သာယာကျေနပ်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်ပြီး စိတ်သွားတိုင်း ကိုယ်ပါနိုင်ဖို့က အမျိုးသားတိုင်းရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတွေထဲက တစ်ခုဖြစ်မယ် ထင်ပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သတ်လာရင် ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အသင့်အနေအထားနဲ့ စိတ်ရှိသလောက် ကိုယ်နောက်က လိုက်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နေထိုင်မှုပုံစံအချို့ကိုတော့ ကွီးတို့လိုက်နာဖို့ လိုပါလိမ့်မယ်။ ဒီတစ်ခေါက်တော့ အသက်ကြီးလာသည်တိုင် စွမ်းဆောင်ရည် ကျမသွားပဲ ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုနိုင်ဖို့ သိထားသင့်တဲ့ အချက်တွေကို မျှဝေပေးပါမယ်။

(၁) ကျန်းမာတဲ့ ဘော်ဒီဝိတ်ကို ထိန်းပါ

 Male Doing Exercises

Photo : Men’s Health

ကျန်းမာပြီး Fit ဖြစ်တဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားတာဟာ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက လိင်မှုဘဝအတွက်လည်း အကျိုးများပါတယ်။ အကယ်၍ ကွီးတို့ ခန္ဓာကိုယ်ကို မထိန်းဘူး ၊ အဝလွန်ခံမယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ နှလုံး ၊ သွေးတိုး ၊ ဆီးချို တို့လို ရောဂါတွေပါ ဆက်စပ်ဖြစ်ပွားနိုင်ပြီး ဒါတွေက လိင်မှုဘဝနဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်အပေါ် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပါတယ်။ ကျန်းမာရေးမကောင်းရင် စိတ်ရှိသလောက် ကိုယ်နောက်က လိုက်နိုင်ဖို့ မလွယ်ပါဘူး။

(၂) စိတ်ဖိစီးမှု နည်းအောင်နေပါ

Meditation

Photo : MindJournal

စိတ်ဖိစီးမှုတွေဟာ ခန္ဓာကိုယ် ကျန်းမာရေးကို နည်းမျိုးစုံနဲ့ ထိခိုက်စေနိုင်တဲ့အပြင် အမျိုးသားတွေရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကိုပါ ကျဆင်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့ အခါ လိင်စိတ်တက်ကြွမှု ကျဆင်းစေသလို အိပ်ရေးမပျော်တာ ၊ ဆေးလိပ်နဲ့ အရက် အလွန်အကျွံသောက်သုံးတာ ကဲ့သို့ ကျန်းမာရေးမညီညွှတ်တဲ့ အလေ့အထတွေကို လုပ်နိုင်ခြေ ပိုများပါတယ်။ ဒါတွေက လိင်မှုဘဝအပေါ် ထိခိုက်စေနိုင်တဲ့ အချက်တွေပဲမဟုတ်လား ?

(၃) ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ပါ

Athlete

Photo : Action Physical Therapy & Sports Medicine

စိတ်ရောကိုယ်ပါ ကျန်းမာဖို့ ကိုယ်လက်လှုပ်ရှားမှုဟာ မဖြစ်မနေ လုပ်ဆောင်ရမှာပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်မယ်ဆိုရင် ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်စေပြီး လိင်မှုစွမ်းဆောင်ရည်အပေါ် ကောင်းကျိုး သက်ရောက်မှုရှိတဲ့ သက်လုံစွမ်းအားနဲ့ လိင်စိတ်နိုးကြား တက်ကြွမှုကို တိုးစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်ကောင်းကောင်း ရစေတဲ့အတွက် လိင်တံ သန်မာမှု ၊ အချိန်ကြာကြာ စွမ်းဆောင်ရည်ကောင်းပြနိုင်မှု စတဲ့ ကောင်းကျိုးတွေလည်း ရရှိစေပါလိမ့်မယ်။

(၄) Kegel လေ့ကျင့်ခန်းတွေ လုပ်ပါ

kegel exercises

Photo : Healthy Male

စိတ်ရှိသလောက် ကိုယ်နောက်က လိုက်နိုင်ဖို့ တင်ပါးဆုံး ကြွက်သားတွေကို အားကောင်းလာစေမယ့် Kegel လေ့ကျင့်ခန်းတွေလည်း လုပ်သင့်ပါတယ်။ Kegel လေ့ကျင့်ခန်းတွေဟာ လိင်တံဆီ သွေးစီးဆင်းမှုကို တိုးစေပြီး လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို ကောင်းစေဖို့ ကူညီပေးသလို လိင်တံ ကမောက်ကမဖြစ်မှု ပြဿနာကိုလည်း လျှော့ချကာကွယ် ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာကို အနည်းဆုံး ၁၅ မိနစ်လောက် အချိန်ပေးပြီး Kegel လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။

Source : Men’s Health

Featured Photo : 360 News – 360 CPA Network