ခရီးသွားလို့ ရမယ့် အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ ခရီးသွား လာခြင်းကြောင့် ဒေသန္တရ ဗဟုသုတရစေသလို စိတ်လက်အပန်းပြေပြီး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေပါတယ်။ သဘာဝကြီးနဲ့ ထိတွေ့ရလို့ စိတ်သစ်ကိုယ်သစ်နဲ့ ဘဝအမောတွေကနေလည်း သက်သာရာ ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ခရီးသွားတော့မယ်ဆိုရင် အရေးပေါ် သယ်သွားသင့်တဲ့ ပစ္စည်း လေးတွေတော့ မပါလို့ မဖြစ်ပါဘူး။
(၁) အားသွင်းသုံးနိုင်တဲ့ဓါတ်မီး
Photo : The New York Times
လျှပ်စစ်မီးမရတဲ့ နေရာလည်း ခရီးသွားနိုင်တာပါပဲ။ ဒီလို အခြေအနေမျိုးတွေမှာဆို ဓါတ်မီးတစ်လက်ကတော့ မပါမဖြစ်ပါဘဲ။ ဓါတ်မီးကိုလည်း Solar Panel နဲ့ အားသွင်းပေါက် Charging Port ပါတဲ့ ဓါတ်မီးမျိုး ဝယ်ထားသင့်ပါတယ်။
(၂) Multipurpose Tool
Photo : Startup Selfie
ခရီးသွား ရာမှာ ဘက်စုံသုံး အိတ်ဆောင်ဓါး ၊ ပုလင်းဖောက်တံ ၊ သော့ ၊ ကတ်ကြေး ၊ ဝက်အူလှည့်ကိရိယာ နဲ့ ပလယ်ယာ အစုံပါတဲ့ Multipurpose Tools လေးတွေကို ဆောင်သွားသင့်ပါတယ်။ အရေးတကြီး လိုတဲ့အခါ ဒီပစ္စည်းလေးတွေ အစုံပါတဲ့ Took Kits က အသုံးတည့်ပြီး သင့်အသက်ကိုပါ ကယ်တင်နိုင်မှာပါ။
(၃) Power Bank
Photo : The New York Times
သွားလေရာမှာ သင့်ဖုန်း ဘက်ထရီအားမပြတ်အောင် Portable Power Bank လေး ဆောင်ထားသင့်ပါတယ်။ ဖုန်းဘက်ထရီဆိုတာ စိတ်မချရပါဘူး။ နောက်ပြီး ကိုယ်သွားမယ့်နေရာမှာလည်း လျှပ်စစ်မီးရမယ် မရဘူးဆိုတာ မသေချာပါဘူး။
(၄) Wireless Headphones
Photo : Which.co.uk
ခရီးသွား ချိန်မှာ သီချင်းတွေနဲ့ အဖော်ပြုနိုင်ဖို့ Wireless Headphones ကောင်းကောင်း တစ်လုံးလည်း လိုမှာပါ။ ခရီးလမ်းတစ်လျှောက်မှာရော ၊ အနားယူ အပန်းဖြေချိန်တွေအတွက်ပါ အထူးအသုံးဝင်တာကြောင့် ကွာလတီ အမိုက်စား Headphones တစ်လုံး သယ်ဆောင်သွားဖို့ အကြံပြုချင်ပါတယ်။
Featured Photo : Amazon.in