အမျိုးသား အများစုကတော့ အိပ်ရာထက်မှာ အချိန်ကြာကြာ စွမ်းဆောင်နိုင်တာ ၊ ဖွားဖက်တော် အရွယ်အစား ကိတ်တာ ဒါတွေက လိင်မှုကိစ္စမှာ ကိုယ့်ရဲ့ ပါတနာအတွက် စိတ်ကျေနပ်မှု ပေးနိုင်မယ့် အရာတွေလို့ သတ်မှတ်ထား ကြပါတယ်။ တကယ်တော့ ဒါဟာ အပြည့်အဝ မမှန်ပါဘူး။ သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ အမျိုးသမီးတွေ အမှန်တကယ် လိုချင်တောင့်တဲ့ အရာတွေက သပ်သပ်ရှိနေပါသေးတယ်။ ကွီးတို့ရဲ့ ချစ်သူ ၊ လက်တွဲဖော်ပါတနာနဲ့အတူ ချစ်တင်းနှော ချိန်တိုင်းမှာ သာယာပျော်ရွှင်ဖွယ် ခံစားချက်ကို အပြည့်အဝ ရနိုင်ဖို့ အခုပြောပြမယ့် အကြံပြုချက်တွေကို သိထားဖို့ လိုပါမယ်။
(၁) ဖြည်းဖြည်းချင်း သွားတာ အကောင်းဆုံးပါပဲ
Photo : Love Matters Africa
ချစ်တင်းနှော ပြီဆို သေချာတာကတော့ အချိန်အလုံအလောက် ယူဖို့လိုပါတယ်။ သိပ်မြန်မြန်ဆန်ဆန် လှုပ်ရှားတာက တစ်ခါတစ်လေမှာ အလုပ်ဖြစ်ပေမယ့် အမြဲတမ်းအတွက်တော့ မကောင်းပါဘူး။ နှစ်ဦးသား ချစ်ပွဲဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အချိန်တစ်ခုကို လေဒီ တို့အမှန်တကယ် လိုချင်တာပါ။ ဒါကြောင့် Foreplay အတွက် အချိန်ပေးဖို့ မဖြစ်မနေ လိုပါတယ်။
(၂) တစ်ကိုယ်ရည် သန့်ရှင်းမှုကို အလေးထားပါ
Photo : Verywell Mind
အိပ်ရာထက်မှာ အမျိုးသားတစ်ယောက်ရဲ့ ဆွဲဆောင်မှုဟာ သန့်ရှင်းသပ်ရပ်မှု ရှိနေဖို့ပါပဲ။ ချစ်တင်းနှော တဲ့အခါ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းနေမယ်ဆိုရင် တဖက်ပါတနာရဲ့ စိတ်ဆန္ဒတက်ကြွမှုကို လျော့ကျစေမှာ အမှန်ပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်ရည်သန့်ရှင်းမှု အပြည့်ရှိအောင် ပြင်ဆင်ပြီးမှ ချစ်ပွဲဝင်ပါ။
(၃) အာရုံခံစားမှု တံခါးတွေ ဖွင့်ပေးပါ
Photo : Freepik
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ Erogenous Zones လို့ခေါ်တဲ့ ခံစားမှု အထိအရှလွယ်တဲ့ လျို့ဝှက်နေရာတွေ အများကြီးရှိပါတယ်။ တနည်းအားဖြင့် ရင်ခုန်သံစည်းချက်နဲ့ ဦးနှောက်လှုံ့ဆော်မှုကို တပြိုင်နက်တည်း နိုးကြားတက်ကြွလာစေမယ့် အာရုံခံစားမှု တံခါးတွေပါ။ ဒါတွေကတော့ နှုတ်ခမ်း ၊ လည်တိုင် ၊ နားရွက်အနောက်ဘက် ၊ ရင်ညွှန့် ၊ ဝမ်းဗိုက် ၊ ပေါင်တံ စသည်ဖြင့် လိင်စိတ် ထကြွလာစေမယ့် ဘော်ဒီအစိတ်အပိုင်းတွေကို ရည်ညွှန်းပါတယ်။ ဒီနေရာတွေကို ကြင်နာယုယွစွာ ပွတ်သတ်နမ်းရှုံ့ခြင်းဖြင့် ချစ်စိတ်တွေ နိုးကြားတက်ကြွလာအောင် လိုက်လံနှိုးဆွလှုံ့ဆော်ပေးရမှာ ဖြစ်ပါတယ်။
(၄) မတူညီတဲ့ အပြောင်းအလဲ အသစ်အဆန်းတွေ လုပ်ပါ
Photo : Women’s Health
ချစ်တင်းနှော ချိန်မှာ အမြဲတမ်းကြီး တစ်သတ်မှတ်တည်း ပုံသေကားချပ်သွားတာက ရင်ခုန်စရာ အခြေအနေတွေကို လျော့နည်းစေတာ အမှန်ပါပဲ။ ဒါကြောင့် တစ်ခေါက်နဲ့တစ်ခေါက် မတူညီတဲ့ အသစ်အဆန်းတွေကို Try ကြည့်ဖို့လည်း အကြံပေးချင်ပါတယ်။ မတူညီတဲ့ နေရာထိုင်ခင်း ၊ အချိန် ၊ အကူပစ္စည်း စသည်ဖြင့် ကိုယ့်အတွက် ဆန်းသစ်တဲ့ အရာလေးတွေကို လုပ်ကြည့်ပါ။
Source : Health
Featured Photo : Create Vista