ဘောလုံးလောကရဲ့ ထိပ်ထိပ်ကြဲ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်တဲ့ GOAT ကြီး လီယွန်နယ် မက်ဆီ ကိုတော့ မသိတဲ့သူ မရှိသလောက်ပါပဲ။ မက်ဆီဟာ GOAT ကြီး ဆိုတဲ့ ဘွဲ့နာမနဲ့ ထိုက်တန်တဲ့ ကစားသမားကောင်းတစ်ဦးဖြစ်သလို သူ့မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေလည်း အများကြီး ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ GOAT ကြီး မက်ဆီအကြောင်း ကွီးတို့ မသိသေးတဲ့ စိတ်ဝင်စားဖွယ်ရာ အချက်တွေကို ပြောပြပေးပါမယ်။

 Lionel Messi
Photo : Sportsdunia

ပီအက်စ်ဂျီအသင်းမှာ နှစ်ရာသီကြာ ကစားပြီးနောက် GOAT ကြီး မက်ဆီ ဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ပေါင် ၄၆.၇ သန်းနဲ့ ပြောင်းရွေ့လာခဲ့ပါတယ်။ ဒါဟာ မေဂျာလိဂ် သမိုင်းတစ်လျှောက် တန်ကြေးအများဆုံး ကစားသမားခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မက်ဆီဟာ ကစားသမားဘဝတစ်လျှောက် ဆုဖလားပေါင်း ၄၀ ကျော်ရရှိထားပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို ကိုင်မြှောက်ခွင့် ရထားသူပါ။ အဆိုပါ ဆုဖလားတွေထဲက ၃၅ ခုဟာ ဘာစီလိုနာအသင်းမှာ ၁၇ နှစ်ကြာ ကစားခဲ့စဉ်အတွင်းမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေ သိပ်မသေးတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ မက်ဆီဟာ အာဆင်နယ်အသင်းကို ပြောင်းရွေ့လုနီးပါး နီးစပ်ခဲ့တာပါပဲ။ ဘာစီလိုနာ ကစားသမားဘဝတုန်းက ၂၀၁၄ ရာသီမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် ဂန်းနားတွေအတွက် ကံမကောင်းစွာပဲ မက်ဆီဟာ စပိန်မှာ ဆက်နေဖို့ကို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ကစားသမားဘဝ အစကတည်းက စံချိန်ချိုးခဲ့တဲ့ ထူးချွန်ကစားသမား တစ်ယောက်ပါ။ ဘာစီလိုနာအသင်းနဲ့ ပထမဆုံးရာသီမှာပဲ ပွဲပေါင်း ၃၀ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၃၆ ဂိုးအထိ သွင်းယူကာ အသင်းအတွက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ မက်ဆီ ဟာ ဘာစီလိုနာအသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာ ကစားသမားဘဝ ၁၇ နှစ်တာ ကာလအတွင်း သွင်းဂိုးပေါင်း ၆၇၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

 Lionel Messi

Photo : ClutchPoints

မက်ဆီဟာ၂၀၁၀ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် အဖြစ် ကစားခွင့်ရပါတယ်။ မှတ်မှတ်ရရ သူ့ရဲ့ ၂၃ နှစ်မြောက်မွေးနေ့မတိုင်ခင် နှစ်ရက်အလို ဂရိအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဂိုးသွင်းအကောင်းဆုံး ကစားသမား မက်ဆီဟာ စက်ရုပ်ဂိုးသမားနဲ့ ယှဉ်ပြိုင်ချိန်မှာ ရှုံးနိမ့်ခဲ့တယ်လို့ပြောရင် ကွီးတို့ ယုံနိုင်မလား။ ဟုတ်ပါတယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ ၂၀၁၃ ခုနှစ်တုန်းက ဂျပန်တီဗီရှိုး အစီအစဉ်တစ်ခုမှာ စက်ရုပ်ဂိုးသမားနဲ့ ယှဉ်ပြိုင်ပြီး ပင်နယ်တီသုံးကြိမ်ကန်သွင်းခဲ့ရာ တစ်ကြိမ်သာ ဂိုးဝင်ပြီး နှစ်ကြိမ်ကတော့ လွဲချော်ခဲ့ပါတယ်။

နောက်ဆုံး တစ်ချက်ကတော့ GOAT ကြီး လီယွန်နယ် မက်ဆီဟာ ငါးမန်းတွေနဲ့ ဘောလုံး ကစားဖူးပါသတဲ့။ ဒါက အမှန်ဟုတ်မဟုတ်ဆိုတာကို ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။

ဒါနဲ့ ပတ်သတ်ပြီး ကွီးတို့ရော ဘယ်လိုထင်လဲဆိုတာ ကွန်းမန့်မှာ ရေးခဲ့ပါဦး။

Source : Beano

Featured Photo : Goal.com