ချစ်တင်းနှော ချိန်မှာ ဖွားဖက်တော် Erection ပြည့်ပြည့်ဝဝ ရှိတာဟာ လိင်မှုဘဝ သာယာပျော်ရွှင်မှုအတွက် အခြေခံ လိုအပ်ချက် တစ်ခုပါပဲ။ တစ်ခါတစ်လေမှာ စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှုနဲ့ ကျန်းမာရေး နောက်ခံ အခြေအနေတွေကြောင့် ဖွားဖက်တော်ကောင်းစွာ ထောင်မတ်နိုင်ခြင်းမရှိ သလို ထောင်မတ်မှုကို အချိန်ကြာကြာ ထိန်းထားနိုင်ဖို့လည်း ခက်ခဲပါတယ်။ ဒီလိုအခြေအနေတွေကို ကျော်ဖြတ်ပြီး ချစ်တင်းနှော တဲ့အခါ ကွီးတို့ရဲ့ ဖွားဖက်တော်ဒေါင်ဒေါင်မြည် သန်စွမ်းနေဖို့နဲ့ ထောင်မတ်မှု အားကောင်းစေဖို့ ကွီးတို့ လုပ်နိုင်တဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ညစ်ညမ်းစကားလေးတွေ ပြောပေးပါ

Couple

Photo : Baby2Body

Erotic Talk လို့ခေါ်တဲ့ ညစ်ညမ်းစကားလေးတွေဟာ လိင်စိတ်နိုးကြား တက်ကြွမှုကို မြှင့်တင်ပေးပြီး ဖွားဖက်တော် ထောင်မတ်မှုကို အားကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ချစ်တင်းနှောချိန် ညစ်ညမ်းစကားလေးတွေ ပြောပေးတဲ့အခါ နှစ်ဦးသားရဲ့  စိတ်ခံစားမှုတွေဟာ အမြှင့်ဆုံးအထိ နိုးကြားတက်ကြွလာစေမှာ ဖြစ်သလို အထွတ်အထိပ် ခံစားမှု ရစေဖို့အတွက်လည်း အထောက်အပံ့ ဖြစ်စေပါတယ်။

(၂) Sex Toys တွေ သုံးပါ

Sex Toy

Photo : Broadsheet

Sex Toys တွေဟာ လိင်စိတ်ခံစားမှုနဲ့ လိင်မှုဆိုင်ရာ သာယာပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်ပြီး မတူညီတဲ့ လိင်မှုအတွေ့အကြုံ အသစ်တွေကို ပေးစွမ်းပါတယ်။ အိပ်ရာထက်မှာ ပုံမှန်နဲ့မတူတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် လိင်စိတ်ခံစားမှု အသစ်အဆန်းတွေကို ခံစားရရှိတဲ့အခါ လိင်စိတ်နိုးကြားတက်ကြွမှုကို ပိုမို လှုံ့ဆော်ပေးသလို ဖွားဖက်တော် သန်မာမှုနဲ့ ထောင်မတ်နိုင်စွမ်းကိုလည်း တိုးစေမှာ ဖြစ်ပါတယ်။

(၃) မတူညီတဲ့ သိုင်းကွက်တွေ ပြောင်းသုံးပါ

Couple

Photo : All Pro Dad

ချစ်တင်းနှောတဲ့အခါ သိုင်းကွက် အနေအထား Positions ဟာ အရေးကြီးပါတယ်။ သိုင်းကွက်တစ်ခုတည်းကိုပဲ အချိန်ကြာကြာ ကစားနေမယ်ဆိုရင် နှစ်ဦးလုံးအတွက် ရင်ခုန်စရာကောင်းတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အပြောင်းအလဲ အနေနဲ့ မတူညီတဲ့ သိုင်းကွက် သုံးလေးကွက်ကို ပြောင်းလဲ ကစားပါ။ ဒါဟာ သင်နဲ့သင့်ပါတနာကြား ရင်းနှီးမှုနဲ့ ချိတ်ဆက်မှုတွေကို မြှင့်တင်ပေးနိုင်သလို လိင်စိတ်နိုးကြားမှု အားကောင်းစေပြီး ဖွားဖက်တော် ထောင်မတ်နိုင်စွမ်းလည်း တိုးစေမှာ ဖြစ်ပါတယ်။

(၄) စိတ်ကူးယဉ် ဇာတ်ကောင်တွေ နေရာကနေ သရုပ်ဆောင်ကြည့်ပါ

woman bdsm aesthetics
Photo : Freepik

ချစ်တင်းနှောတဲ့အခါ လိင်စိတ်နိုးကြားတက်ကြွမှု အားကောင်းစေပြီး ဖွားဖက်တော် သန်မာမှုတိုးစေဖို့ လိင်မှုဆိုင်ရာ စိတ်ကူးယဉ်မှုနဲ့ စိတ်ဆန္ဒအချို့ကိုလည်း စူးစမ်းနိုင်ပါတယ်။ ဥပမာအားဖြင့် ရုပ်ရှင်/စာအုပ်တွေထဲကလို လက်တွေ့ဘဝနဲ့ ကွဲပြားတဲ့ ဇာတ်ကောင်စရိုက် နေရာကနေ သရုပ်ဆောင်ပြီး ချစ်တင်းနှောတာမျိုးပါ။ ဒါဟာ လိင်စိတ်တက်ကြွမှုကို မြှင့်တင်ပေးနိုင်သလို သင်နဲ့သင့်ပါတနာကြား ရင်းနှီကျွမ်းဝင်မှုကိုလည်း တိုးစေနိုင်ပါတယ်။

Source : My Fit Brain

Featured Photo : Glamour