အခက်အခဲ အတားအဆီးတွေကြားကနေ ခဲရာခဲဆစ် လွတ်လမ်းရှာဖွေရတာမျိုးမှ ကြိုက်တယ်ဆို Escape ဂိမ်းတွေက ကွီးတို့ ဆော့ကြည့်သင့်ပါတယ်။ Escape ဂိမ်းတွေဆိုတာ ပဟေဠိတွေ ၊ လျို့ဝှက်ဆန်းကြယ်မှုတွေကို အဖြေရှာရင်း အတားအဆီးတွေ ၊ အခက်အခဲတွေကို တဆင့်ချင်း ဦးနှောက်သုံး ကစားရတဲ့ အမိုက်စား ဂိမ်းအမျိုးအစား တစ်ခုပါ။ ဒီဆောင်းပါးမှာတော့ ရေလည်မိုက်တဲ့ အမိုက်စား Escape ဂိမ်းတွေကို တင်ဆက်ပေးပါမယ်။

(၁) House of Slendrina

Source : Invisible Billy

House of Slendrina ဂိမ်းကတော့ ပျော်စရာကောင်းသလို နည်းနည်းလည်း ထိတ်လန့်ဖို့ကောင်းတဲ့ First Person Horror ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Slendrina ရဲ့ စံအိမ်ကြီးထဲမှာ လည်ပတ်သွားလာရင်း ဓာတ်ပုံအပိုင်းအစတွေကို လိုက်လံစုဆောင်းကာ သော့ပေါက်တွေကို လိုက်ဖွင့်ရမှာပါ။ ကွီးတို့ အိမ်ထဲသွားလာ နေတုန်းမှာတော့ Slendrina နဲ့မတွေ့အောင် ရှောင်တိမ်းသွားဖို့တော့လိုမှာ ဖြစ်ပါတယ်။

(၂) Hallows Hill Escape Game

Source : Wolf Escape Games

Hallows Hill Escape Game ကတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ပျောက်ဆုံးနေတဲ့ အဖွားအိုတစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့ စတင်ထားပါတယ်။ အဖွားအိုကို ရှာဖွေဖို့ သူမနဲ့ ဆက်နွယ်နေတဲ့ ကြောက်မက်ဖွယ်ရာ စွန့်ပစ်အိမ်ကြီးဆီကို ချီတက်ရမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ ပဟေဠိတွေကို ကွီးတို့ အဖြေရှာရင်း Dark ဖြစ်တဲ့ လျှို့ဝှက်ချက် စိတ်ဝင်စားဖွယ် ဖော်ထုတ်သွားရမှာပဲ ဖြစ်ပါတယ်။

(၃) Machinarium

Source : Amanita Design

Machinarium ဂိမ်းလေးကတော့ ထူးခြားတဲ့ ပဟေဠိဆန်ဆန် စွန့်စားခန်း ဂိမ်းအမိုက်စားလေးတစ်ခုပါ။ ဂိမ်းဇာတ်လမ်းသွားလေးက တော်တော်လေးမိုက်တယ်လို့ ပြောလို့ ရပါတယ်။ ကစားတဲ့သူတွေက စွန့်ပစ်ခံ စက်ရုပ်လေး Josef ဇာတ်ကောင်နေရာကနေ ဆော့ကစားရမှာပါ။ သူ့ရဲ့စက်ရုပ်ချစ်သူကောင်မလေး Berta ကို လူဆိုးတွေလက်ထဲကနေ ကယ်ထုတ်သွားရမှာ ဖြစ်ပါတယ်။

(၄) The Room

Source : TouchGameplay

ပဟေဠိဆန်တဲ့ Puzzle ဂိမ်းတွေအကြောင်း ပြောရင်‌ The Room ကတော့ မပါမဖြစ်ပါပဲ။ လက်တွေ့ဆန်တဲ့ အမိုက်စား Graphics တွေနဲ့ ခေါင်းစားရမယ့် Puzzle တွေ အဖြေရှာရင်း စိတ်ဝင်စားဖွယ် ဆော့ကစားရမှာပါ။ The Room က စီးရီးအလိုက် ထွက်ထားတာဖြစ်တဲ့အတွက် The Room Two ရော The Room Three ကွီးတို့ ဆက်ဆော့နိုင်ပါတယ်။

Source : Softonic

Featured Photo : MakeUseOf