အားလပ်ချိန်တွေကို မိုလ်ဘိုင်းဂိမ်းတွေနဲ့ အပန်းဖြေရတာ ကြိုက်တဲ့ ကွီးတွေ ရှိလား ? အေးအေးဆေးဆေး ဂိမ်းလေးဆော့ရင်း အနားယူချင်တယ် ဆိုရင်တော့ စိတ်အပန်းပြေ စေမယ့် ဂိမ်းအမိုက်စားလေးတွေကို ညွှန်းပေးချင်ပါတယ်။ ဘယ်ဂိမ်းတွေဖြစ်မလဲ ဆက်ကြည့်ရအောင်ပါ။

(၁) I Love Hue Too

Source : zutgames

ဒီဂိမ်းလေးကတော့ ရောင်စုံ အစိတ်အပိုင်းလေးတွေကို ဆက်ပေးရမယ့် စိတ်ဝင်စားစရာ Puzzle ဂိမ်း အမိုက်စားလေး ဖြစ်ပါတယ်။ သာယာငြိမ့်ငြောင်းတဲ့ နောက်ခံ တေးသံစဉ်လေးတွေနဲ့ စိတ်လက်ပေါ့ပါးစွာ ဆော့ကစားနိုင်မယ့် Relaxing ဂိမ်းလေး ဖြစ်ပါတယ်။

(၂) LUNA The Shadow Dust

Source : Application Systems Heidelberg

LUNA The Shadow Dust ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Point And Click စွန့်စားခန်း ဂိမ်းလေး ဖြစ်ပါတယ်။ မှော်ပညာကို အသုံးပြုပြီး ပဟေဠိတွေကို ဖြေရှင်းရင်း နောက်တဆင့်ကို တက်လှမ်းသွားရမှာပါ။ Soundtrack အမိုက်စားတွေပါသလို ဂရပ်ဖစ်ပိုင်းလည်း တော်တော်လေး မိုက်ပါတယ်။

(၃) Viridi

Source : Ice Water Games

ဒီဂိမ်းလေးကတော့ အပင်စိုက်ရတာ ဝါသနာပါပေမယ့် အချိန်မရှိတဲ့သူတွေ ဆော့ကြည့်သင့်ပါတယ်။ အပင်လေးတွေ ကိုယ်တိုင်စိုက်ပျိုး ရေလောင်းပေါင်းသင်ရင်း ကိုယ်ပိုင် အပင်ကမ္ဘာငယ်လေးတစ်ခုကို ရှင်သန်အောင် ဖန်တီးရမှာ ဖြစ်ပါတယ်။ တိရစ္ဆာန်ငယ်လေးတွေ ၊ ရှုခင်းငယ်လေးတွေကိုလည်း ဝယ်ယူနိုင်ပြီး စိတ်ချမ်းသာစရာ ကမ္ဘာငယ်လေးတစ်ခုကို ပျိုးထောင်နိုင်မှာပါ။ ဒီဂိမ်းလေးက တော်တော်လေး စိတ်အပန်းပြေ စေမယ့် ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။

(၄) Alto’s Adventure

Source : IGN

စိတ်အပန်းပြေ စေမယ့် Relaxing ဂိမ်းတွေအကြောင်း ပြောတဲ့အခါ Alto’s Adventure ကတော့ မပါမဖြစ် ထည့်ပြောရမှာပါ။ ဒီဂိမ်းလေးက ချစ်စရာကောင်းတဲ့ နှင်းလျောစီးဂိမ်းလေးတစ်ခု ဖြစ်ပြီး လှပတဲ့ တောတောင်ရှုခင်းတွေကြား ခုန်ပျံကျော်လွှား ဆော့ကစားရမှာ ဖြစ်ပါတယ်။ ဂိမ်းလေးက ရိုးရှင်းလွယ်ကူပြီး ပျော်စရာကောင်းတဲ့ စွန့်စားခန်း ဂိမ်းလေး ဖြစ်ပါတယ်။

Source : Pocket Gamer

Featured Photo : Kenyan Radar