၂ မိနစ် သို့မဟုတ် ၃ မိနစ်ခန့် ညင်သာစွာ ပွတ်လိမ်း ဂျေးချွတ်ပေးရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ အချိန် ၁၀ မိနစ်ခန့် အခြောက်ခံထားလိုက်ပါ။ အချိန်ပြည့်ရင် ရိုးရိုးရေနဲ့ မျက်နှာသစ် လိုက်လို့ ရပါပြီ။

Homemade Coffee Face Scrub ပြင်ဆင် / အသုံးပြုချိန်ဟာ စုစုပေါင်း ၁၅ မိနစ်ခန့်လောက်ပဲ လိုပါတယ်။ လွယ်ကူရိုးရှင်းပြီး ငွေကုန်ကြေးကျ သက်သာသလို အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်အတွက် အကိုက်ညီဆုံး ကိုယ်တိုင်လုပ် အိမ်တွင်း Face Scrub တစ်ခု ဖြစ်ပါတယ်။

အကယ်၍ နို့ထွက် ပစ္စည်းတွေနဲ့ ဓါတ်မတည့်ပါက ဒိန်ချဉ်အစား ပျားရည်ကို အစားထိုး အသုံးပြုနိုင်ပါတယ်။

ဒီ Homemade Coffee Face Scrub ကို တစ်ပတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် အသုံးပြီး Exfoliation လုပ်နိုင်ပါတယ်။

Source : StyleCraze

Featured Photo : mars by GHC