စာရေးသူတို့ ယောကျ်ားလေးတွေအတွက် ဖွားဖက်တော် ဆိုတာ အရေးကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား ? ဖွားဖက်တော်ရဲ့ အလုပ်လုပ်ပုံ ၊ ဖွားဖက်တော်ရဲ့ သဘာသဘာဝအကြောင်းတွေကို ကွီးတို့ အားလုံး သိထားသင့်ပါတယ်။ ဖွားဖက်တော်ဟာ ပုံမှန်အားဖြင့်တော့ ရိုးရှင်းတဲ့ မျိုးပွားအင်္ဂါတစ်ခုလို့ ထင်ရပေမယ့် တစ်ခါတစ်ရံမှာ ထင်မှတ်မထားတဲ့ ပြဿနာတွေ ဖြစ်ပေါ်ကြုံတွေ့ ရတက်ပါတယ်။ ဒီဆောင်းပါးမှာတော့ ယောကျာ်းလေးတွေရဲ့ ဖွားဖက်တော်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

နာရီနဲ့ချီပြီး လိင်တံ ထောင်မတ်ခြင်း

Penis Disorder
Photo : ISSM

လိင်စိတ် တက်ကြွမှုမရှိပဲ သို့မဟုတ် တစ်ကိုယ်ရည် အာသာဖြေပြီးချိန်အထိ လိင်တံ ဆက်လက်ထောင်မတ်နေတဲ့ ထူးထူးဆန်းဆန်း ပြဿနာ ဖြစ်တက်ပါတယ်။ အဆိုပါ အခြေအနေဟာ ယေဘုယျအားဖြင့် နာရီနဲ့ချီ ကြာတက်ပြီး ၄ နာရီနဲ့အထက်ကနေ နောက်တစ်ရက်အထိ ကူးနိုင်ပါတယ်။ အချိန်ကြာမြင့်စွာ ထောင်မတ်မှု အခြေအနေ ဖြစ်ပေါ်တာကြောင့် လိင်တံမှာ တင်းကြပ်တဲ့ ခံစားမှု ၊ နာကျင်မှု ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

လိင်တံကွေးကောက်ခြင်း

Penis Disorder
Photo : Dr Lee Fang Jann

လိင်တံကွေးကောက်ခြင်းကို Peyronie’s Disease လို့ ခေါ်ပါတယ်။ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရပြီးနောက် တစ်သျှူးနဲ့ အရွတ်တွေ ပျက်စီးခြင်းကနေတဆင့် လိင်တံရဲ့ မူလပုံပျက်ပြီး ထောင်မတ်ချိန်မှာ ပုံမှန်မဟုတ်တဲ့ ကွေးကောက်မှု ပြဿနာ ဖြစ်ပေါ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။

လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း

Penis Disorder

Photo : The Star

ဖွားဖက်တော် ထိပ်အရေပြား ဖြတ်တောက်ထားခြင်း မရှိသူတွေနဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းသူတွေမှာ အဖြစ်များပါတယ်။ လိင်တံထိပ်ဖူးကို ဖုံးအုပ်ထားတဲ့ အရေပြားနဲ့ လိင်တံထိပ်ဖျားပိုင်းမှာ ပိုးဝင်ခြင်း ၊ ရောင်ရမ်းခြင်း ဒါမှမဟုတ် နာကျင်ခြင်းဖြစ်ပေါ်တဲ့ အခြေအနေ ဖြစ်ပါတယ်။

လိင်တံအရေပြား အနောက်ကို ဆွဲဆန့်လို့မရခြင်း

Phimosis
Photo : Klinika Princesse

ဆေးပညာအရ Phimosis လို့ ခေါ်ပါတယ်။ လိင်တံရဲ့ ထိပ်အရေပြားဟာ လိင်တံထိပ်ဖူး ပတ်ပတ်လည်မှာ တင်းတင်းကြပ်ကြပ် ဖြစ်နေတဲ့ အခြေအနေဖြစ်ပြီး လိင်တံထိပ်အရေပြားကို အနောက်သို့ ပြန်ဆွဲဆန့်လို့မရခြင်း ဖြစ်ပါတယ်။

လိင်တံကင်ဆာ

penile cancer

Photo : Center for Urologic Care of Berks County

ဖွားဖက်တော် အရေပြားဆဲလ်တွေကနေတဆင့် စတင်ဖြစ်ပွားတဲ့ ကင်ဆာရောဂါ အမျိုးအစား ဖြစ်ပါတယ်။ လိင်တံကင်ဆာဟာ ဖြစ်တောင့်ဖြစ်ခဲ ရောဂါတစ်ခုဆိုပေမယ့် ယောကျာ်းလေးတိုင်း သတိထားဖို့တော့ လိုပါတယ်။

အထက်ပါ ရောဂါအခြေအနေ အားလုံးနီးပါးအတွက် ကုသနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အချို့သော အခြေအနေတွေဟာ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပေးရုံနဲ့ ကာကွယ်ကုသ နိုင်ပါတယ်။ အချို့ ရောဂါအခြေအနေတွေကတော့ ကျန်းမာရေးဆိုင်ရာ နောက်ခံအကြောင်းအရင်းတွေနဲ့ ဆက်စပ်နေပြီး ဆေးကုသမှုကောင်းကောင်း ခံယူမယ်ဆိုရင် ပျောက်ကင်း သက်သာနိုင်ပါတယ်။

Source : Web MD

Featured Photo : He Clinic Bangkok