ထူးခြားပြီး ပြောင်မြောက်လှတဲ့ အမိုက်စား ဒီဇိုင်းနဲ့ Infinix Hot 50 Pro+ စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပါပြီ။ Infinix ကတော့ အထူ ၆.၈ မီလီမီတာ သာရှိတဲ့ ဒီဖုန်းကို ကမ္ဘာ့အပါးလွှာဆုံး 3D-Curved SlimEdge ဒီဇိုင်း ပါတဲ့ စမတ်ဖုန်းလို့ ကြွေးကြော်ထားပါတယ်။

Infinix Hot 50 Pro+
Photo : GSMArena.com

Infinix Hot 50 Pro+ဟာ Helio G100 SoC မောင်းနှင်ထားတဲ့ 4G ချိတ်ဆက်မှု ပါရှိတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ 8GB RAM နဲ့ 256GB Storage အတွဲအစပ်နဲ့ လာပြီး microSD ကတ်ပေါက်တစ်ခုလည်း ပါပါတယ်။

Infinix ဘက်ကနေ Hot 50 Pro+ ရဲ့ Specs အသေးစိတ်ကို မဖော်ပြထားပေမယ့် YouTube ချန်နယ်မှာ တင်ထားတဲ့ ဗီဒီယိုအရ ဒီဖုန်းမှာ 120Hz Always-on Curved AMOLED Display ပါဝင်ပြီး Gorilla Glass နဲ့ ကာကွယ်ထားတယ်လို့ သိရပါတယ်။

ဆယ်လ်ဖီကင်မရာကို ဖုန်းရဲ့ မျက်နှာပြင် အလယ်ဗဟိုရှိ Punch-Hole ထဲမှာ တပ်ဆင်ထားပြီး Display အောက်မှာ Fingerprint Scanner ထည့်သွင်း ပေးထားပါတယ်။ Display ဟာ ချွေးစိုရေစိုနေတဲ့ လက်ချောင်းတွေနဲ့ပင် အသုံးပြုနိုင်မယ်လို့လည်း ကြေညာထားပါတယ်။

Infinix Hot 50 Pro+ရဲ့ ဘက်ထရီပိုင်းမှာတော့ 33W အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ပါဝင်ပြီး USB-C အားသွင်းပေါက်ကနေ တဆင့် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ IP54 အဆင့် သတ်မှတ်ချက် ပါရှိပြီး JBL Tuning ပါတဲ့ စပီကာနှစ်လုံးထည့်သွင်း ပေးထားပါတယ်။

Source : Infinix Mobile

ဒါ့အပြင် Infinix Hot 50 Pro+မှာ ပါးလွှာမှုနဲ့ အကြမ်းခံမှုကို ပေါင်းစပ်ထားတဲ့ TitanWing Architecture နည်းပညာ ပါရှိပါတယ်။ အရောင်အနေနဲ့ကတော့ ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး လက်ရှိ ကင်ညာမှာ အွန်လိုင်းစတိုးတွေကနေ Pre-orders တင်နိုင်ပြီ ဖြစ်ပါတယ်။

Infinix Hot 50 Pro+ နဲ့ ပတ်သတ်ပြီး ထွက်ပေါ်နေတဲ့ Specs တွေနဲ့ Infinix ရဲ့ YouTube ချန်နယ်မှာ တင်ထားတဲ့ ဗီဒီယိုပါ အချက်အလက်တွေဟာ အနည်းငယ် ကွဲလွဲမှုတွေရှိနေပြီး မကြာခင် အချိန်အတွင်းမှာတော့ Infinix ဘက်ကနေ Specs အသေးစိတ်ကို ထုတ်ပြန်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com