အမျိုးသားတွေဟာ အသက် ၂၀ ကျော်လာတာနဲ့အမျှ အိုမင်းခြင်းလက္ခဏာတွေကို ပိုသတိထားဖို့ လိုပါပြီ။ ဈေးကွက်ထဲမှာ အိုမင်းရင့်ရော်မှုတွေကို သက်သာစေတဲ့ အလှအပဆိုင်ရာ ထုတ်ကုန်တွေ များစွာရှိပေမယ့် ဈေးကြီးသလို ကွီးတို့ရဲ့ အသားအရေနဲ့ ကိုက်ညီမှုမရှိရင် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါသေးတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အိုမင်းရင့်ရော်မှုလက္ခဏာတွေကို လျော့ပါးသက်သာစေပြီး ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမယ့် အိမ်တွင်း မှော် Face Mask ပြုလုပ်နည်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ငှက်ပျောသီး Face Mask

Banana

Photo : Live Science

ငှက်ပျောသီးမှာ ဗီတာမင် E နဲ့  ဗီတာမင် A ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရေကို အာဟာရဓာတ်ဖြည့်ပေးပြီး နုပျိုဝင်းပစေပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်ပေါ်တက်တဲ့ အိုမင်းခြင်းလက္ခဏာ အစက်အပြောက်တွေကို ဖယ်ရှားပေးပါတယ်။ ပြုလုပ်နည်းကတော့ ငှက်ပျောသီး ၁ လုံးနဲ့အတူ Rose Water စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ကို ဇလုံတစ်ခုထဲရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ရလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ လိမ်းပါ။ ၁၅ မိနစ်ကနေ ၂၀ မိနစ်ခန့်ထားပြီး ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။

(၂) အာလူးနဲ့ မုန်လာဥနီ Face Mask

Potato And Carrot

Photo : Daily Express

အာလူးနဲ့ မုန်လာဥနီဟာ အသားအရေ ညစ်နွမ်းမှုတွေကို သက်သာစေပြီး အရေပြားပေါ်က အမဲစက်တွေနဲ့ အစက်အပြောက်တွေကို ဖယ်ရှားပေးကာ အသားအရေကို ကြည်လင်ဝင်းဝ စေနိုင်ပါတယ်။ ဗီတာမင် A ပါဝင်တဲ့အတွက် အရေပြားပေါ်မှာရှိတဲ့ အရေးအကြောင်းတွေကို လျော့ပါးသက်သာ စေနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ အလတ်ဆိုဒ် အာလူးနဲ့ မုန်လာဥနီ ၁ လုံးစီကို ရောကြိတ်ပြီး ဇလုံတစ်ခုထဲမှာ ထည့်ပါ။ ထို့နောက် Rose Water စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။ အချိန်ပြည့်ရင် ရေအေးနဲ့ မျက်နှာသစ် နိုင်ပါပြီ။

(၃) ရှားစောင်းလက်ပတ် Face Mask

Aloe Vera

Photo : Lamav

ရှားစောင်းလက်ပတ်ဟာ အရေပြား ရောင်ရမ်းခြင်း ၊ နီမြန်းခြင်းတွေကို သက်သာစေပြီး အရေပြားအတွင်းပိုင်းက Collagen ပျက်စီးမှုကို ကာကွယ်ပေးကာ အရေးအကြောင်းတွေနဲ့ ဝက်ခြံပြဿနာကို သက်သာစေနိုင်စွမ်း ရှိပါတယ်။ သဘာဝ ရှားစောင်းလက်ပတ်ဂျယ် ၂ ဇွန်းနဲ့ သံပုရာရည် ၂ စက်ခန့်ကို ရောမွှေပြီး မျက်နှာပေါ်အနှံ့ လိမ်းကျံပေးပါ။ ၁၀ မိနစ်လောက် ထားပြီးရင်တော့ ရေဆေးချလိုက်လို့ ရပါပြီ။

Source : Stylecraze

Featured Photo : Freepik