ချစ်တင်းနှော တဲ့အခါ ကွန်ဒုံး ပေါက်ပြဲလို့ လုံးဝ မဖြစ်ပါဘူး။ ကွန်ဒုံးတွေ ပေါက်ပြဲပြီ ဆိုတာနဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ဒါမှမဟုတ် ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန် ပြဿနာတွေနဲ့ ပတ်သတ်ပြီး စတင် ခေါင်းစားရပါလိမ့်မယ်။ ဒီလိုအခြေအနေတွေ မကြုံရစေဖို့ ကွန်ဒုံးတွေ ဘယ်လိုဘယ်ကြောင့် ပေါက်ပြဲနိုင်သလဲဆိုတာနဲ့ ပတ်သတ်ပြီး အရင်ဆုံး လေ့လာကြည့်ရအောင်ပါ။

(၁) သက်တမ်းကျော်လွန်နေလို့

Condom

Photo : Verywell Health

ကွန်ဒုံးတွေမှာ သက်တမ်းပါပါတယ်။ အကယ်၍ Expiry Date ကျော်လွန်နေတဲ့ ကွန်ဒုံးတွေကို အသုံးပြုမယ်ဆိုရင် လုံခြုံစိတ်ချရမှု နည်းပါးသလို အချိန်မရွေး ပေါက်ပြဲနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကွန်ဒုံး သုံးတဲ့အခါ အိတ်ခွံပေါ်က သက်တမ်းကုန်ဆုံးရက်ကို အမြဲစစ်ဆေးပါ။

(၂) အပူနဲ့ ထိတွေ့မှုများလို့

Condom

Photo : Condoms.uk

ကွန်ဒုံးတွေ ပေါက်ပြဲရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ အပူနဲ့ ထိတွေ့မှု များလို့ပါ။ ဥပမာအားဖြင့် ပိုက်ဆံအိတ်ထဲမှာ ထည့်သိမ်းထားတာ ဒါမှမဟုတ် နေရောင်တိုက်ရိုက် ထိတွေ့တဲ့ နေရာမှာ သိမ်းဆည်းထားတာ စတဲ့ အချက်တွေက ကွန်ဒုံးတွေကို ပေါက်ပြဲနိုင်ခြေ တိုးစေပါတယ်။

(၃) ချောဆီမလုံလောက်ပဲ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလို့

Condom

Photo : MensXP

ချစ်တင်းနှော ချိန်မှာ ချောဆီ အလုံအလောက် မရှိပဲ ကြမ်းကြမ်းတမ်းတမ်း / ပြင်းပြင်းထန်ထန် ချစ်တင်းနှောမယ်ဆိုရင် ကွန်ဒုံးတွေ မတော်တဆ ပေါက်ပြဲသွားနိုင်ပါတယ်။ ချောဆီက ပွတ်တိုက်မှုကို လျှော့ချပေးပြီး ချောမွေ့စေတဲ့အတွက် ခံစားမှုကောင်းစေသလို ကွန်ဒုံးပေါက်ပြဲ နိုင်ခြေကိုလည်း နည်းစေပါတယ်။ ဒါကြောင့် ချစ်တင်းနှောတဲ့အခါ ချောဆီ လုံလုံလောက်လောက် အသုံးပြုပေးပါ။

(၄) အရွယ်အစား မှားနေလို့

Condom

Photo : Business Insider

ကွန်ဒုံးဆိုဒ် ရွေးချယ်မှုက အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဖွားဖက်တော်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ အရွယ်အစား ကြီးလွန်း သို့မဟုတ် သေးလွန်းတဲ့ ကွန်ဒုံးတွေကို အသုံးပြုတာဟာ ချစ်တင်းနှော ချိန်မှာ ချော်ထွက်တာ ၊ ကျွတ်ထွက်တာ ကဲ့သို့ အဆင်မပြေမှုတွေ ကြုံရနိုင်သလို အလွယ်တကူ ပေါက်ပြဲတာ ၊ ကွဲထွက်တာတွေလည်း ဖြစ်နိုင်ခြေ များပါတယ်။

အထက်ပါ အချက်တွေကတော့ ကွန်ဒုံး ပေါက်ပြဲမှု ဖြစ်စေနိုင်တဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတွေပါပဲ။

Source : Healthshots

Featured Photo : Sexual Health St Helens