ချစ်တင်းနှော ချိန်မှာ ယောကျာ်းတစ်ယောက် ပုံမှန် ပြီးမြောက်ချိန်ဟာ ၁၀ မိနစ်ကနေ မိနစ် ၃၀ အတွင်းမှာ ရှိပါတယ်။ အကယ်၍ ၁ မိနစ်ကနေ ၃ မိနစ်အတွင်း ပြီးမြောက်သွားတဲ့ အခြေအနေကိုတော့ သုတ်လွှတ်မြန်တဲ့ ပြဿနာ ရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ သုတ်လွှတ်မြန်တာဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေရှိနေတာကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးဆိုင်ရာ နောက်ခံ အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပုံမှန် သုတ်လွှတ်မြန်တဲ့ ပြဿနာကိုတော့ ကွီးတို့ အခုပြောပြတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။
(၁) ထူတဲ့ ကွန်ဒုံး ပြောင်းသုံးပါ
Photo : Better2Know
ပါးလွှာတဲ့ ကွန်ဒုံးတွေထက် ထူတဲ့ ကွန်ဒုံးတွေကို အသုံးပြုတာဟာ မြန်မြန်ဆန်ဆန် ကိစ္စပြီးတဲ့ ပြဿနာ ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ထူတဲ့ ကွန်ဒုံးတွေဟာ လိင်တံရဲ့ အာရုံခံနိုင်စွမ်းကို လျော့ကျစေတဲ့အတွက် သုတ်လွှတ်ချိန်ကို ကြန့်ကြာစေတာ ဖြစ်ပါတယ်။
(၂) တစ်ကိုယ်ရည် အာသာဖြေပါ
Photo : Healthline
အတူမနေခင်မှာ ကွီးတို့ ကြိုတင်ပြီး တစ်ကိုယ်ရည် အာသာဖြေထားမယ်ဆိုရင် သုတ်လွှတ်ချိန်ကို အနည်းငယ် ဆွဲဆန့်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ ပထမဆုံးအကြိမ် သုတ်လွှတ်ချိန်ဟာ ပုံမှန်ထက် ပိုမြန်တက်တာကြောင့် ကြိုတင်ပြီး တစ်ကိုယ်ရည် အာသာဖြေထားခြင်းဖြင့် ချစ်တင်းနှော ချိန်မှာ သုတ်လွှတ်မြန်တဲ့ ပြဿနာ ကို အထောက်အလျောက် သက်သာစေနိုင်ပါတယ်။
(၃) Delay Sprays သုံးပါ
Photo : MedicalNewsToday
Delay Sprays တွေဟာ လိင်တံရဲ့ အာရုံခံနိုင်စွမ်းကို ယာယီလျှော့ချပေးပြီး သုတ်လွှတ်ချင်စိတ်ကို ဟန့်တားပေးနိုင်ပါတယ်။ ချစ်တင်းမနှောခင်မှာ Delay Sprays တွေကို ကြိုတင် အသုံးပြုထားခြင်းဖြင့် သုတ်လွှတ်မြန်တဲ့ ပြဿနာ ကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
(၄) အာရုံပြောင်းပါ
Photo : Samitivej Hospital
အတူနေချိန်မှာ သုတ်လွှတ်ချင်စိတ် ဖြစ်ပေါ်လာပြီဆိုရင် အာရုံပြောင်းတဲ့ နည်းစနစ်ကို အသုံးပြုနိုင်ပါတယ်။ ချစ်တင်းနှောချိန်မှာ လက်ရှိ အခြေအနေအပေါ် အာရုံလွဲတဲ့အနေနဲ့ တခြား အကြောင်းအရာတွေကို အာရုံပြောင်းပြီး တွေးကြည့်ပါ။ သုတ်လွှတ်ချင်စိတ် ဖြစ်ပေါ်မှုကို လျော့ပါးစေမှာ ဖြစ်ပါတယ်။
ဒါတွေကတော့ သုတ်လွှတ်မြန်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
ကွီးတို့ရော အတူနေချိန် သုတ်လွှတ်မြန်တဲ့ ပြဿနာကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလေ့ ရှိပါသလဲ ???
Source : Mayo Clinic
Featured Photo : UPGUYS