စာဖတ်သူအားလုံး ဘဝမှာ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေနဲ့ တောက်ပတဲ့အနာဂတ် အသစ်တစ်ခုကို ပုံဖော်ချင်ကြသူတွေ ချည်းပဲမဟုတ်လား ? အနာဂတ်မှာ တိုးတက်ပြောင်းလဲခြင်းတွေနဲ့ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပုံဖော်နိုင်ဖို့ဆို လက်ရှိအချိန်ကစပြီး ကြိုးစားအားထုတ်မှုကောင်းကောင်းနဲ့ ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်ထုဆစ်ပုံဖော်ရမှာပါ။ ဘဝမှာ အောင်မြင် ချင်တယ်ဆိုရင် အောင်မြင်ဖို့အတွက် အထောက်အပံ့ဖြစ်စေတဲ့ အလေ့အကျင့်ကောင်းတွေ ကျင့်ကြံအားထုတ်ဖို့လိုသလို အောင်မြင်မှုကို ဟန့်တားနေတဲ့ အလေ့အကျင့်ဆိုးတွေကိုလည်း ရှောင်ရှားဖို့ လိုပါလိမ့်မယ်။ ဒီတစ်ခေါက်တော့ ဘဝမှာ‌ အောင်မြင်ချင်ရင် ရပ်တန့်ရမယ့် မကောင်းတဲ့ အကျင့်ဆိုးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) မလုပ်နိုင်တဲ့အရာကို ဝန်ပိခံပြီး မလုပ်ပါနဲ့

Success

Photo : iBelieve.com

အချိန်တိုင်း Yes မပြောနိုင်ပါဘူး။ ငြင်းသင့်တဲ့အချိန်မှာ ငြင်းရဲတဲ့ သတ္တိရှိဖို့ လိုပါတယ်။ ဒါဟာ ဘဝအောင်မြင်မှုအတွက် သက်ဆိုင်သလားဆိုရင် သေချာပေါက် သက်ဆိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်မလုပ်နိုင်တဲ့အရာတွေကို အားနာမှုနဲ့ လက်ခံလိုက်မိရင် မနိုင်ဝန်ထမ်းရမယ့်သူဟာ သင်ကိုယ်တိုင်ပါပဲ။ ငြင်းသင့်တာကို ငြင်းတာဟာ ကိုယ့်ကိုယ်ကိုယ် ထားရှိတဲ့ လေးစားမှုတစ်ခုပဲ မဟုတ်လား။ လူတိုင်းကို တောင်းဆိုသမျှ လိုက်လျောရင် သင့်ကိုယ်သင်ပါ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားရင် အောင်မြင် ဖို့မပြောနဲ့ လျှောက်နေတဲ့ လမ်းကြောင်းတောင် ပျောက်ဆုံးသွားတက်ပါတယ်။ ဒါကြောင့် သင်မလုပ်နိုင် မလုပ်ချင်တဲ့အရာကို မလုပ်နိုင်ကြောင်း သတ္တိရှိရှိ ၊ အချက်အလက်ကျကျနဲ့ ယဉ်ကျေးစွာ ငြင်းပယ်တက်ဖို့ လိုပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အထင်မသေးပါနဲ့

Success

Photo : LinkedIn

လူတော်တော်များများက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းကြပါတယ်။ စစ်မရောက်ခင် မြှားကုန်တဲ့ အဖြစ်ဟာ အောင်မြင် မှုဆီ ချီတက်ရာလမ်းကြောင်းပေါ်က အကြီးမားဆုံး အဟန့်အတားပါပဲ။ အဓိကကတော့ သင့်ကိုယ်သင့် အထင်အမြင်သေးနေတဲ့စိတ် ၊ ယုံကြည်မှုမရှိတဲ့ စိတ်တွေကို လျှော့ချလိုက်ပြီး အကောင်းမြင်အတွေးနဲ့ ကိုယ့်အရည်အချင်းကို ကိုယ်တိုင်ယုံကြည်နေဖို့ လိုတာပါ။ ကိုယ့်ကိုယ်ကိုယ် မလုပ်နိုင်ဘူး ၊ မဖြစ်နိုင်ဘူး တွေးနေသ၍တော့ သင်ဟာ နေရာတစ်ခုကို ရောက်ဖို့အတွက် ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

(၃) အရေးမပါတဲ့ အရာတွေအတွက်နဲ့ သင့်ပန်းတိုင်တွေကို လျစ်လျူမရှုမိပါစေနဲ့

Success

Photo : LinkedIn

လူတိုင်း ဘဝမှာ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ၊ ပန်းတိုင်တွေ ရှိကြပါတယ်။ ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက် ၊ ပန်းတိုင်တွေကို ဘယ်အရာတွေကြောင့်မှ လျစ်လျူမရှုမိပါစေနဲ့။ အဓိက လူငယ်ပိုင်းတွေမှာ အချစ်ရေး ပြဿနာ ၊ ပျင်းရိမှု ပြဿနာတွေ တော်တော်များများ ရှိပါတယ်။ ဒီလို ဘဝအတွက် သိပ်ပြီး အရေးမပါတဲ့ အရာတွေအတွက်နဲ့ သင့်ရဲ့ ပန်းတိုင်တွေ ၊ အိပ်မက်တွေကို လက်လွှတ်ဆုံးရှုံးခံဖို့ မထိုက်တန်ပါဘူး။ ဘယ်လိုအခက်အခဲတွေပဲ ရှိနေပါစေ ရည်မှန်းထားတဲ့ မျှော်လင့်ချက်အိပ်မက်တွေ ၊ ချမှတ်ထားတဲ့ ပန်းတိုင်တွေဆီကို ရောက်အောင် ဆက်သွားနေဖို့ပဲ လိုပါတယ်။

(၄) အတိတ်မှာပဲ နစ်မြုပ်မနေပါနဲ့

Success

Photo : LinkedIn

အောင်မြင် နေတဲ့သူတွေကို ကြည့်လိုက်ပါ။ သူတို့ရဲ့ အတိတ်မှာလည်း ကျရှုံးမှုတွေ ရှိကြပါတယ်။ ဒါပေမယ့် အတိတ်မှာတော့ ဆက်နစ်မြုပ်မနေပဲ အတိတ်အဖြစ်အပျက်တွေ ၊ အမှားတွေကနေ သင်ခန်းစာကောင်းကောင်းယူပြီး ဆက်လက်ရှင်သန်ခဲ့ကြတာပါ။ ကျရှုံးမှုတွေ ၊ အမှားတွေကနေ ရရှိလာတဲ့ ကျွမ်းကျင်မှုနဲ့ သင်ခန်းစာတွေကို ခြေကုပ်ယူပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် အသုံးချရမှာ ဖြစ်ပါတယ်။

Source : FIOH NGO

Featured Photo : My Fit Brain