Smartwatches တွေဟာ ပျှမ်းမျှအားဖြင့် တစ်ခါအားသွင်းပြီး ၈ နာရီကနေ ၄၈ နာရီ လောက်အထိတော့ အေးအေးဆေးဆေး အသုံးပြုလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ကွီးတို့က Battery Life ကြာကြာ ခံတာမျိုးမှ လိုချင်တယ် ၊ ခဏခဏ အားပြန်သွင်းနေရတာတွေ မလုပ်ချင်ဘူးဆိုရင်တော့ အခုပြောပြမယ့် နာရီတွေ ဝယ်ထားသင့်ပါတယ်။ ဒီတစ်ခေါက် ညွှန်းပေးမှာကတော့ စွမ်းဆောင်ရည်မြင့် ၊ ဈေးနှုန်း သင့်တင့်ပြီး ဘက်ထရီ သက်တမ်းကြာရှည်ခံတဲ့ အကောင်းဆုံး စမတ်နာရီတွေ ဖြစ်ပါတယ်။

(၁) Garmin Venu 3

Garmin Venu 3

Photo : Garmin Philippines

ဘက်ထရီ သက်တမ်း ကြာရှည်ခံတဲ့ Smartwatches စာရင်းမှာတော့ Garmin Venu 3 ကထိပ်ဆုံးနေ ပါဝင်ပါတယ်။ တစ်ခါအားသွင်းထားရုံနဲ့ အချိန် ၂ ပတ်ဝန်းကျင် အသုံးပြုနိုင်မှာ ဖြစ်လို့ အမြဲတမ်း ခရီးသွားနေရသူတွေ ၊ ခဏခဏအားပြန် မသွင်းချင်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၄၅၀ ဝန်းကျင် ရှိပါတယ်။

(၂) Samsung Galaxy Watch 5 Pro

Samsung Galaxy Watch 5 Pro

Photo : Rebel

Samsung Brand ထဲကဆိုရင် ဘက်ထရီ သက်တမ်း ကြာရှည်ခံတဲ့ တစ်ခုတည်းသော Pro စမတ်နာရီ Samsung Galaxy Watch 5 Pro ကို ရွေးချယ်နိုင်ပါတယ်။ ဒီနာရီက လက်ရှိအချိန်ထိ Samsung Smartwatches တွေထဲမှာ ဘက်ထရီ အခံဆုံး ၊ အကြမ်းဆုံး မော်ဒယ်တစ်ခု အဖြစ် ရပ်တည်နေပြီး တစ်ခါအားသွင်းထားရုံနဲ့ နာရီပေါင်း ၈၀ ဝန်းကျင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၅၀ ဝန်းကျင် ရှိပါတယ်။

(၃) OnePlus Watch 2

OnePlus Watch 2

Photo : OnePlus

Wear OS ကို အသုံးပြုထားတဲ့ OnePlus Watch 2 ကတော့ ဘက်ထရီ သက်တမ်း ပိုကြာရှည်ခံတဲ့ မော်ဒယ်ကို ရှာနေသူတွေအတွက် ရွေးချယ်စရာ စမတ်နာရီတစ်လုံး ဖြစ်ပါတယ်။ ရှေ့မှာ ထွက်ခဲ့တဲ့ မျိုးဆက်တွေထက် ပိုမို ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းကွာလတီနဲ့ တည်ဆောက်ထားပြီး ဘက်ထရီ သက်တမ်းကတော့ တစ်ခါအားသွင်းထားရုံနဲ့ ၄ ရက်ကျော် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ဝန်းကျင် ရှိပါတယ်။

(၄) Mobvoi TicWatch Pro 5 Enduro

Mobvoi TicWatch Pro 5 Enduro

Photo : Notebookcheck

Mobvoi TicWatch Pro 5 Enduro ကတော့ ဘက်ထရီ သက်တမ်း ကြာရှည်ခံတဲ့ Dual-layer Display ကို အသုံးပြုပေးထားပြီး ကျစ်လစ်ပေါ့ပါး အကြမ်းခံတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားတဲ့ စမတ်နာရီတစ်လုံး ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းက တစ်ကြိမ် အားသွင်းထားမယ် ဆိုရင် နာရီပေါင်း ၉၀ ဝန်းကျင်အထိ အသုံးခံပါတယ်။ ဒီကောင်လေးရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၅၀ ခန့် ရှိပါတယ်။

ကွီးတို့ရော စမတ်နာရီတွေ ဝယ်တဲ့အခါ ဒီဇိုင်းလှတာ ရွေးမလား ? ဘက်ထရီ ခံတာ ရွေးမလား ?

Source : Android Police 

Featured Photo : The Indian Express