အမျိုးသားတွေရဲ့ လိင်တံထိပ် အရေပြား ဖြတ်တောက်ခြင်းကို ဆေးပညာအရ Circumcision လို့ ခေါ်ပါတယ်။ လိင်တံရဲ့ ထိပ်ပိုင်းမှာ ဖုံးအုပ်ထားတဲ့ လျော့ရဲနေတဲ့ အရေပြားကို ဖြတ်တောက်ဖယ်ရှားတဲ့ လုပ်ငန်းစဉ်ပါ။ အမေရိကန်နိုင်ငံမှာတော့ ယောကျာ်းလေးတွေဆိုရင် မွေးကင်းစအရွယ်မှာကတည်းက ဖွားဖက်တော် ထိပ်အရေပြားကို ဖြတ်ပေးကြတယ်လို့ ဆိုပါတယ်။ အကယ်၍ အရွယ်ရောက်ပြီးချိန်မှ လိင်တံ ထိပ်အရေပြားကို ဖယ်ရှားလို့ ရပေမယ့် ဆောင်ရန်ရှောင်ရန်နဲ့ ဂရုစိုက်ရမယ့်အချက်တွေတော့ ပိုများလာနိုင်ပါတယ်။ လိင်တံထိပ် အရေပြား ဖြတ်တောက်ခြင်းဟာ ဘာသာရေး သို့မဟုတ် လူမျိုးရေးဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ခု ဖြစ်ရုံသာမက ကျန်းမာရေး ရှု့ထောင်ကနေကြည့်ရင်လည်း အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ကွီးတို့ လိင်တံ ထိပ်အရေပြား ဖြတ်တောက်လိုက်မယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ လေ့လာကြည့်ရအောင်ပါ။

(၁) သန့်စင်ဆေးကြောရ ပိုလွယ်တယ်

hygiene

Photo : MensXP

အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူးပိုင်း အရေပြားအောက်မှာ ပုံမှန်အားဖြင့် အဖြူဖတ်တွေ ၊ အညစ်အကြေးနဲ့ အရိအချွဲတွေ ကပ်ညှိတွယ်နေတက်ပါတယ်။ လိင်တံထိပ် အရေပြား ဖြတ်တောက်လိုက်တဲ့ အခါမှာတော့ အညစ်အကြေးတွေကို ဆေးကြောသန့်စင်ရ ပိုမိုလွယ်ကူသွားပြီး တစ်ကိုယ်ရည် သန့်ရှင်းမှု ပိုကောင်းလာမှာ ဖြစ်ပါတယ်။

(၂) ဆီးလမ်းကြောင်းပိုးဝင် (UTIs) နိုင်ခြေကို လျှော့ချပေးတယ်

UTIs

Photo : Cathay Drug

အမျိုးသားတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) ဟာ အဖြစ်နည်းပါတယ်။ ဒါပေမယ့် လိပ်တံ ထိပ်အရေပြား မဖြတ်ရသေးတဲ့ အမျိုးသားတွေမှာတော့ ဒီရောဂါဟာ ပိုအဖြစ်များတာ တွေ့ရပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) ရောဂါ ပြဿနာဟာ နောက်ပိုင်းမှာ ကျောက်ကပ်နဲ့ဆိုင်တဲ့ ပြဿနာတွေပါ ဖြစ်နိုင်ခြေများတဲ့အတွက် ကြိုတင်ကာကွယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

(၃) လိင်မှတဆင့် ရောဂါပိုး ကူးစက်နိုင်ခြေ နည်းစေတယ်

sexually transmitted infections

Photo : Jill Gibson, MD

လေ့လာမှုတွေအရ လိင်တံထိပ် အရေပြား ဖြတ်တောက်ထားတဲ့ အမျိုးသားတွေဟာ လိင်တံအရေပြား ဖြတ်တောက်ထားခြင်း မရှိတဲ့ အမျိုးသားတွေထက် HIV အပါအဝင် လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားတွေ ကူးစက်နိုင်ခြေ နည်းပါးပါတယ်။ ဒါပေမယ့် လုံခြုံစိတ်ချရမှု ရှိစေဖို့ လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးအကာအကွယ်ကိုတော့ သေချာပေါက် သုံးရမှာ ဖြစ်ပါတယ်။

(၄) လိင်တံ ပြဿနာတွေကို ကာကွယ်ပေးနိုင်တယ်

phimosis

Photo : urodoc.sg

တစ်ခါတစ်ရံမှာ လိင်တံ ထိပ်အရေပြား ဖြတ်တောက်ထားခြင်း မရှိတဲ့ အမျိုးသားတွေမှာ လိင်တံအရေပြား နောက်ကိုပြန်ဆွဲရခက်တဲ့ ပြဿနာမျိုး ကြုံရနိုင်ပါတယ်။ ဒါကို Phimosis လို့ခေါ်ပါတယ်။ ဒီပြဿနာဟာ လိင်တံ ရောင်ရမ်းနာကျင်ခြင်း ၊ ရောဂါပိုးကူးစက်နိုင်ခြေ မြင့်မားခြင်း စတဲ့ အခြေအနေတွေဆီ ဦးတည်နေပါတယ်။

(၅) လိင်တံကင်ဆာ ဖြစ်နိုင်ခြေ နည်းစေတယ်

penile cancer
Photo : Times Now

လိင်တံကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်နည်းတဲ့ ရောဂါတစ်ခုပါ။ ဒါပေမယ့် လိင်တံထိပ် အရေပြား ဖြတ်တောက်ထားတဲ့ အမျိုးသားတွေမှာတော့ ရောဂါဖြစ်နိုင်ခြေ ပိုနည်းသွားစေတာ တွေ့ရပါတယ်။ ဒါ့အပြင် လိင်တံထိပ် အရေပြား ဖြတ်တောက်ထားတဲ့ အမျိုးသားတွေရဲ့ ဆက်ဆံဖော် ပါတနာ အမျိုးသမီးတွေမှာလည်း သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

Source : Mayo Clinic

Featured Photo : South Florida religious circumcision