အချို့ ရုပ်ရှင်ဇာတ်ကားတွေဟာ ဖျော်ဖြေရေး သပ်သပ်မဟုတ်ပါဘူး။ ဘဝနဲ့ပတ်သက်တဲ့ လေးနက်တဲ့ အတွေးအခေါ်တွေ အမြော်အမြင်တွေကို တိုးတက်စေပြီး ဘဝမှာ ဘယ်အရာတွေက အရေးကြီးဆုံးလဲဆိုတဲ့ မတူညီတဲ့ ရှု့ထောင်အမြင်တွေ ၊ ဆန်းသစ်တဲ့ အတွေးအခေါ်တွေကို ရရှိလာအောင် ကူညီပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကြည့်ရှုသူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ဘဝသင်ခန်းစာတွေ ပေးနိုင်မယ့် ရုပ်ရှင် ဇာတ်ကားကောင်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) The Pursuit of Happiness (2006)

 

 

Source : Rotten Tomatoes Classic

ရုန်းကန်နေရတဲ့ အရောင်းသမားတစ်ဦးဟာ ဇနီးဖြစ်သူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရပြီးနောက် လူမှန်းသိတတ်ခါစ သားတစ်ယောက်နဲ့ ဒုက္ခသုက္ခမျိုးစုံနဲ့ ဘဝကို ရုန်းကန်တိုက်ခိုက်ပြီး နောက်ဆုံးမှာတော့ လိုချင်တဲ့ အမြဲတမ်းဝန်ထမ်းအလုပ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘဝမှာ ရုန်းကန်ရတဲ့အချိန်တွေရှိပေမယ့် အမှောင်ပြီးရင် ရောင်နီရောက်လာမယ်ဆိုတာ မမေ့ဖို့ သတိပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားလေး ဖြစ်ပါတယ်။

(၂) Eat Pray Love (2010)

 

 

Source : Sony Pictures Entertainment

လက်ထပ်ပြီးသား အမျိုးသမီးတစ်ဦးဟာ အိမ်၊ ခင်ပွန်းနဲ့ အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ဘဝမှာ လိုချင်တာမှန်သမျှ ရခဲ့ပြီလို့ ထင်ခဲ့ပေမယ့် သူမရဲ့ အိမ်ထောင်ရေးဟာ ဘယ်လောက်တောင် ပျော်ရွှင်စရာမကောင်းဘူးလဲဆိုတာကို သိရှိသွားခဲ့ပြီးနောက် မတူညီတဲ့ ဦးတည်ချက်အသစ်နဲ့ ဘဝကို ဆက်သွားဖို့ လိုအပ်နေပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။ နာကျင်ရတဲ့ ကွာရှင်းပြတ်ဆဲမှုအပြီးမှာ အဲဒီအမျိုးသမီးဟာ အီတလီ၊ အိန္ဒိယ၊ ဘာလီတို့ကို ခရီးထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ရှာဖွေဖို့ ကြိုးပမ်းတဲ့ ရုပ်ရှင် ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ပေးချင်တဲ့ သင်ခန်းစာဟာ ဘဝမှာ အလိုက်သင့် စီးမျောမနေဘဲ Comfort Zone ထဲကနေ ရုန်းထွက်ရဲတဲ့ သတ္တိမွေးဖို့ ဖြစ်ပါတယ်။

(၃) Crazy, Stupid, Love. (2011)

 

 

Source : Movieclips

သက်လတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်တဲ့ ခင်ပွန်းတစ်ဦးရဲ့ဘဝဟာ ဇနီးသည်က ကွာရှင်းပြတ်စဲပေးဖို့ တောင်းဆိုတဲ့အချိန်မှာ ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး ၎င်းရဲ့ လူပျိုလူလွတ်ဘဝကို သူငယ်ချင်းသစ် ဂျေကော့ဘ်ရဲ့ အကူအညီနဲ့ ဘားတွေက မိန်းမချောလေးတွေကို ပိုးပန်းနည်းကို သင်ကြားရင်း ပြန်လည်ရှာဖွေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အတွေ့အကြုံသစ်တွေကို သင်ယူဖို့ ဘယ်တော့မှ နောက်မကျဘူးလို့ ပညာပေးထားတဲ့ဇာတ်ကားဖြစ်ပြီး FA တွေအတွက်လည်း စိတ်ဓာတ်ခွန်အားဖြစ်စေမှာပါ။

(၄) Like Stars on Earth (2007)

Source : inspiration for education

အသက် ၈ နှစ်အရွယ် ကျောင်းသားလေးဟာ ပျင်းရိပြီး ပြဿနာကို မီးခွက်ထွန်းရှာတတ်တဲ့ ကလေးတစ်ယောက်လို့ ထင်မြင်ခံခဲ့ရပေမယ့်လည်း ကျောင်းမှာ စာလုပ်ဖို့ ရုန်းကန်နေရတဲ့ နောက်ကွယ်က ပြဿနာဇစ်မြစ်ကို ရှာဖွေဖို့ စိတ်ရှည်ရှည်နဲ့ ဇွဲကောင်းတဲ့ ဆရာသစ်တစ်ယောက်ကြောင့် ပြောင်းလဲသွားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

(၅) Bruce Almighty (2003)

 

 

Source : thepetrosian

အခက်အခဲတစ်ခုခု ကြုံလာတိုင်း ဘုရားသခင်ကိုပဲ စောဒကတက်တတ်တဲ့ လူတစ်ယောက်ကို ဘုရားသခင်က ကမ္ဘာကြီးကို ပုံမှန်လည်ပတ်နေအောင် လုပ်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာကို သိအောင် စွမ်းအားတွေပေးပြီး သင်ခန်းစာ ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

Featured Photo : Paramount Plus