ပါးစပ်နဲ့ ချစ်တင်းနှော တာဟာ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေ နည်းပေမယ့် ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ရောဂါပိုး ကူးစက်ခံရတယ်ဆိုတာဟာ Oral Sex နဲ့ ပတ်သတ်ပြီး အသိနည်းတာပါသလို ရှောင်ရှားသင့်တဲ့ အခြေခံ အချက်တွေကို မလိုက်နာလို့ပါ။ ဒီတစ်ခေါက်တော့ Oral Sex နဲ့ ပတ်သတ်ပြီး ရောဂါပိုး ကူးစက်ခံရနိုင်ခြေ နည်းစေဖို့ ရှောင်ရမယ့် အချက်တွေကို ပြောပြပေးပါမယ်။
(၁) အကာအကွယ်မဲ့ ပါးစပ်နဲ့ ချစ်တင်းနှောခြင်း
Photo : Evvy
ပါးစပ်နဲ့ ချစ်တင်းနှောချိန်မှာ လူတွေ အများဆုံး လုပ်လေ့ရှိတဲ့ အမှားကတော့ အကာအကွယ်အသုံးမပြုတာပဲ ဖြစ်ပါတယ်။ ပါးစပ်နဲ့ ခံတွင်းတဝိုက်မှာ ပွန်းပဲ့ဒဏ်ရာ သို့မဟုတ် သွေးထွက်အနာတစ်စုံတစ်ရာ ရှိနေပါက HIV အပါအဝင် အခြား လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေ ကူးစက်နိုင်ခြေကို တိုးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံစိတ်ချမှု ရှိစေဖို့ ပါးစပ်နဲ့ ချစ်တင်းနှောတဲ့အခါ အကာအကွယ် မဖြစ်မနေ သုံးသင့်ပါတယ်။
(၂) ဆက်ဆံဖော်များခြင်း
Photo : Embrace Sexual Wellness
ဆက်ဆံဖော် ပါတနာ တစ်ယောက်ထက်ပိုပြီး ရှိတာ သို့မဟုတ် ဆက်ဆံဖော်များတာဟာ ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ ရာခိုင်နှုန်း များစေပါတယ်။ အတူနေမယ့် ပါတနာရဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှု ရာဇဝင်ကို ကောင်းကောင်း မသိပါပဲ သို့မဟုတ် ရောဂါပိုး ရှိမရှိကို သေချာမသိပဲ ပါးစပ်နဲ့ ချစ်တင်းနှော မယ် ဒါမှမဟုတ် ထိုးသွင်းဆက်ဆံမှု ပြုလုပ်မယ်ဆိုရင် ရောဂါပိုးမွှားကူးစက်ခံရနိုင် များစေမှာ ဖြစ်ပါတယ်။
(၃) ကျန်းမာရေး စစ်ဆေးမှုတွေကို လျစ်လျူရှုခြင်း
Photo : Docs Medical Group
လိင်မှုဆိုင်ရာ တက်ကြွလှုပ်ရှားမှု ရှိသူတစ်ယောက်အနေနဲ့ STIs အတွက် ပုံမှန်စစ်ဆေးမှုတွေကို ပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ ကျန်းမာရေး စစ်ဆေးမှုတွေကို လျစ်လျူရှုထားတာဟာ ကိုယ်တိုင် ရောဂါပိုး ကူးစက်ခံရမှု ရှိမရှိကို မသိနိုင်သလို တခြားသူတွေကိုလည်း ရောဂါပိုး ဆင့်ကဲပြန့်ပွားစေမယ့် သယ်ဆောင်သူတစ်ယောက် ဖြစ်စေနိုင်ပါတယ်။
(၄) တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း
Photo : Bodywise
တစ်ကိုယ်ရေသန့်ရှင်းမှုကို ကောင်းစွာ မထိန်းသိမ်းဘူးဆိုရင် ပါးစပ်နဲ့ ချစ်တင်းနှော ရာမှာ ဘက်တီးရီးယားပိုးတွေ ကူးစက်ပြန့်ပွားနိုင်ခြေ များပါတယ်။ အထူးသဖြင့် လိင်အင်္ဂါ သန့်ရှင်းမှုဟာ ကိုယ်တိုင်အတွက် အရေးကြီးသလို ဆက်ဆံဖော် ပါတနာရဲ့ ကျန်းမာရေးနဲ့ ရောဂါကူးစက်ခံရနိုင်မှု အခြေအနေတွေအပေါ် များစွာသက်ရောက်မှု ရှိနေတာ ဖြစ်ပါတယ်။
အထက်ပါ အချက်တွေကို ရှောင်ရှားမယ်ဆိုရင်တော့ ပါးစပ်နဲ့ ချစ်တင်းနှောချိန်မှာ ဘေးကင်းမှု ရှိနေစေမှာ ဖြစ်ပါတယ်။
Source : Healthshots
Featured Photo : Healthshots