ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ် ၂၂ ရက်အတွင်း မွေးဖွားသူတွေကို Zodiac Signs အရ သိဟ်ရာသီဖွား Leo ရာသီခွင်အဖြစ် သတ်မှတ်ပါတယ်။ သိဟ်ရာသီဖွားတွေဟာ နေကိုလွှမ်းမိုးတဲ့ မီး Sign တွေ ဖြစ်တာနဲ့အညီ Empower မြင့်တယ် ၊ အမှီအခိုကင်းကင်း နေထိုင်တက်တဲ့ သဘောသဘာဝရှိတယ် ၊ တစ်ခါတစ်ရံမှာ ခေါင်းမာပြီး ဒေါသကြီးကြပေမယ့် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေတတ်တယ် ၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်တယ် ၊ ဘဝအတွက် စိတ်အားထက်သန်မှု ပြင်းပြင်းနဲ့ ကြိုးစားလိုစိတ် မြင့်မားကြပါတယ်။ ကွီးတို့က ခေါင်းမာသလောက် ချစ်စရာကောင်းတဲ့ Leo မလေး တစ်ယောက်ကို စိတ်ဝင်စားနေတယ်ဆိုရင်တော့ သိဟ်ရာသီဖွား အမျိုးသမီးတွေရဲ့ စိတ်နေစိတ်ထား ၊ သဘောသဘာဝတွေကို သိထားမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဒီဆောင်းပါးလေးမှာ Leo ရာသီ အမျိုးသမီးတွေအကြောင်း အကျဉ်းချုံး ပြောပြပေးချင်ပါတယ်။

(၁) စိတ်အားထက်သန်မှု အပြည့်ရှိတယ်

Couple

Photo : Utah State University Extension

Leo တွေက Passionate ဖြစ်ဖြစ် နေထိုင်တက်ကြသူတွေပါ။ ဘဝဖြတ်သန်းမှု ၊ အလုပ်အကိုင် ၊ ဝါသနာနဲ့ စိတ်ဝင်စားတဲ့ အရာတွေအပေါ် စိတ်အားထက်သန်မှု အပြည့်ရှိကြပါတယ်။ စိတ်မဝင်စားတဲ့ အရာတွေအပေါ် အားနာပါနာတော့ လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တကယ် Passion ဖြစ်တဲ့ ဘယ်အရာမဆို စိတ်အားထက်သန်မှုနဲ့ ရေကုန်ရေခမ်း ကြိုးစားတက်ကြပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်

Couple

Photo : Care for the Family

အမြဲတမ်း Confidence Level So High နေသူတွေလို့ပြောရင် Leo မလေး တွေက ထိပ်ဆုံးကပါပါတယ်။ Leo အမျိုးသမီးတစ်ယောက်နဲ့ စကားပြောကြည့်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ်ဆိုတဲ့ စရိုက်လက္ခဏာတွေကို ကွီးတို့ ချက်ချင်း ခံစားမိမှာပါ။ ပတ်ဝန်းကျင်ဘေးလူစကားတွေကြောင့် အတွေးချော်သွားတာ ၊ သိမ်ငယ်သွားတာမျိုး Leo တွေမှာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ယုံကြည်ထားပြီး ဆုံးဖြတ်ချက် ပြတ်သားခိုင်မာသူတွေ ဖြစ်ကြပါတယ်။

(၃) လက်လန်အောင် ခေါင်းမာတယ်

Couple

Photo : The Today Show

သတိထားရမယ့် အချက်တစ်ခုပါ။ Leo မလေး တွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဇွဲရှိတဲ့ သူတွေ ဖြစ်ကြပေမယ့် တစ်ခါတစ်ရံမှာတော့ လက်ဖျားခါလောက်အောင်ကို ခေါင်းမာတက်ကြပါတယ်။ မှန်တယ် ထင်ရာကို ဇွတ်လုပ်တက်ကြပြီး မှားသွားခဲ့ရင်တောင် ကြိတ်ခံတဲ့ သူမျိုးတွေပါ။ ခေါင်းမာချက်က 9 လောက်ရှိတာမလို့ Leo တွေကို တရားပြဖို့တော့ မကြိုးစားမိပါစေနဲ့။ ကွီးတို့ပဲ မောသွားပါလိမ့်မယ်။

(၄) ရှယ်ချစ်တက်တယ်

Couple
Photo : WNCT

Leo မလေး ပလေးတယ်ဆိုတာ ပုံပြင်ထဲမှာပဲ ရှိပါလိမ့်မယ်။ လက်တွေ့ဘဝမှာ ရှိရင်လည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ သူတို့ တကယ်မချစ်လို့ပါ။ Leo တွေ တကယ် ဖောအင်လပ်သွားရင် ဘယ်တော့မှ မပလေးပါဘူး။ ရှယ်ကြူး ၊ ရှယ်ချစ်ပြ တက်ကြသူတွေပါ။ ချစ်တာကို တစ်ဖက်လူ သိအောင်လည်း ချစ်ပြတက်သလို ၊ ချစ်မိပြီဆိုရင်လည်း ဆေးဖြစ်ဝါးဖြစ်မဟုတ်ပဲ ခွေးဖြစ်နွားဖြစ်ကို ချစ်ကြတာပါ။ Loyal လည်းဖြစ်ပြီးသစ္စာရှိတာနဲ့ ပတ်သတ်လို့ Leo တွေက အမြဲနာမည်ကောင်း ရထားတာပါ။ ဆိုတော့ ရှယ်ချစ်တာ ခံချင်တဲ့ ကွီးတို့ကတော့ Leo မလေးတွေနဲ့ ကွက်တိပါပဲ။

ကွီးတို့ရော Leo မလေး တွေနဲ့ ချစ်ဖူးပြီးလား ? Leo တွေကောင်းမကောင်း ကွန်းမန့်မှာ ရီဗျူး ပေးသွားပါဦး။

Source : MomJunction

Featured Photo : Country Living Magazine