အချစ်ဆိုတာ ရိုးရှင်းသယောင်နဲ့ တခါတလေတော့ ရှုပ်ထွေးတက် ပြန်ပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲနေတက်တဲ့ လူ့စိတ်ရဲ့သဘောသဘာဝအရ ကွီးတို့ မကြားချင်လည်း ကြားရနိုင်တဲ့ စကားတစ်ခွန်းက ” ငါနင့်ကို မချစ်တော့ဘူး ” ဆိုတာပါပဲ။ အခုပြောပြမယ့် အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ ကွီးတို့ သိပ်ချစ်ရတဲ့ မိန်းကလေးတစ်ယောက် ကွီးတို့အပေါ် စိတ်တဲ့ချစ်တွေ ကုန်ခမ်းသွားပြီဆိုတာ သိလိုက်နိုင်ပါပြီ။

(၁) အတူရှိရင်တောင်မှ နီးကပ်နေတယ်လို့ မခံစားရတော့ဘူး

Relationship Problems
Photo : Breaking News

အချစ်တွေ မရှိတော့တဲ့ ဆက်ဆံရေးဟာ ဘယ်လောက်ပဲ နီးနီးကပ်ကပ် ရှိနေပါစေ ဝေးကွာသလို ခံစားချက်ကြီး ခံစားနေရမှာပါ။ မိန်းကလေးတစ်ယောက်က ချစ်တဲ့စိတ်တွေ ကုန်ခမ်းသွားတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ချည်နှောင်ရစ်ပတ်မှုတွေကနေ ရုန်းထွက်ပြီး ဝေးကွာသွားနိုင်ပါတယ်။ အကယ်၍ ကွီးတို့ရဲ့ ချစ်သူက အရင်ကလို တုံ့ပြန်မှု သို့မဟုတ် စေ့စပ်မှုတွေ မရှိတော့ဘူးဆိုပါက ဒီ Relationship အပေါ် လုံးလုံးလျားလျားစိတ်မဝင်စားတော့တာ ဖြစ်နိုင်သလို မချစ်တော့ဘူး လို့ ဖော်ပြနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

(၂) အချိန်မပေးဖြစ်တော့ဘူး

Relationship Problems

Photo : Purdue University

လူတိုင်းမှာ နေ့စဉ်ဘဝ အလုပ်တာဝန် ၊ မိသားစုတာဝန်တွေ အပါအဝင် အခြားသော ကိုယ်စီရုန်းကန် လှုပ်ရှားမှုတွေနဲ့ အချိန်ကုန်နေကြတာပါ။ ဒါပေမယ့် ဘယ်လောက်ပဲ အလုပ်များတဲ့သူ ဖြစ်ပါစေ ကိုယ်ချစ်တဲ့ သူအတွက်တော့ အချိန်အတိုင်းအတာတစ်ခု ခွဲပေးနိုင်ဖို့ ကြိုးစားကြပါတယ်။ ကွီးတို့ ချစ်သူလေးက ကွီးတို့နဲ့ အချိန်ကုန်ဆုံးဖို့ အမြဲတမ်း အလုပ်များနေတယ် ၊ အရင်ကလောက် အချိန်မပေးနိုင်တော့ဘူးဆိုရင် ဒါဟာ ကွီးတို့အပေါ် တဖြည်းဖြည်းချင်း အချစ်တွေ ကုန်ဆုံးလာပြီဆိုတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

