အိပ်ရာပေါ်မှာ အချိန်ကြာကြာ စွမ်းဆောင်နိုင်ဖို့ အမျိုးသားတိုင်း ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ ယောကျာ်းလေးတွေရဲ့ ဖွားဖက်တော်ကို ပိုကြာပိုလန်းစေပြီး လိင်မှုစွမ်းဆောင်ရည် မြင့်မားဖို့ဆိုရင် တစ်နေ့တာ စားသောက်နေထိုင်မှု အလေ့အထတွေနဲ့ပတ်သတ်ပြီး အများကြီး ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေဟာ ကျွန်တော်တို့ရဲ့ ဖွားဖက်တော်လေး ရွှင်လန်းစေဖို့ အဓိက သက်ရောက်မှု ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတိုင်း တောင့်တတဲ့ အတူနေချိန်မှာ ဖွားဖက်တော် ကြာကြာ လန်းစေဖို့ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်လေးတွေ မျှဝေပေးပါမယ်။
(၁) စိတ်ဖိစီးမှု နည်းအောင်နေပါ
Photo : A.Vogel
စိတ်ဖိစီးမှုဟာ ဒီဘက်ခေတ် ခေတ်သစ်လူနေမှုဘဝရဲ့ ပြဿနာ တစ်စိတ်တစ်ပိုင်းပါ။ လူတိုင်းလိုလို အလုပ် ၊ မိသားစုအရေး ၊ ငွေကြေး ပြဿနာတွေကြားမှာ ရုန်းကန်ရင်း စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများ ခံစားနေကြရပါတယ်။ စိတ်ပိုင်ဆိုင်းရာ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရကြောင်း ဝန်ခံရတာဟာ ရှက်စရာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေဟာ ပန်းသေပန်းညိုဖြစ်စေတဲ့ အဓိက တရားတွေထဲက တစ်ခုပါပဲ။ ဒါကြောင့် ဖွားဖက်တော် ချို့ယွင်းမှုပြဿနာကို ကုသဖို့အတွက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ချပြီး ကျန်းမာတဲ့ လူမှုဘဝကို စတင်ဖို့ အရေးကြီးပါတယ်။
(၂) ဆေးလိပ်ဖြတ်ပါ
Photo : Dr Ben Medical
ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေကို တင်းမာစေပြီး သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် လိင်အင်္ဂါချို့ယွင်းမှုပြဿနာ ခံစားရဖို့ ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် လိင်တံထောင်မတ်နိုင်စွမ်းလျော့ကျတာ ၊ လိင်မှုစွမ်းဆောင်ရည်လျော့ကျတာ စတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
(၃) ကျန်းမာအောင်စားပါ
Photo : Men’s Skin Centres
ကျန်းမာတဲ့ လိင်မှုဘဝကို ရရှိဖို့အတွက် သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံလည်း ရှိရပါမယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ပါတဲ့ အစားအသောက်တွေက ပန်းကလေး ဆီ သွေးစီးဆင်းမှုကို တိုးမြှင့်စေပြီး လိင်တံရဲ့ ကြီးထွားမှု အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။ Junk Food တွေ ၊ အဆီများ အငံများ အချိုများတဲ့ အစားအစာတွေ ၊ ဆီကြော်စာတွေ ၊ ပြုပြင်အေးခဲထားတဲ့ အသားတွေကိုတော့ ရှောင်ပါ။ ဒီလိုကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေက လိင်အင်္ဂါချို့ယွင်းမှုကို တိုက်ရိုက်မဖြစ်စေဘူး ဆိုရင်တောင် ဝမ်းဗိုက်မှာ အဆီစုလာစေပြီး အဝလွန်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့ကျတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
(၄) Kegels လေ့ကျင့်ခန်း အချို့လုပ်ပါ
Photo : Proactive Pelvic Health Centre
Kegels လေ့ကျင့်ခန်းတွေက အဓိကအားဖြင့် တင်ပါးဆုံအတွင်းမှာရှိတဲ့ ကြွက်သားတွေကို သန်မာစေပြီး ဆီးအိမ်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်စေနိုင်တဲ့အပြင် လိင်မှုဘဝကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရတော့ Kegels လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးတာဟာ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကို အချိန်ကြာကြာ ပိုလန်းစေပြီး ထောင်မတ်မှုပိုင်းမှာလည်း စိတ်ကျေနပ်မှု အပြည့်အဝ ရစေနိုင်တယ်လို့ ဆိုထားပါတယ်။
(၅) ညစ်ညမ်းရုပ်ရှင်တွေ ဖြတ်ပါ
Photo : Aish.com
ညစ်ညမ်းရုပ်ရှင် စွဲလန်းမှုဟာ တကယ့်လက်တွေ့ပြင်ပ လိင်မှုဘဝအပေါ်အများကြီး ဆိုးကျိုး သက်ရောက်စေပါတယ်။ နေ့တိုင်းလိုလို ညစ်ညမ်းရုပ်ရှင်တွေ ကြည့်မယ် ၊ အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေမယ်ဆိုရင် ပန်းကလေး ရဲ့ နိုးကြားနိုင်စွမ်းကို ထိခိုက်စေနိုင်ပြီး အချိန်ကြာကြာ စွမ်းဆောင်နိုင်ဖို့ ခဲယဉ်းသွားနိုင်ပါတယ်။
Source : Healthshots
Featured Photo : Superdrug Online Doctor