အလေ့အကျင့်တွေကပဲ လူတွေကို တိုးတက်ပြောင်းလဲစေသလို အလေ့အကျင့်တွေကြောင့်ပဲ လူတွေ ပျက်စီးရပါတယ်။ စာရေးသူတို့ ဘဝမှာ အကောင်းဘက်ကို ဦးတည်နေတဲ့ အပြောင်းအလဲတွေကို ဖန်တီးချင်တယ်ဆိုရင် နေ့ရက်တိုင်းမှာ ကောင်းမွန်တဲ့ အလေ့အထတွေကို မွေးမြူဖို့ လိုမှာပါ။ ဒီတစ်ခေါက် ပြောပြပေးမှာကတော့ ကွီးတို့ ဘဝကို လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန်တဲ့ အနေအထား တစ်ခုဆီသို့ ပြောင်းလဲစေနိုင်မယ့် ကောင်းတဲ့ အလေ့အကျင့်တွေ အကြောင်းပါ။

(၁) လွယ်လွယ် အရှုံးမပေးတက်တဲ့ စိတ်ကိုမွေးပါ

 male in suit standing on white background

Photo : Freepik

ဘဝဆိုတာ အမြဲတမ်း အဆင်ပြေ ချောမွေ့နေမှာ မဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းမှုတွေ တစ်ခါတစ်ရံ ကြုံတွေ့ရနိုင်ပါတယ်။ ဘဝမှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကွီးတို့ အဓိက လွယ်လွယ်လက်မလျော့ လိုက်ဖို့ပါပဲ။ ကိုယ်ရဲ့ မျှော်လင့်ချက် ၊ ရည်မှန်းချက်တွေဆီကို တုံးတိုက်တိုက် ကျားကိုက်ကိုက် အရှုံးမပေးပဲ ဆက်လျောက်မယ့် စိတ်ကို မွေးရပါမယ်။

(၂) စည်းကမ်းတကျ နေထိုင်ပါ

Work From Home
Photo : Men’s Journal

စည်းကမ်းတကျ နေထိုင်သွားခြင်းဆိုတဲ့ အကျင့်က ကွီးတို့ ကို တိုးတက်ပြောင်းလဲစေနိုင်တဲ့ အလေ့အကျင့်တွေထဲက တစ်ခုပါပဲ။ တစ်ရက်ချင်းစီမှာ ဘာလုပ်မယ် ၊ ဘယ်လိုဖြတ်သန်းမယ်ဆိုတဲ့ အစီအစဉ်တစ်ခု ချမှတ်ပြီး အဲ့ဒီအတိုင်း စည်းကမ်းတကျ လိုက်နာ နေထိုင်တက်ဖို့ လိုပါတယ်။ ဒါက မလိုအပ်တာတွေအတွက် အချိန်မကုန်စေတော့သလို ကွီးတို့ ဘဝကို ရှေ့ပိုရောက်အောင် တွန်းပို့ပေးနိုင်ပါတယ်။

(၃) တစ်ခုဆိုတစ်ခု အာရုံစိုက်ပါ

Focus
Photo : Life Architekture

တစ်ခုဆိုတစ်ခု အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်တဲ့ အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။ တစ်ခုတည်းကိုပဲ သေချာအာရုံစိုက် လုပ်ဆောင်တာကတော့ အလုပ်အရည်အသွေးကို ထိုးတက်စေသလို စိတ်ပင်ပန်း/ လူပင်ပန်းတာ သက်သာစေတဲ့အပြင် မျှော်မှန်ထားသလို ကောင်းမွန်တဲ့ရလဒ်ကောင်းတစ်ခု ထွက်ပေါ်စေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။

(၄) ပုံမှန် စာဖတ်ဖို့ ဆုံးဖြတ်ထားပါ

reading book
Photo : Book Nation by Jen

စာဖတ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ စိတ်ဓာတ်တက်ကြွမှုကို ရစေတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ စာအုပ်တွေထဲကနေ လက်တွေ့ဘဝမှာ တိုးတက်ပြောင်းလဲဖို့အတွက် အသုံးချနိုင်မယ့် လမ်းညွန်မှုတွေ ၊ ဉာဏ်အလင်း ပွင့်စေမယ့် အတွေးအခေါ်တွေကို ရစေနိုင်သလို ဘဝအတွက် အရေးပါတဲ့ ဗဟုသုတနဲ့ စဉ်းစားဆင်ခြင် နိုင်စွမ်းတွေကိုလည်း တိုးစေပါတယ်။

Source : The Everygirl

Featured Photo : OrangeBag