ကွီးတို့ရဲ့ ချစ်သူကောင်မလေး ကွီးတို့အပေါ် လိမ်နေလား ကွီးတို့နောက်ကွယ်မှာ မဟုတ်တာ တစ်ခုခု လုပ်နေလားဆိုတာကို ဗေဒင်တွေ ၊ တားရော့တွေ သွားမေးနေဖို့ မလိုပါဘူး။ လူတစ်ယောက်ရဲ့ အမူအရာ ၊ အရိပ်အကဲတွေကို ကြည့်ပြီး ခြေလှမ်းပျက်/မပျက်ဆိုတာကို ခန့်မှန်းသိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့အပေါ် ကွီးတို့ရဲ့ ချစ်သူလေး လိမ်ညာနေတာလား ? ကွီးတို့ မသိအောင် အရှုပ်တွေ လုပ်နေလားဆိုတာ ခန့်မှန်းနိုင်မယ့် အချက်ပြ လက္ခဏာတွေကို ပြောပြပေးပါမယ်။

(၁) မျက်လုံးချင်း မဆုံမိအောင် ရှောင်လွဲနေတယ် ဆိုရင်

couple fight
Photo : Best Life

လူတစ်ယောက် မဟုတ်တာ လုပ်ထားတယ် ဒါမှမဟုတ် တစ်ခုခုကို လိမ်ညာဖုံးကွယ် ထားတယ်ဆိုရင် မျက်လုံးမှာ အဖြေတွေ အများကြီး ပေါ်နေပါတယ်။ ကွီးတို့နဲ့ စကားပြောတဲ့အခါ အကြည့်ချင်းဆုံပြီး မပြောဘူး ၊ မျက်လုံးချင်းဆုံဖို့ကို တနည်းနည်းနဲ့ ရှောင်ရှားနေတယ်ဆိုရင် ကွီးတို့အပေါ်မှာ မဟုတ်တာတစ်ခုခု လုပ်ထားတာ ဖြစ်နိုင်ပါတယ်။

(၂) ပုံမှန်ထက် စိတ်တိုလွယ်နေတယ် ဆိုရင်

couple fight

Photo : One Heart Counseling Center

သာမန်မေးခွန်းလေးတွေ မေးရင်တောင်မှ စိတ်မရှည်ဘူး ၊ စိတ်တိုဒေါသထွက် လွယ်နေတယ် ၊ ဘာစကားပဲပြောပြော ရန်စကားဘက်ကို ဦးတည်နေတဲ့ တုန့်ပြန်မှုတွေ လုပ်နေတယ်ဆိုရင် ဒါဟာ ခြေလှမ်းပျက်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ အချက်ပြ လက္ခဏာတစ်ခုပါပဲ။ တစ်စုံတစ်ခုကို လိမ်ညာထားတဲ့ လူတစ်ယောက်က မေးခွန်းတွေ မေးခံရတာ ၊ စစ်ဆေးသလို ပြုမူမေးမြန်းတာတွေကို လုံးဝ မကြိုက်ကြလို့ပါ။

(၃) စကားပြောတဲ့အခါ အထစ်ထစ် အငေါ့ငေါ့တွေ ဖြစ်နေတယ်ဆိုရင်

couple fight
Photo : BetterUp

လိမ်ညာနေတဲ့ သူတစ်ယောက်က စကားပြောတဲ့အခါ ပုံမှန်လို ချောမွေ့နေလေ့ မရှိပါဘူး။ စကားလုံးတိုင်းကို စဉ်းစားပြီး ပြောဆိုနေရတဲ့အတွက် စကားတွေ အထစ်ထစ် အငေါ့ငေါ့ ဖြစ်တာ ၊ ကပြောင်းကပြန် ပြောဆိုမိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်နေပြီ ဆိုရင်တော့ ကွီးတို့ အပေါ် တစ်ခုခု လိမ်ညာနေတာ ၊ ဖုံးကွယ်ထားလို့ ဆိုတာ သေချာနေပါပြီ။

(၄) စကားစ ဖြတ်လိုက်တယ်ဆိုရင်

couple fight

Photo : People.com

အကြောင်းအရာ တစ်စုံတစ်ခုကို သေချာဆွေးနွေးဖို့ ရှောင်ဖယ်နေတယ် ၊ စကားစဖြတ်ပြီး တခြားတစ်ခုခု လုပ်ဖို့ရှိကြောင်း အကြောင်းပြနေတယ် ဆိုတာဟာလည်း သံသယဝင်စရာကောင်းတဲ့ အခြေအနေ တစ်ခုပါပဲ။ ဒါဟာ လက်ရှိ ဆွေးနွေးပြောဆိုနေတဲ့ အကြောင်းအရာ ၊ အခြေအနေကနေ လွတ်မြောက်ဖို့ ဆင်ခြင်ပေးနေခြင်းတစ်မျိုး ဖြစ်နိုင်ပါတယ်။

Source : Times Of India

Featured Photo : All Relationship Matters