လိင်မှုကိစ္စဆိုတာ ပျော်စရာကောင်းပေမယ့် တစ်ခါတစ်ရံမှာတော့ မတော်တဆ ထိခိုက်ဒဏ်ရာနဲ့ အနာတရတွေ ကြုံရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှော တဲ့အခါ အဖြစ်များတဲ့ လိင်မှုဆိုင်ရာ ဒဏ်ရာ အနာတရတွေနဲ့ ၎င်းတို့ကို ဘယ်လိုမျိုး ကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) လိင်အင်္ဂါ သွေးထွက်ခြင်း

vaginal tears

Photo : SmartParents

ပထမဆုံးအကြိမ် ချစ်တင်းနှော ချိန်မှာ မိန်းမကိုယ် သွေးထွက်တက်သလို ချောဆီ အလုံအလောက်မရတာ သို့မဟုတ် ပြင်းပြင်းထန်ထန် ဆက်ဆံတာတွေဟာလည်း လိင်အင်္ဂါမှာ ဒဏ်ရာအနာတရ ဖြစ်စေနိုင်ပြီး သွေးထွက်စေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ချွန်ထက်တဲ့ အရာတွေ ဒါမှမဟုတ် လက်သည်းရှည်နဲ့ မိန်းမကိုယ်အတွင်း ထိုးသွင်းနှိုးဆွတဲ့ အခါမှာလည်း မိန်းမကိုယ် သွေးထွက်တဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။

(၂) ကြွက်သား နာကျင်ခြင်း

Muscle Pain

Photo : ProHealth Prolotherapy Clinic

ချစ်တင်းနှော နေစဉ်နဲ့ ချစ်တင်းနှောပြီးနောက်မှာ ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့ ပြဿနာဟာ Sex Positions ရွေးချယ်မှုကြောင့် အဓိကကျပါတယ်။ ပုံစံမမှန်တဲ့ လှုပ်ရှားမှု အနေအထားတွေဟာ ကြွက်သားတွေ နာကျင်ကိုက်ခဲစေနိုင်သလို အတူနေစဉ်မှာ ကြွက်သားတွေ တင်းမာတာ ၊ နာကျင်ကိုက်ခဲတာနဲ့ ကြွက်တက်တာတွေအထိ ဖြစ်နိုင်ပါတယ်။

(၃) ခါးနာခြင်း

Back Pain

Photo : Health

Missionary သို့မဟုတ် Doggy တို့လို Sex Positions တွေကို အချိန်အကြာကြီး လုပ်ဆောင်မယ်ဆိုရင် ခါးနာတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။ ဒီသိုင်းကွက်တွေက ခါးနဲ့ ကျောရိုးတလျှောက်ကို တောင့်တင်းစေပြီး နာကျင်ကိုက်ခဲစေတဲ့ အခြေအနေကို ဦးတည်နေတာပါ။ ဒါကြောင့် အချိန်အကြာကြီး ဆက်ဆံမယ်ဆိုရင် ခါးနာနိုင်ပါတယ်။

(၄) ဓာတ်မတည့်မှုဖြစ်ခြင်း

Back Pain

Photo : Health

အချို့သူတွေမှာ Latex ကွန်ဒုံးနဲ့ ဓါတ်မတည့်မှု ပြဿနာ ရှိတက်ပါတယ်။ Latex ကွန်ဒုံးတွေနဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာတွေ အနေနဲ့ လိင်အင်္ဂါ သို့မဟုတ် ခန္ဓာကိုယ် အရေပြားပေါ်မှာ နီမြန်းယားယံတာ ၊ အဖုအပိန့်တွေ ထွက်ပေါ်တာ ၊ ရောင်ရမ်းနာကျင်တာတွေ ကြုံရနိုင်ပါတယ်။ Latex ကွန်ဒုံးနဲ့ ဓါတ်မတည့်ပါက ဈေးကွက်ထဲမှာ Non-Latex ကွန်ဒုံး သို့မဟုတ် အခြားပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ကွန်ဒုံး အမျိုးအစားတွေကို ရွေးချယ်အသုံးပြု နိုင်ပါတယ်။

(၅) ဆီးလမ်းကြောင်းပိုးဝင်ခြင်း

UTIs
Photo : Cathay Drug

ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ ဆီးလမ်းကြောင်းတစ်လျှောက် ဘက်တီးရီးယား ပိုးဝင်ခြင်းကနေ ဖြစ်ပွားရတဲ့ ရောဂါအခြေအနေ တစ်ခုပါ။ အကာအကွယ်မဲ့ ချစ်တင်းနှောခြင်း အပါအဝင် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကနေတဆင့် ဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဆီး သွားရခက်ခြင်း ၊ ဆီးသွားချိန်မှာ နာကျင်ခြင်း ၊ ဆီးထဲမှာသွေးပါခြင်း စတဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။

Source : Healthshots

Featured Photo : Women’s Health