(၃) ကွီးတို့အပေါ် စိတ်ဝင်စားမှု မရှိတော့ဘူး

Relationship Problems
Photo : Verywell Mind

မိန်းကလေးတိုင်းက သူတို့ချစ်တဲ့သူ တစ်နေ့တာမှာ ဘာတွေလုပ်လဲ ၊ ဘယ်လိုဖြတ်သန်းနေလဲဆိုတာကို သိချင်ကြသူ ချည်းပါပဲ။ မချစ်တော့ဘူး ဆိုရင်တော့ ဒါတွေလုံးဝရှိတော့မှာ မဟုတ်ပါဘူး။ ကွီးတို့အကြောင်း စိတ်ဝင်စားမှု မရှိတော့သလို ကွီးတို့ရဲ့ နေ့စဉ်ဘဝထဲက အဖြစ်အပျက်တွေကို ပြောပြဖို့ တောင်းဆိုတော့မှာလည်း မဟုတ်တော့ပါဘူး။ လူတစ်ယောက်အပေါ် စိတ်ဝင်စားမှုလုံးဝ မရှိတော့ဘူးဆိုတာဟာ စိတ်ပိုင်းဆိုင်ရာ အဆက်အသွယ် ပြတ်တောက်ခြင်းရဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

(၄) နှစ်ဦးကြား ဆက်သွယ်မှု ကောင်းကောင်း မရှိတော့ဘူး

Relationship Problems

Photo : Greator

Healthy ဖြစ်တဲ့ Relationship တစ်ခုမှာ Communication လို့ခေါ်တဲ့ ဆက်သွယ်မှုဟာ အဓိကကျပါတယ်။ ကွီးနဲ့ ကွီးတို့ရဲ့ ချစ်သူပါတနာကြားမှာ Communication ကောင်းကောင်း မရှိတော့ဘူး ၊ ထိတွေ့ဆက်ဆံမှုတွေကို သူမဘက်က ရှောင်ရှားခြင်း
သို့မဟုတ် ရပ်တန့်ခြင်းတွေကို လုပ်ဆောင်လာမယ်ဆိုရင် ဒါဟာ ကွီးတို့အပေါ် အချစ်တွေ ကုန်ဆုံးသွားတာ ၊ မချစ်တော့ဘူး ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ နှစ်ဦးကြား ထိတွေ့ဆက်ဆံမှု မရှိတော့ရင် အဲ့ဒီ Relationship တစ်ခုဟာ အနှေးနဲ့အမြန်ပဲ ရပ်တန့်သွားနိုင်ခြေ များပါတယ်။

(၅) အားစိုက်ထုတ်မှုတွေ မရှိတော့ဘူး

Relationship Problems

Photo : Verywell Mind

အချစ်တွေ ကုန်ခမ်းလာရင် လွယ်လွယ်ပဲ လက်လျော့ချင်စိတ်တွေ ပိုများလာတက်ပါတယ်။ ပြဿနာတစ်ခုဖြစ်ရင်တောင် အရင်လို ညှိနှိုင်းမနေတော့ပဲ အပျက်ဘက်ကို ဦးတည်တာ ဒါမှမဟုတ် ပြေလည်အောင် ဖြေရှင်းချင်စိတ်မရှိတော့ပဲ ပြဿနာအရင်းအမြစ်ကနေ ကိုယ်လွှတ်ရုန်းနိုင်ဖို့ကိုပဲ ဦးတည်လုပ်နေတာမျိုး ဖြစ်လာတက်ပါတယ်။ ကွီးတို့နဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားနိုင်ဖို့ထက် လက်လျော့ဖို့ပို တွေးနေတယ်ဆိုရင်တော့ မချစ်တော့တာ သေချာသလောက် ရှိနေပါပြီ။

မချစ်တော့ဘူး ဆိုတဲ့ အခြေအနေဟာ လက်ရှိ အချစ်ရေးအပေါ် စိတ်ကုန်သွားတာလည်း ဖြစ်နိုင်သလို ကိုယ့်ထက် ပိုချစ်ရမယ့်သူကို တွေ့သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့ သူတစ်ယောက် ကိုယ့်အပေါ် မချစ်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ အကောင်းဆုံး ကျော်လွှားနိုင်ဖို့ကိုပဲ ကွီးတို့ ပြင်ဆင်ထား သင့်ပါတယ်။

Source : Marriage.com

Featured Photo : Awaken Counselling Centre